Monday, March 13, 2017

မိမိရဲ ႔ ရင္ေသြးငယ္ေလး လိမၼာေရးျခားရွိလာဖို႔ ဘယ္လိုထိန္းေက်ာင္းရမလဲ


  တစ္ခ်ိဳ႕ ကေလးငယ္ေတြဟာ တည္တည္ၿငိမ္ၿငိမ္ ၊ လိမၼာေရးျခား နဲ႔ ထူးခၽြန္ေနတာကို ေတြ႔ရင္ သူတို႔ အေမေတြ ဘယ္လို ထိန္းေက်ာင္းခဲ့လဲ မသိဘူးလို႔ သင္ေတြးမိမွာပါ။ ကၽြမ္းက်င္သူေတြရဲ ႔ ေျပာၾကားခ်က္အရေတာ့ ေကာင္းတဲ့အမူအက်င့္ ရွိျခင္းဟာ ကေလးေတြကို လိမၼာ ထူးခၽြန္လာေစဖို႔ သင္ၾကားရာမွ အဓိက ေသာ့ခ်က္တစ္ခုျဖစ္တယ္လို႔ ဆိုၾကပါတယ္။ တစ္ကယ္လို႔ သင့္အေနနဲ႔လည္း ကိုယ့္ ကေလးငယ္ကို သင္ၾကားရာမွာ အခက္အခဲ ျဖစ္ေနတယ္ဆိုရင္ေတာ့ ကေလးကို အျပစ္မတင္ပါနဲ႔။ ကိုယ့္ဆီမွာ အားနည္းခ်က္ရွိေနတယ္လို႔သာ ေတြးပါ။ ဒါဆိုရင္ လိမၼာေရးျခားရွိတဲ့ ကေလးငယ္ေတြရဲ ႔ မိခင္ေတြအေနနဲ႔ သူတို႔ရဲ ႔ ကေလးငယ္ေတြကို ဘယ္လို ထိန္းေက်ာင္းခဲ့လဲ ဆိုတဲ့ လွ်ိဳ႕၀ွက္ခ်က္ေလးေတြကို ေလ့လာၾကည့္ၾကရေအာင္။

၁။ယဥ္ေက်းမႈ ဆိုတာဟာ အတုျမင္အတတ္သင္ျခင္းက စပါတယ္

ကေလးငယ္ေတြရဲ ႔ စိတ္ထဲမွာ ယဥ္ေက်းမႈ ဆိုတာကို အတုယူျခင္းနဲ႔ သင္ၾကားၾကပါတယ္။ မိခင္ျဖစ္သူ အေနနဲ႔ ကိုယ့္ရဲ ႔ ခင္ပြန္းသည္ ၊ မိသားစု ေဆြမ်ိဳးမ်ား ၊ ကေလးထိန္း ၊ အိမ္နီးခ်င္း စတဲ့သူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာ ယဥ္ေက်းစြာ ျပဳမူမယ္ဆိုရင္ ကိုယ့္ကေလးငယ္ဟာလည္း အဲဒီ ယဥ္ေက်းတဲ့ အျပဳအမူေတြကို အတုယူမိပါလိမ့္မယ္။

၂။ ကေလးငယ္ေတြကိုလည္း ေလးစားစြာ ေျပာဆိုဆက္ဆံပါ

ကေလးငယ္ေတြရဲ ႔ စိတ္ေနစိတ္ထား မာေက်ာခက္ထန္လာျခင္းဟာ မိဘေတြရဲ ႔ အမိန္႔ေပးျခင္း ၊ အာဏာျပျခင္း တို႔ရဲ ႔ ေနာက္ဆက္တြဲေတြပဲ ျဖစ္ပါတယ္။ ေခ်ာ့တစ္လွည့္ ၊ ေျခာက္တစ္လွည့္ ေျပာရတယ္ဆိုေပမယ့္လည္း ေျခာက္ ၿပီး ေျပာရတဲ့အခါမ်ိဳးေတြမွာ အမိန္႔ေပး ေစခိုင္းတာမ်ိဳးထက္ ၊ ေအးေအးေဆးေဆး နားလည္ေအာင္ေျပာျပၿပီး သင္ၾကားတာမ်ိဳးသာျပဳလုပ္သင့္ပါတယ္။

၃။ ကိုယ့္ကေလးကို အျပင္လူ ျဖစ္မသြားပါေစနဲ႔

သင္ဟာ ကေလးမရွိေသးတဲ့ သူငယ္ခ်င္းေတြနဲ႔ ေကာ္ဖီဆိုင္သြားၿပီး စကားေျပာၿပီ ဆိုပါစို႔။ အဲဒီလို အခိုက္အတန္႔ဟာ သင့္ကေလးကို လစ္လ်ဴရႈထားသလို ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကေလးေရွ႕မွာ တစ္ျခား အရြယ္ေရာက္ၿပီးသူ မိတ္ေဆြ ၊ အသိ ေတြနဲ႔ စကားေျပာေတာ့မယ္ ဆိုရင္ ကိုယ့္ကေလးကိုလည္း အဲဒီ စကားေျပာဆိုမႈ(conversation) နဲ႔ သက္ဆိုင္တယ္လို႔ ခံစားခြင့္ေပးဖို႔လိုပါတယ္။

