Monday, March 6, 2017

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတွေ ဘာ့ကြောင့်အလွယ်တကူမေ့တတ်လာကြတာလဲ



လေ့လာမှုတစ်ခုအရ သိခဲ့ရတာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ မှတ်ဥာဏ်တွေဟာ သာမာန်အမျိုးသမီးတွေရဲ့ မှတ်ဥာဏ်ထက် ဆိုးရွားနေတတ်တာကို စိတ်ပိုင်းဆိုင်ရာလေ့လာမှုတွေအရ သိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ကလေးရပြီးရင်လည်း သူတို့ရဲ့မှတ်ဥာဏ်တွေ ချို့ယွင်းနေဦးမှာပဲ လို့ ထင်တတ်ကြပါတယ်။




ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတွေဟာ အရမ်းမေ့တတ်ပြီး တုံ့ပြန်မှုတွေ နှေးနေတတ်တာနဲ့ ပတ်သက်ရင်တော့ ဗိုက်ထဲက ကလေးရဲ့ ဦးနှောက်ကို အပြစ်တင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကယ်တမ်းမှာက ဗိုက်ထဲက ကလေးတွေဟာ ဦးနှောက်မပါလို ့ဖြစ်ကြောင်း သုတေသီတွေက အခိုင်အမာ ဆိုလိုက်ပါတယ်။

လေ့လာမှုတစ်ခုအရ သိခဲ့ရတာကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်တွေဟာ သာမာန်အမျိူးသမီးတွေရဲ့ မှတ်ဉာဏ်ထက် ဆိုးရွားနေတတ်တာကို စိတ်ပိုင်းဆိုင်ရာလေ့လာမှုတွေအရ သိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ကလေးရပြီးရင်လည်း သူတို့ရဲ့မှတ်ဉာဏ်တွေ ချို့ယွင်းနေဦးမှာပဲ လို့ ထင်တတ်ကြပါတယ်။

တစ်ကယ်တော့ မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးရဲ့ ဦးနှောက်ဟာ မိခင်ရဲ့ ဦးနှောက်နဲ့ ချိတ်ဆက်နေတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်တွေရဲ့ ဦးနှောက်ဟာ သာမာန် လုပ်ဆောင်ချက်မျိုး မဟုတ်ခဲ့တာပဲ ဖြစ်တယ်လို့ Salt Lake မြို့တော်မှာရှိတဲ့ Brigham Young တက္ကသိုလ်က သုတေသီအဖွဲ့ အဖြေထုတ်ပေးခဲ့ပါတယ်။

ထိုသုတေသီအဖွဲ့ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၁ ယောက်ကို ကလေးမမွေးခင် ရက်သတ္တပတ် အနည်းငယ် အလိုမှာနဲ့ မွေးဖွားပြီး လအနည်းငယ် အကြာတို့မှာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးသူ ၂၁ ယောက်ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၁ ယောက်ရဲ့ မွေးဖွားပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ကိုယ်ဝန်မဆောင်ဖူးသူ ၂၁ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ရဲ့ ရလဒ်ဟာ တူညီနေတာကိုတွေ့ခဲ့ရပါတယ်။

ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်တွေမှာသာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ မိခင်နဲ့ ဗိုက်ထဲက ကလေးတို့ရဲ့ ချိတ်ဆက်နေမှုကြောင့် မေ့တတ်တဲ့ ကိစ္စတွေဖြစ်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။


Trend Myanmar မှကူးယူဖော်ပြသည်။
www.myanmarkidworld.com