Wednesday, March 15, 2017

အခန်းတွေကို ဘယ်လိုအရောင်တွေနဲ့ အလှဆင်မလဲ

လူတွေရဲ့ ဘဝနောက်ခံဇာတ် ကြောင်း၊ အသက်အရွယ်၊ လိင် အမျိုးအစားနဲ့ ဝန်းကျင်အခြေအနေ တို့ အပေါ်မူတည်ပြီး  လူတွေအပေါ် အရောင်တွေရဲ့ သက်ရောက်မှု နည်းလမ်းအဖုံဖုံ ရှိပါတယ်။ အရောင် အနု၊ အရင့် ပေါ်မူတည်ပြီး သက် ရောက်မှုတွေ ကွဲပြားနိုင်လို့  အခန်း အလှဆင်ခြယ်သတဲ့အခါ လိမ္မာပါး နပ်စွာ အရောင်ကို ရွေးတတ်ဖို့ အရေး ကြီးပါတယ်။

အရောင်ဖျော့ဖျော့တွေက အရှိန်အဝါကြီးစေပြီး လေဝင်လေထွက် ကောင်းစေသလို အခန်းကိုပိုကျယ် ပြီး ပိုမိုလင်းထိန်သလို ခံစားရစေပါတယ်။ အရောင်ရင့်ရင့်တွေကတော့ ခေတ်ဆန်ပြီး နွေးထွေးမှုခံစားစေပါတယ်။ အခန်းကျယ်ကို အရောင် ရင့်ရင့်တွေ ခြယ်မယ်ဆိုရင် ပိုမို အတွင်းကျကျ ပေါ်လွင်မှုကို ပေးနိုင် ပါတယ်။

အနီရောင်က အခန်းရဲ့စွမ်းအင် ကို မြှင့်တင်ပေးတယ်။ စိတ်ကိုတက်ကြွလှုပ်ရှားစေချင်ရင် ဒီလို အရောင်ကို ရွေးတာ ကောင်းပါတယ်။ ဧည့်ခန်း (သို့) ထမင်းစားခန်းကို အနီရောင်ခြယ်ရင် လူတွေကို စကား ဖောင်ဖွဲ့စေပြီး စိတ်တွေစုစည်း စေနိုင်ပါတယ်။ အခန်းအဝင်လမ်းဖက် မှာ ခြယ်မယ်ဆိုရင်တော့ ဝင်ဝင် ချင်းမှာ ခိုင်မာတဲ့ စိတ်ခံစားမှု ဖြစ်ပေါ် စေနိုင်ပါတယ်။ 

အဝါရောင် က နေရောင်ကို ဖော်ကျူးပြီး ပျော်ရွှင်မှုဆောင်ကြဉ်း ပေးပါတယ်။ မီးဖိုချောင်၊ ထမင်းစား ခန်းနဲ့ ရေချိုးခန်းတွေအတွက် အထူး သင့်တော်တဲ့ အရောင်ပေါ့။ ဟောခန်း မတွေ၊ အဝင်ဝတွေနဲ့ အခန်းကျဉ်း တွေကို ခြယ်ပေးရင် တန်ဖိုးမြင့်ပုံ ပေါ်စေသလို ပျူငှာမှုကို ခံစားစေ နိုင်ပါတယ်။ 

ကလေးငယ်တွေဆိုရင်လည်း အဝါရောင်အခန်းတွေထဲ ရောက်ရင် ပိုငိုတတ်တယ်လို့ ဆိုပါတယ်။ များ သောအားဖြင့် ဒီအရောင်က စိတ်ပျက် မှုနဲ့ စိတ်ဆိုးမှု ခံစားချက်တွေဆီ ဖန်တီးတွန်းပို့တတ်ပါတယ်။ သွေးဖိ အားကို နိမ့်ကျစေပြီး အသက်ရှုခြင်း နဲ့ နှလုံးခုန်နှုန်းကို နှေးကွေးစေတာ က အပြာရောင်ပါ။ ဒါကြောင့်ပဲ ဒီအရောင်ကို  စိတ်ငြိမ်သက်မှု၊ အပန်း ပြေခြင်းနဲ့ ကြည်လင်ငြိမ်းအေးမှု ပေးတဲ့အရောင်အဖြစ် ယူဆကြပြီး အိပ်ခန်းတွေနဲ့ ရေချိုးခန်းတွေအတွက် မကြာခဏ ရွေးချယ်ကြပါတယ်။ 