၄။ ကေလးငယ္ ေတြရဲ ႔ ေႏွာင့္ယွက္မႈကိုလည္း ပညာသားပါပါ ေလွ်ာ့ခ်ပါ

အေပၚမွာ ေျပာခဲ့သလိုပဲ မိခင္အေနနဲ႔ မိတ္ေဆြတစ္ေယာက္နဲ႔ စကားေျပာေနတယ္ ၊ အလုပ္ကိစၥနဲ႔ ေဆြးေႏြးေနတဲ့အခါမွာ ကေလးငယ္ အေနနဲ႔ အျပင္လူတစ္ေယာက္လို ခံစားလိုက္ရတဲ့အတြက္ မိခင္ကို ေသခ်ာ ေပါက္ လိုက္ေႏွာင့္ယွက္မွာပါ။ အဲဒီလို အခါမ်ိဳးမွာလည္း ေဒါသတႀကီးနဲ႔ ကိုယ့္ကေလးငယ္ကို မဆက္ဆံလိုက္ပါနဲ႔။ သူ႔ကို အခ်ိန္ေပးလိုက္ ၊ မိတ္ေဆြနဲ႔ စကားေျပာလိုက္နဲ႔ မွ်မွ်တတ ဆက္ဆံ ေပးဖို႔ လိုပါတယ္။

၅။ ကေလးေတြရဲ ႔ ေဆာ့ကစားခ်ိန္ကို လိုလိုလားလား သတ္မွတ္ေပးပါ

ကေလးတိုင္း ေမွ်ာ္လင့္ေနတာက သူတို႔ မိဘေတြနဲ႔ အတူ ေဆ့ာကစား ခြင့္ရဖို႔ပါ။ ကိုယ့္ကေလး ယဥ္ေက်းလိမ္မာလာဖို႔အတြက္ သူ႔ကို ဆံုးမေနဖို႔ပဲ မေတြးပါနဲ႔။ သူတို႔ေလးေတြနဲ႔ အတူ ေဆာ့ကစား ျခင္းဟာလည္း ကိုယ့္အေပၚထားတဲ့ သူတို႔ရဲ ႔ ခ်စ္ေၾကာက္ရိုေသ တဲ့ စိတ္ကို ပိုၿပီး ခ်ိၿမိန္လာေစပါတယ္။ တစ္ေန႔ကို ၄၅ မိနစ္ ၀န္းက်င္ေလာက္ေတာ့ သူတို႔ေလးေတြနဲ႔ အတူ ေဆာ့ကစားေပးပါ။

တစ်ချို့ ကလေးငယ်တွေဟာ တည်တည်ငြိမ်ငြိမ် ၊ လိမ္မာရေးခြား နဲ့ ထူးချွန်နေတာကို တွေ့ရင် သူတို့ အမေတွေ ဘယ်လို ထိန်းကျောင်းခဲ့လဲ မသိဘူးလို့ သင်တွေးမိမှာပါ။ ကျွမ်းကျင်သူတွေရဲ ့ ပြောကြားချက်အရတော့ ကောင်းတဲ့အမူအကျင့် ရှိခြင်းဟာ ကလေးတွေကို လိမ္မာ ထူးချွန်လာစေဖို့ သင်ကြားရာမှ အဓိက သော့ချက်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ တစ်ကယ်လို့ သင့်အနေနဲ့လည်း ကိုယ့် ကလေးငယ်ကို သင်ကြားရာမှာ အခက်အခဲ ဖြစ်နေတယ်ဆိုရင်တော့ ကလေးကို အပြစ်မတင်ပါနဲ့။ ကိုယ့်ဆီမှာ အားနည်းချက်ရှိနေတယ်လို့သာ တွေးပါ။ ဒါဆိုရင် လိမ္မာရေးခြားရှိတဲ့ ကလေးငယ်တွေရဲ ့ မိခင်တွေအနေနဲ့ သူတို့ရဲ ့ ကလေးငယ်တွေကို ဘယ်လို ထိန်းကျောင်းခဲ့လဲ ဆိုတဲ့ လျှို့ဝှက်ချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ယဉ်ကျေးမှု ဆိုတာဟာ အတုမြင်အတတ်သင်ခြင်းက စပါတယ်

