Tuesday, February 21, 2017
အပျိုဖော်ဝင်မစောလွန်းခြင်း၏ ကောင်းကျိုးများ
ကလေးဆန်ခြင်း
တချို့လူတွေမှာ အကြောင်းကြောင်းတွေကြောင့် အပျိုဖော်ဝင်တာ စောတတ်ပါတယ်။ အပျိုဖော်ဝင်တာ မစောလွန်ဘူးဆိုရင် ကောင်းကျိုးတွေ ရှိပါတယ်။
ရာသီအကြိုဝေဒနာ မခံစားရခြင်း
ရာသီမလာသေးတဲ့အတွက် ရာသီအကြိုဝေဒနာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ လေပွတာ၊ စိတ်ခံစားမူ မကောင်းတာ စတဲ့ ဝေဒနာတွေကို ခံစားရတာ နောက်ကျသွားပါတယ်။
ကလေးဆန်ခြင်း
ရွယ်တူတွေထက် အပျိုဖော်ဝင်နောက်ကျရင် အသက်ငါးနှစ်ခန့် ပိုနုပျိုတယ်လို့ ထင်ရစေပါတယ်။ အပျိုဖော်ဝင်စောရင် ချစ်ရေးချစ်ရာတွေကို စောစော စိတ်ဝင်စားပြိး လက်တည့်စမ်းတက်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် ဆန့်ကျင်ဘက် လိင်တွေကို စိတ်ဝင်စားတာပါ။
လွတ်လပ်စွာ ပြေးနိုင်ခြင်း
အပျိုဖော်ဝင်နောက်ကျတဲ့ အတွက် ရင်သားကြီးထွားမူ မရှိသေးတာကြောင့် ပြေးတာနဲ့ တခြားလေ့ကျင့်ခန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်စေပါတယ်။
မှတ်ချက်။    ။ ရာသီလာသင့်တဲ့ အရွယ်အထိ ရာသီမလာသေးရင် သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မီမိုး(ဆေးဝါးတက္ကသိုလ်)
Healthy Life မှကူးယူဖော်ပြသည်။
www.myanmarkidworld.com
#ဆယ်ကျော်သက်သိမှတ်ဖွယ်ရာ