Wednesday, March 15, 2017

တရုတ်အစိုးရ၏ နိုင်ငံ့နောင်ရေးအတွက် အစီအစဉ်တစ်ခု



တရုတ်အစိုးရ အရာရှိများက နိုင်ငံ့နောင်ရေးအတွက် အသက် ၂၀ ကနေ ၄၅ နှစ်ကြား အမျိုးသားတွေ အနေနဲ့ သုက်ပိုးလှူဒါန်းကြဖို့ တိုက် တွန်းခဲ့ပါတယ်။ တရုတ်မှာရှိတဲ့ သုက် ပိုးထိန်းသိမ်းဘဏ်တွေအနေနဲ့ နိုင်ငံ ရေးစည်းမျဉ်အရရော၊ ယဉ်ကျေးမှု စည်းမျဉ်းတွေအရပါ ပြဿနာတွေ ကြုံတွေ့နေရတဲ့အတွက် သုက်ပိုးပြတ် လပ်မှုတွေနဲ့ အကြီးအကျယ် ကြုံတွေ့ နေရပါတယ်။

အခုအခါမှာတော့ အစိုးရပေါ်လစီက ပြောင်းလဲသွားပြီး တရုတ်မှ စုံတွဲတွေအနေနဲ့ ဒုတိယ ကလေး ရယူနိုင်ပြီဖြစ်တဲ့အတွက် သုက်ပိုးပြတ်လပ်မှုမှာ ပိုပြီးသိသာ လာခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေ အနေနဲ့ သုက်ပိုးအသစ်တွေရရှိဖို့ နည်းလမ်းသစ်တွေ မျိုးစုံသုံးလျက်ရှိ ပြီး အထူးသဖြင့် လူမှုကွန်ယက်တွေ ကနေတဆင့် မက်ဆေ့တွေပို့တာ၊ ကွန်ပျူတာဂိမ်း ဇာတ်ကောင်လေး တွေကနေ သတင်းပေးတာ၊ တချို့သူ တွေမှာဆိုရင် ဒေါ်လာ ၁၀၀၀ လောက်ထိ ကမ်းလှမ်းကြတာရှိပြီး၊ တချို့သူတွေမှာတော့ နှင်းဆီရွှေ ရောင် iphone တွေထိပါ ကမ်းလှမ်း လာကြပါတယ်။ သုတေသနလုပ် ကြည့်တဲ့အခါတော့ လှူဒါန်းလိုသူ တွေရဲ့ ၅၀% က တကယ်အသုံးပြုဖို့ အတွက် မသင့်တော်တာကိုတွေ့ခဲ့ရ ပါတယ်။

တရုတ်ရဲ့ သတင်းစာတစ် စောင်ရဲ့အဆိုအရ တရုတ်မှာ သက် ကြီးအုပ်စုတွေ တစစပိုများလာပြီး အလုပ်လုပ်နိုင်တဲ့အင်အားစုမှာ တစ တစ လျော့နည်းလာလျက်ရှိတယ်ဆို တာ သိရပါတယ်။ ပြည်မကြီးမှာ ရှိတဲ့ မီဒီယာတွေကတော့ ပြည်သား တွေကို မင်းတို့ရဲ့စိတ်အားထက်သန် မှုကို သုက်ပိုးလှူဒါန်းခြင်းနဲ့ ပြကြပါ လို့ တိုက်တွန်းထားပါတယ်။
ဖိုးသောကြာ
Health Update Journal မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#သတင်း