Monday, February 20, 2017

ကလေးငယ်လေးတွေရဲ့ သွားနဲ့သွားဖုံးလေးတွေ ပိုမိုကြံ့ခိုင်သန်စွမ်း အောင်

 
ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်မှတ် ဥာဏ်စွမ်းရည်ကောင်းမွန်မှု၊ အရိုးသန်မာမှု အစရှိတဲ့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အစားအသောက်နဲ့ အာဟာဓာတ်ပေးတဲ့ အ စားအစာတွေကို မိဘတွေက ဂရုတစိုက်နဲ့ ကျွေးမွေးသင့်ပါတယ်။ ကောင်းမွန်တဲ့ အစားအသောက်နဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် စာတွေကိုစားသောက်နိုင်ဖို့အတွက် ကြံ့ခိုင်သန်မာတဲ့ သွားဖုံး၊ သွား လေးတွေ ရှိနေဖို့လိုပါတယ်။ အချိုနဲ့ အစားအသောက်မာမာ၊ မှား ယွင်းတဲ့ အစားအသောက်တွေ စားသုံးမိခြင်းကြောင့် ကလေးငယ် လေးတွေရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဒါ့ကြောင့်မို့လို့ သင်တို့ရဲ့ သားသားမီးမီးကလေးငယ်လေးတွေရဲ့ သွားနဲ့ ခံတွင်း၊ သွားဖုံးလေးတွေ ကြံ့ခိုင်ကျန်းမာလာအောင် ဘယ် လိုအစားအစာလေးတွေ စားသုံးပေးရမလဲဆိုတာကို နည်းလမ်း ကောင်းပေး ဖော်ပြလိုက်ပါတယ်။

၁။ ဖလိုရိုက်ဒ်ပါတဲ့ ရေနဲ့ သန့်စင်ပေးမယ်ဆိုရင် ကလေးငယ်လေး တွေရဲ့သွားနဲ့ ကြွေလွှာကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ အက်စစ်ဓာတ် ကို လျှော့ချဖျက်စီးပစ်စေနိုင်ပါတယ်။

၂။ နို့နဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ နို့ထွက်ပစ္စည်း၊ နွားနို့၊ ချိစ် အစရှိ သဖြင့် အစားအစာတွေရဲ့ သဘာဝဓာတ်သတ္တုတွေက ခံတွင်းမှာ ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ စွမ်းအင်တွေရှိတဲ့ ဘက်တီးရီး ယားတွေကို ပေါက်ပွားပေးနိုင်ပါတယ်။ အဆိုပါ ပိုးမွှားတွေက သွား၊ ခံတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်တား ဆီးပေးနိုင်ပါတယ်။

၃။ ပဲ၊ အသား၊ ငါး၊ ဥ အစရှိသဖြင့် ဖောစ်ဖော်ရက်စ်ပါတဲ့အစားအစာ ကယ်လ်ဆီယမ်ပါတဲ့ အဟားအစာတွေက သွားတွေကြံ့ခိုင်သန်စွမ်း ဖို့အတွက် အကောင်းဆုံး အထောက်အကူဖြစ်စေပါတယ်။ ငါး၊ ဆော်မွန်ငါးတွေကတွေက ဖက်တီအက်စစ်ပါဝင်ပြီး သွားဖုံးမှာ ဖြစ် ပွားတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

၎။ လက်ဆက်တဲ့ သစ်သီးနဲ့ ဟင်းသီးဝလံတွေက ရေဓာတ်အပြည့် အဝပေးနိုင်ပြီး သဘာဝသကြားဓာတ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ပန်းသီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ အစရှိသဖြင့် သစ် သီးဝလံတွေက သွားတွေရဲ့မျက်နှာပြင်ကြွေလွှာတွေကို သန့်စင်ပေး နိုင်ပြီး အစားအစာ ကြိတ်ချေဝါးနိုင်စွမ်းကိုလည်း ထောက်ပံ့ပေးနိုင်ပါ တယ်။ ဗီတာမင် စီဓာတ်ပါတဲ့ ကီဝီသီး၊ စတော်ဘယ်ရီ အစရှိသဖြင့် သစ်သီးတွေကလည်း သွားဖုံးတွေက တစ်သျူးတွေရဲ့ ကျန်းမာရေး ကို ထောက်ပံ့ပေးနိုင်ပါတယ်။

၅။ အစေ့၊ အဆံ တွေက သွားနဲ့သွားဖုံးတွေ အစာကြိတ်ချေဝါးခြင်း အတွက် အထောက်အကူပြုပေးပါတယ်။ ပရိုတိန်းဓာတ်ပါဝင်ခြင်း တွေက သွားတွေကိုပိုမိုခိုင်ခံ့ပြီး ကြာရှည်ခိုင်မြဲစေပါတယ်။ ပိုလီ ဆက်ကျူရိတ်တက် ဖက်တီအက်စစ်ဓာတ်ကလည်း သွားဖုံးရောဂါ ပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။

www.ibestmagazine.com  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကလေးကျန်းမာရေး