Tuesday, February 21, 2017

အဆင့်အတန်းရှိရှိ ကြည့်ကောင်းစေမည့် အခြေခံ မိတ်ကပ်လိမ်းနည်း


   ကြည့်လိုက်တိုင်း သိသိသာသာ ပြင်မထားပေမယ့် အဆင့်အတန်းရှိရှိ လှပကြည့်ကောင်းတဲ့ အသွင်ပေါ်လွင်စေမယ့် အခြေခံမိတ်ကပ်လိမ်းနည်းကို မျှဝေလိုက်ပါတယ်။

(၁) အသားအရေထိန်းသိမ်းပါ
မိတ်ကပ်လိမ်းတဲ့အခါ အသားအရေလှပနေမှ ပိုကြည့်ကောင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းဖို့ မမေ့ပါနဲ့။

(၂) နှုတ်ခမ်းနီကို ပြောင်းလဲ အသုံးပြုပါ
နှုတ်ခမ်းဆိုးဆေးအရောင်ကို စိတ်ခံစားမူ အလိုက် ပြောင်းလဲပေးပါ။ တောက်ပရဲရင့်တဲ့ အသွင်ဆောင်ချင်ရင် လိမ္မော်နီရောင်၊ နှုးညံ့သိမ်မွေ့တဲ့ အသွင်ဖြစ်ချင်ရင် ပန်းရောင် ဆိုးပါ။ သဘာဝကျကျ ဆွဲဆောင်မူရှိချင်ရင် နှုတ်ခမ်းပုံဖော် ခဲတံကို မသုံးဘဲ နှုတ်ခမ်းသားအတိုင်း တိုက်ရိုက်ဆိုးပါ။

(၃) မှန်ကို ခမ်လှမ်းလှမ်းမှ ကြည့်ပါ
မိတ်ကပ်လိမ်းပြီးတဲ့ အခါ မှန်နဲ့ နှစ်ပေအကွာကနေခွာပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်ပါ။ ပါးနီတွေများနေလား၊ မျက်နှာမှာ တောက်ပမူ နည်းနေလား စတာတွေကို ချိန်ဆပါ။ ဒီအနေအထားက တခြားလူတွေ သင့်ကိုမြင့်တွေ့မယ့် ပုံစံ ဖြစ်ပါတယ်။

(၄) အသားအရေ အမျိုးအစားအလိုက် ထိန်းသိမ်းပါ
သင့်အသားအရေက အဆီပြန်နေရင် ဒါမှမဟုတ် ပေါင်းစပ်အသားအရေ ဖြစ်ရင် ပုံမှန် လိမ်းနေကျ နေ့လိမ်းခရင်မ်အစားလိုးရှင်းကို အစားထိုးသုံးပါ။

(၅)မျက်ခုံးကို ထင်ရှားအောင် ပြုပြင်ပါ
မျက်ခုံးကို အရောင်ထင်းထင်းပေါ်အောင် အရောင်ခြယ်ပေးပါ။ ဒီလိုလုပ်တာက မျက်စိကို ပိုပေါ်လွင်စေပြီး မျက်ခုံးရိုးကို ပိုမြင့်သလို ထင်ရစေပါတယ်။

လရိပ်မေ
health life မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ဆယ်ကျော်သက်အလှအပ