Tuesday, February 21, 2017

ကိုယ်ဝန်ဆောင်ချိန်နှင့် ကားမူချိန်တွင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်ပါက အမြန်ဆုံး သက်သာစေမည့် နည်းငါးသွယ်




(၁) အနားယူပါ



(၄) အကြောဆွဲဆန့်ပါ

(၅) အရည်သောက်ပါ
စူး(ဆေးဝါးတက္ကသိုလ်)


ကိုယ်ဝန်ဆောင်အစောပိုင်း ကာလတွေနဲ့ ကားမူးတဲ့ အခါ ပျို့အန်ချင်စိတ် ဖြစ်ပေါ်နေလို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါလား။ အဲဒီအချိန်မှာ အချိန်တို အတွင်း သက်သာရစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) အနားယူပါ
မျက်လုံးမှိတ်ပြီး သက်သောင့်သက်သာရှိတဲ့ အနေအထားနဲ့ ထိုင်တာ၊ မိနစ် အနည်းငယ်လောက် လှဲလျောင်းတာတို့ကို လုပ်ဆောင်ပေးပါ။ ယာဉ်စီးရတာများလို့ ပျို့အန်ချင်စိတ် ပေါ်နေရင် လှဲလျောင်းတဲ့ အနေအထားနဲ့ မနေဘဲ ထိုင်ပြီး အနားယူပေးပါ။

(၂) အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်ပါ
အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကြောင့် စိုးရိပ်ပူပန်သောကတွေ လျော့ကျသွားစေသလို ပျို့အန်ချင်တဲ့ စိတ်လည်း သက်သာသွားတတ်ပါတယ်။

(၃)သံပရာနံ့ ရှူရှိုက်ပါ
သံပရာနံ့ ရှူရှိုက်တာကြောင့် လန်းဆန်းစေပြီး ပျို့အန်ချင်စိတ်ကို လျော့ပါးသွားစေပါတယ်။

(၄) အကြောဆွဲဆန့်ပါ
တစ်ကိုယ်လုံး အကြောဆွဲဆန့်တာကြောင့် လည်ပင်းနဲ့ ပခုံးကြွက်သားတွေကို အပန်းပြေစေပြီး ပျို့အန်ချင်တဲ့ ဝေဒနာကို လျော့ပါးသွားစေနိုင်ပါတယ်။

(၅) အရည်သောက်ပါ
ရေအေး အနည်းငယ် ငုံပြီး သောက်ပေးတာ၊ သံပရာရည်၊ ချင်းလက်ဖက်ရည် သောက်တာတို့ကြောင့် အစာခြေလမ်းကြောင်း ဆိုင်ရာ ဝေဒနာတွေကို သက်သာလျော့ပါးစေပြီး စိတ်ခံစားချက်ကို သိသိသာသာ ကောင်းမွန်လာစေပါတယ်။
စူး(ဆေးဝါးတက္ကသိုလ်)

Healthy Life မှကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကိုယ်ဝန်ဆောင်ဗဟုသုတ