Monday, March 6, 2017

သွားတိုက်ဆေးကို ဒီအရာတွေအတွက် အကျိုးရှိစွာအသုံးပြုနိုင်


ကျွန်ုပ်တို့ သွားတိုက်ဆေးကို သွားတိုက်ဖို့လောက်ပဲ အသုံးပြုကြပေမယ့် သွားတိုက်ဆေးမှာ တခြားအသုံးပြုနိုင်တဲ့ နည်းလမ်းများစွာ ရှိပါသေးတယ်။ ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပြီး အရေးတကြီး အသုံးတည့်မှု ပေးနိုင်ပါတယ်။

၁။ ကားခြစ်ရာ ဖယ်ရှားရန်

ကားမှာ ခြစ်ရာတစ်ခုခုဖြစ်ပါက သွားတိုက်ဆေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ နူးညံ့တဲ့အဝတ်စတစ်ခုပေါ် သွားတိုက်ဆေးညှစ်ယူပြီး ခြစ်ရာတွေ ပွတ်တိုက်ပေးရုံပါပဲ။ ပြီးရင် အဝတ်စ သန့်သန့်လေးတစ်ခုနဲ့ သုတ်ပေးရပါမယ်။  

၂။ ငွေထည်ပစ္စည်း တိုက်ချွတ်ရန်

သွားတိုက်ဆေးအကူအညီနဲ့ ငွေထည်ပစ္စည်းတွေ ပြောင်လက်နေအောင် တိုက်ချွတ်နိုင်ပါတယ်။

၃။ ကားရှေ့မီး သန့်ရှင်းရန်

ကားရဲ့ သတ္တုကိုယ်ပိုင်း သန့်ရှင်းခြင်းအပြင် ရှေ့မီးတို့ကို သွားတိုက်ဆေးနဲ့ သန့်ရှင်းပေးနိုင်ပါတယ်။ လုပ်ရမှာက ရေမြုပ်လေးတစ်ခုပေါ် သွားတိုက်ဆေးအနည်းငယ်တင်ပြီး မီးလုံးပေါ် ပွတ်တိုက်ပေးရုံပါပဲ။

၎။ စန္ဒရားလက်ကွက်တွေ ပြန်ဖြူလာစေရန်

သွားတိုက်ဆေးနဲ့ ဝါကြင့်ကြင့် စန္ဒရားဟောင်းပေါ်က လက်ကွက်တွေ ပိုဖြူစေနိုင်ပါတယ်။ လက်ကွက်ပေါ် သွားတိုက်ဆေးလိမ်းပြီး ပြန်သုတ်ပေးရုံပါပဲ။

၅။ စားပွဲပေါ်က အစွန်းအထင်းတွေ ရှင်းလင်းရန်

၆။ မျက်မှန် အငွေ့မရိုက်အောင် တားဆီးရန်

၇။ ရှပ်အကျီင်္ပေါ်က မှင်အစွန်းအထင်းတွေ ဖယ်ရှားရန်

၈။ ပုဝါ အရောင်စွန်းထင်းမှုတွေ ဖယ်ရှားရန်

၉။ အင်းဆက်ပိုးကောင်ကိုက်လို့ ယားယံမှုတွေ လျော့နည်းစေရန်

၁၀။ ဝက်ခြံတွေ ရှင်းလင်းရန်

၁၁။ စမတ်ဖုန်းစခရင် သန့်ရှင်းပေးရန်

၁၂။ ဖိနပ်အနံ့အသက်ဆိုးထွက်ခြင်း ဖယ်ရှားရန်

၁၃။ ကြွေထည်ပစ္စည်း အစွန်းအထင်းတွေ ဖယ်ရှားရန်

၁၄။ ညစ်ပတ်တဲ့လက်တွေ ဆေးကြောသန့်ရှင်းစေရန်

၁၅။ ဓာတ်ဘူး သန့်ရှင်းရေးလုပ်ရန် စသဖြင့် အသုံးပြုနိုင်ပါတယ်။

Ref: Tipsmill
Trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com