Thursday, March 9, 2017

ရွှေလက်ကောက်နှင့်ရည်းစားထားခြင်းအနုပညာ





   ဒီ​နေ့ အ​ဒေါ်တစ်​​ယောက်​နဲ့ စကား​ပြောဖြစ်​တယ်​ ။အမျိုး​တွေက ကိုယ့်​အလုပ်​နဲ့ ကိုယ်​ ရှုပ်​တော်​တန်​ရုံ မဆုံဖြစ်​ကြဘူး​လေ ။အခု ​ဒေါ်​လေးက အလှူ တစ်​ခုကအပြန်​ လှည့်​ ဝင်​လာလို့ ​တွေ့ရတာ ။

တူဝရီးနှစ်​​ယောက်​ စကား​ပြောရင်းအိမ်​​ထောင်​​ရေး အချစ်​​ရေးအ​ကြောင်း ​ရောက်​သွားတယ်​ ။”ရည်းစား စ ထားရင်​ဘယ်​​တော့မှ အ​ပျော်​ မထားနဲ့ ။အတည်​သာ ရည်​ရွယ်​ထား ပြီးရင်​ လက်​ထပ်​ဖို့ ကြို စု​ဆောင်းထား ”

“ဟင်​!

ကိုယ်​က အတည်​ရည်​ရွယ်​​ပေမယ့်​သူက အာ့လို သ​ဘောမထားရင်​​ကော?ကိုယ်​ပဲ ခံစားရမှာ​ပေါ့လို့ “”အမ​လေး​အေကျုပ်​လည်း အစက​တော့ ညည်းလို ​တွေးခဲ့ဖူးတာ​ပေါ့။ပထမဆုံးအ​ကောင်​က သင်​ခန်းစာ​ပေးသွားတယ်​​လေ။ ကြိုက်​တည်းက လက်​ထပ်​မယ်​​တွေးထားကြတာ။

နှစ်​​ယောက်​တစ်​ဘဝအတွက်​ပိုက်​ဆံ ကြိုစုကြမယ်​​ပေါ့ ။သူလည်း စု,ကိုယ်​လည်း စု ချစ်​သူသက်​တမ်း ၄ နှစ်​အတွင်း မစားရက်​မ​သောက်​ရက်​စုလိုက်​ရတာများ ..ကျုပ်​ စု ထားတာ​တွေ ​ပျောက်​ပျက်​မစိုးလို့​ရွှေလက်​​ကောက်​ ၅ ကွင်း သွားလုပ်​မိတဲ့​နေ့မှာပဲ…….ဒင်းက တခြားမိန်းမတစ်​​ယောက်​ကို ခိုး ​ပြေးသွားတယ်​​လေ “

တိန်​!

“စစချင်း​တော့ စိတ်​နာလွန်းလို့ အဲ့လက်​​ကောက်​​တွေကို စက္ကူ နဲ့ အထပ်​ထပ်​ ပတ်​ဗီရို​အောက်​ဆုံး ထိုးထည့်​ထားပစ်​လိုက်​တာ ..​နောက်​ပိုင်း အလှူ သွားရင်​ ဝတ်​သွားမိရင်းလက်​က ပြန်​မချွတ်​ဖြစ်​​တော့ဘူး “

ကျုပ်​ ငယ်​ငယ်​က သိပ်​လှခဲ့​တော့ချစ်​သူကြိုက်​သူလည်း ​ပေါတာ​ပေါ့။နောက်​တစ်​​ယောက်​ကိုလည်း ​သေချာစဉ်းစားပြီးမှ ​ရွေးခဲ့တာပါပဲ​လေ။လက်​ထပ်​ဖို့ ကြိုစုကြရ​အောင်​ ​ပြော​တော့စုတတ်​​ဆောင်းတတ်​တဲ့ မိန်းမမြတ်​နဲ့ ချစ်​သူဖြစ်​ရတာ ကံ​ကောင်းတယ်​ လို့ သူ ​ပြောသံ​တွေခုထိ ပြန်​ကြား​နေတုန်း ။

ဒီတစ်​ခါ​တော့ လူကြီးမိဘ​တွေပါ အကုန်​ကြည်​ဖြူ ​စေ့စပ်​ပြီးကာမှမြန်​မာကားထဲကလိုမ​မျှော်​လင့်​ဘဲမှားခဲ့မိလို့ တာဝန်​ယူလိုက်​ရပြီ။သူ့ကို ခွင့်​လွှတ်​ပါ ဆိုတဲ့စာ​လေးတစ်​​စောင်​နဲ့ လွဲရပြန်​​ကော ။လက်​​ကောက်​ ၃ ကွင်း​တော့ ထပ်​ စုမိတာ​ပေါ့​အေ။

အဲ့ဒီ​နောက်​ပိုင်း ထားသမျှရည်းစားတိုင်း တစ်​​ယောက်​မှ အ​ပျော်​မ​တွေးခဲ့ဖူးဘူး။သူတို့ဘာသာ စုစု မစုစုကျုပ်​က​တော့ စ, ကြိုက်​ကတည်းက စု ​တော့တာပဲ ။လက်​ထပ်​ဖြစ်​ရင်​လည်း စုပြီး​ဆောင်းပြီးသား။ဖူးစာမဆုံ​တော့လည်း အိုစာမင်းစာ စုပြီးသားဖြစ်​တာ​ပေါ့​အေ ။

ကြာကြာကြိုက်​ရင်​ လက်​​ကောက်​များများ စုမိတယ်​ ။တချို့ကျ​တော့လည်း သက်​တမ်းမကြာ​ပေမယ့်​ ငါးမူးသားဖြစ်​ဖြစ်​ တစ်​မတ်​သားဖြစ်​ဖြစ်​ လက်​​ကောက်​တစ်​ကွင်း​တော့ စုမိ​အောင်​ ကြိုးစားရတယ်​ “

“ဟင်​!