အစိမ်းရောင်ကတော့ မျက်စိ အတွက် အေးချမ်းမှု အရှိဆုံးအရောင် အဖြစ် ယူဆကြပါတယ်။ လတ်ဆတ် တဲ့ အပြာရောင် နဲ့ တက်ကြွမှုရှိတဲ့ အဝါရောင်တွေနဲ့ တွဲဖက်ပေးလိုက် ရင် အစိမ်းရောင်ဆိုတာ အိမ်ထဲက အခန်းတိုင်းနီးပါးအတွက် လိုက်ဖက် ပါတယ်။ မီးဖိုချောင်မှာ အစိမ်းရောင် က အေးမြမှုကို ခံစားစေပြီး မိသားစု နားနေခန်းမှာဆိုရင်တော့ အမော အပန်းပြေစေပြီး သက်သောင့် သက် သာနဲ့ ရင်းနှီးမှုကို ဖော်ဆောင်ပေး တဲ့ နွေးထွေးတဲ့ ခံစားချက်ပေးနိုင် ပါတယ်။

ခရမ်းရောင်က သူ့ရဲ့အရောင် ရင့်ရင့်နဲ့ ခေတ်ဆန်စေပြီး ကြွယ်ဝ မှုနဲ့ ပြဇာတ်ဆန်ဆန် ခံစားမှုကို ဖြစ်စေပါတယ်။ ဒီအရောင်က စည်းစိမ် ရှိခြင်း၊ တီထွင်ဖန်တီးမှုတို့နဲ့ ဆက်နွယ် ပါတယ်။ ခရမ်းပြာဖျော့ဖျော့နဲ့ ပန်း ခရမ်းဖျော့တို့လို ခရမ်းရောင်နုနု တွေက အပြာရောင်ရဲ့ အေးစိမ့်တဲ့ ခံစားချက်ကလွဲလို့ အိပ်ခန်းကို အပြာ ရောင်လိုပဲ အမောအပန်းပြေစေ နိုင်တဲ့ အရည်အသွေး ပိုင်ဆိုင်ပါတယ်။

စိတ်လှုပ်ရှားမှုနဲ့ စိတ်ပြင်းပြ မှုကို နိုးဆွပေးတာကတော့ လိမ္မော် ရောင်ပဲ ဖြစ်ပြီး ထကြွလှုပ်ရှားတဲ့ အရောင်အမျိုးအစား တစ်ခုဖြစ်ပါ တယ်။  ဧည့်ခန်း (သို့) အိပ်ခန်း အရောင်အတွက် သိပ်မလိုက်ဖက် ပေမယ့် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တဲ့အခန်းကို ခြယ်ဖို့အတွက် ကောင်း ပါတယ်။

ဒီလိမ္မော်ရောင်က သင်လုပ် လေ့လုပ်ထရှိတဲ့ ကြံခိုင်ရေးလေ့ကျင့် ခန်းအတွက် လိုအပ်တဲ့ပြင်းပြတဲ့ ခံစား မှုအားလုံးကို ဆောင်ကြဉ်းပေးပါလိမ့် မယ်။ လိမ္မော်က အဆုတ်ရောဂါ ကုသပေးပြီး စွမ်းအားမြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

မနုလွန်း မရင့်လွန်းတဲ့အရောင် (အနက်ရောင်၊ မီးခိုးရောင်၊ အဖြူ ရောင် နဲ့ အညိုရောင်) တွေက အခန်း အလှဆင်ခြယ်သသူတွေ အခြေခံ အသုံးပြုလေ့ရှိတဲ့ အရောင်တွေ ဖြစ်ပါတယ်။ ဖက်ရှင်ကျသည်ဖြစ် စေ မကျသည်ဖြစ်စေ လိုသလို အသုံး ပြုလို့ရတာက ဒီအရောင်တွေရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ အရာ ဝတ္ထုတွေ သက်ဝင်စေဖို့တို့ အပေါ် အရောင်တွေ ထပ်ဆင့်ခြယ်နိုင်သလို ငြိမ်းအေးစေဖို့ အရောင်တွေကို ဖျော့ချရာမှာလည်း အသုံးပြုနိုင်ပါတယ်။

 MY YANGON မှကူးယူဖော်ပြသည်။

www.ibestmagazine.com
#ဗဟုသုတ