Wednesday, March 15, 2017

မိခင်နို့တိုက်ကျွေးခြင်းကြောင့် နှလုံးစွမ်းဆောင်ရည် ပိုမိုကောင်းမွန်



မိခင်နို့ တိုက်ကျွေးခြင်းသည် ရင်သွေးငယ်လေးများအတွက် ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်မှာ ငြင်းပယ်၍မရ သော အချက်ဖြစ်ပေသည်။ ယခု လေ့လာမှု အသစ်တစ်ခုတွင် နောက် ထပ်အကျိုးကျေးဇူးတစ်ရပ် ဖြစ်သည့် နေ့မစေ့လမစေ့ မွေးဖွားသည့် ကလေးငယ်လေးများတွင် ရေရှည် ကာလ၌ နှလုံးဖွဲ့စည်းတည်ဆောက်ပုံ နှင့် လုပ်ဆောင်နိုင်စွမ်းကို ပိုမိုကောင်း မွန်စေသည့်အကြောင်းကို ထပ်မံ တွေ့ရှိခဲ့ပါသည်။

Poediatrics ဂျာနယ်တွင် ထည့်သွင်းဖော်ပြထား ခြင်းခံရသော ယင်းသုတေသနတွင် နေ့မစေ့ပဲ မွေးဖွားသည့် ကလေးငယ် များတွင် ပိုမိုအရွယ်အစား ငယ်ရွယ် သည့်နှလုံးနှင့် နိမ့်ပါးသော စွမ်း ဆောင်ရည်များ ရှိနေသည်ကို တွေ့ရှိ ရပြီး ထိုကဲ့သို့သော ကလေးငယ်များ ထဲမှ မိခင်နို့တစ်မျိုးတည်းသာ တိုက် ကျွေးခံရသည့် ကလေးငယ်များသည် နို့မှုန့် ဖျော်တိုက်ကျွေးခံရသည့် ကလေးငယ်များထက် နှလုံးအရွယ် အစားနှင့် စွမ်းဆောင်ရည်မှာ ပိုမို သာလွန် ကောင်းမွန်နေသည်ကို တွေ့ရသည်။

မွေးနေ့စေ့၍ မွေးဖွားသူ ၁၀၂ ယောက်နှင့် မွေးနေ့မတိုင်မီ မွေးဖွားသူများ ၁၀၂ ယောက်တို့ကို နှိုင်းယှဉ်ကာ လေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းလေ့လာမှုအား ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ် နှလုံးသွေး ကြောဆိုင်ရာ သုတေသနဌာနမှ ဒေါက်တာလီစန်ဒေါစကီးနှင့် အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Dr A.Z

Health Updates Journal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကလေးကျန်းမာရေး