အန်​တီကလည်းရည်းစားထားတာလား လက်​​ကောက်​စု​နေတာလား ဘာလားပဲ ” ဟုတ်​ပါ့​အေ “ကြာလာ​တော့ လူတစ်​​ယောက်​က ရည်းစားစကား လာ​ပြောတိုင်း..အဲ့လူ မျက်​နှာ မမြင်​​တော့ပဲ လက်​​ကောက်​​တွေသာ ​ပြေးမြင်​မိ​တော့တယ်​ ။

ဒီလိုဆို မဖြစ်​​တော့ပါဘူး။ဘယ်​သူ့မှ ရည်းစားမထား​တော့ဘူး။ကိုယ့်​ဘာသာ ​နေ​တော့မယ်​ ဆုံးဖြတ်​လိုက်​ရတယ်​။အသက်​ရလာ​တော့လည်းဧည့်​ခံပွဲ​တွေဘာ​တွေတက်​ရင်​ငယ်​ငယ်​က ရည်းစား​ဟောင်း​တွေနဲ့ ပြန်​ဆုံဖြစ်​ကြတယ်​ ။

လက်​​ကောက်​​တွေအများကြီးဝတ်​ထားတဲ့ ကျုပ်​ကို အားကျ​နေတဲ့မျက်​လုံး​တွေနဲ့ သူတို့မိန်းမ​တွေက ကြည့်​ပြီး
” အမရယ်​ ကျမတို့​တော့ အိမ်​​ထောင်​သက်​သာ ရလာတယ်​ဘာမှ သိပ်​မစုမိပါဘူး။

အမက​တော့ စုမိ​ဆောင်းမိ အပူအပင်​ကင်း​တော့နုပျိုလိုက်​တာ ” ​ပြောတိုင်း” အခုလို စုတတ်​​ဆောင်းတတ်​လာတာ သူငယ်​ချင်း​တွေ​ကျေးဇူးလည်း ပါပါတယ်​ ” လို့ ပြုံးပြုံး​လေး ပြန်​​ပြောရတာကိုက အရသာရှိတယ်​။

ငါ့သမီးက အသက်​ငယ်​ငယ်​​လေး ရှိ​သေးတယ်​။အခု​ခေတ်​က​လေး​တွေလို ရည်းစားအများကြီး ​လျှောက်​မထားနဲ့ကိုယ်​လည်း နာမည်​ပျက်​တယ်​ ။မထားပဲလည်း မ​နေနဲ့။ရည်းစားစထားကတည်းက လက်​ထပ်​ဖို့ထိ ​တွေးထား။ခု​ခေတ်​က မင်္ဂလာခန်းမ​ကြေးကအစ နည်းတာမဟုတ်​ဘူး။

ကြိုကြိုတင်​တင်​ စု​ဆောင်းထား။သူ မစုလည်း ကိုယ့်​ဘာသာ စု ဖြစ်​​အောင်​လုပ်​။ပြီးရင်​ လက်​​ကောက်​​တွေသာ လုပ်​ထား ။သူ နဲ့ မယူဖြစ်​​တောင်​ ကိုယ့်​ဝင်​​ငွေ​တွေ အလဟဿမဖြစ်​​တော့ဘူး​ပေါ့ “

အ​ဒေါ်အပျိုကြီးက​တော့ ..လက်​​ကောက်​သင်​ခန်းစာ အဲ့​လေ ဟုတ်​​ပေါင်​ …ရည်းစားထားနည်းသင်​ခန်းစာ​တွေ ပို့ချပြီးသူ့လက်​နှစ်​ဖက်​လုံး တံ​တောင်​ဆစ်​နား​ရောက်​​နေတဲ့ လက်​​ကောက်​​တွေကို တချွင်​ ချွင်​ လှုပ်​ရင်း ပြန်​သွားပြီ ။

ကျမက​တော့ပြီးခဲ့တဲ့ တစ်​နှစ်​က စု ခဲ့မိတဲ့ လက်​​ကောက်​ ၈ ကွင်းကို ကြည့်​​နေရင်းနည်းနည်း​တော့ ပြုံးလိုက်​မိတယ်​။ သက်​ကို တင်​​တောင်းဖို့ ​မောင်​ စု​တော့မယ်​ ဆိုတဲ့အ​ပြောမှာ အလိုက်​တသိနဲ့ သူ မသိ​အောင်​ စုထားခဲ့မိတာ​လေ ။

သစ္စာမရှိရင်​ ရင်​ကွဲရတာ​တောင်​ ဟာတာတာနဲ့ ။အသည်းကွဲရတာ​တောင်​ လက်​​ကောက်​​တွေမြင်​တိုင်း ကိုယ့်​ကိုယ်​ကို ပြန်​ရယ်​မိတယ်​ ။

ကျမ …လက်​​ကောက်​​တွေ – – ထပ်​စုရင်​ ​ကောင်းမလားဟင်​!

သက်​မှူးဇင်​ဇင်​ မှ ကူးယူဖော်ပြသည်။

www.myanmarkidworld.com

#ဆယ်ကျော်သက်ဗဟုသုတ