ကလေးငယ်တွေရဲ ့ စိတ်ထဲမှာ ယဉ်ကျေးမှု ဆိုတာကို အတုယူခြင်းနဲ့ သင်ကြားကြပါတယ်။ မိခင်ဖြစ်သူ အနေနဲ့ ကိုယ့်ရဲ ့ ခင်ပွန်းသည် ၊ မိသားစု ဆွေမျိုးများ ၊ ကလေးထိန်း ၊ အိမ်နီးချင်း စတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ယဉ်ကျေးစွာ ပြုမူမယ်ဆိုရင် ကိုယ့်ကလေးငယ်ဟာလည်း အဲဒီ ယဉ်ကျေးတဲ့ အပြုအမူတွေကို အတုယူမိပါလိမ့်မယ်။

၂။ ကလေးငယ်တွေကိုလည်း လေးစားစွာ ပြောဆိုဆက်ဆံပါ

ကလေးငယ်တွေရဲ ့ စိတ်နေစိတ်ထား မာကျောခက်ထန်လာခြင်းဟာ မိဘတွေရဲ ့ အမိန့်ပေးခြင်း ၊ အာဏာပြခြင်း တို့ရဲ ့ နောက်ဆက်တွဲတွေပဲ ဖြစ်ပါတယ်။ ချော့တစ်လှည့် ၊ ခြောက်တစ်လှည့် ပြောရတယ်ဆိုပေမယ့်လည်း ခြောက် ပြီး ပြောရတဲ့အခါမျိုးတွေမှာ အမိန့်ပေး စေခိုင်းတာမျိုးထက် ၊ အေးအေးဆေးဆေး နားလည်အောင်ပြောပြပြီး သင်ကြားတာမျိုးသာပြုလုပ်သင့်ပါတယ်။

၃။ ကိုယ့်ကလေးကို အပြင်လူ ဖြစ်မသွားပါစေနဲ့

သင်ဟာ ကလေးမရှိသေးတဲ့ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်သွားပြီး စကားပြောပြီ ဆိုပါစို့။ အဲဒီလို အခိုက်အတန့်ဟာ သင့်ကလေးကို လစ်လျူရှုထားသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးရှေ့မှာ တစ်ခြား အရွယ်ရောက်ပြီးသူ မိတ်ဆွေ ၊ အသိ တွေနဲ့ စကားပြောတော့မယ် ဆိုရင် ကိုယ့်ကလေးကိုလည်း အဲဒီ စကားပြောဆိုမှု(conversation) နဲ့ သက်ဆိုင်တယ်လို့ ခံစားခွင့်ပေးဖို့လိုပါတယ်။

၄။ ကလေးငယ် တွေရဲ ့ နှောင့်ယှက်မှုကိုလည်း ပညာသားပါပါ လျှော့ချပါ

အပေါ်မှာ ပြောခဲ့သလိုပဲ မိခင်အနေနဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေတယ် ၊ အလုပ်ကိစ္စနဲ့ ဆွေးနွေးနေတဲ့အခါမှာ ကလေးငယ် အနေနဲ့ အပြင်လူတစ်ယောက်လို ခံစားလိုက်ရတဲ့အတွက် မိခင်ကို သေချာ ပေါက် လိုက်နှောင့်ယှက်မှာပါ။ အဲဒီလို အခါမျိုးမှာလည်း ဒေါသတကြီးနဲ့ ကိုယ့်ကလေးငယ်ကို မဆက်ဆံလိုက်ပါနဲ့။ သူ့ကို အချိန်ပေးလိုက် ၊ မိတ်ဆွေနဲ့ စကားပြောလိုက်နဲ့ မျှမျှတတ ဆက်ဆံ ပေးဖို့ လိုပါတယ်။

၅။ ကလေးတွေရဲ ့ ဆော့ကစားချိန်ကို လိုလိုလားလား သတ်မှတ်ပေးပါ

ကလေးတိုင်း မျှော်လင့်နေတာက သူတို့ မိဘတွေနဲ့ အတူ ဆေ့ာကစား ခွင့်ရဖို့ပါ။ ကိုယ့်ကလေး ယဉ်ကျေးလိမ်မာလာဖို့အတွက် သူ့ကို ဆုံးမနေဖို့ပဲ မတွေးပါနဲ့။ သူတို့လေးတွေနဲ့ အတူ ဆော့ကစား ခြင်းဟာလည်း ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ ့ ချစ်ကြောက်ရိုသေ တဲ့ စိတ်ကို ပိုပြီး ချိမြိန်လာစေပါတယ်။ တစ်နေ့ကို ၄၅ မိနစ် ဝန်းကျင်လောက်တော့ သူတို့လေးတွေနဲ့ အတူ ဆော့ကစားပေးပါ။

Ref:purewow
trend myanmar မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com

#မိဘ   #သား၊သမီးကိစၥ