Tuesday, February 21, 2017

ႏုိ္႕စုိ႔အရြယ္ သားငယ္ေၾကာင့္ မိခင္ရဲ႕ကင္ဆာေရာဂါကို ေစာစီးစြာရွာေဖြႏုိင္ခဲ့


   မိခင္ေတြအေနနဲ႔ ကုိယ့္ကေလးက ႏုိ႔စို႔ဖုိ႔ျငင္းဆန္တဲ့အခါ အရမ္းကို စိတ္ထိခိုက္ခံစားရတတ္ေပမဲ့ Sarah ဆိုတဲ့ အမ်ဳိးသမီးအတြက္ေတာ့ သူ႔အသက္ကုိ ကယ္တင္လိုက္သလိုပဲ ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ Sarah က သူ႔ရဲ႕ သားငယ္ ကုိ ႏုိ႔တုိက္တဲ့အခါတိုင္း ကေလးက ျငင္းဆန္တဲ့အတြက္ စိတ္မခ်မ္းမသာျဖစ္ရပါတယ္။ ဒါေပမဲ့ ညာဘက္ႏုိ႔ကို တိုက္တဲ့အခါမွသာ ကေလးက အေၾကာက္အကန္ ျငင္းဆန္ေလ့ရွိျပီး ဘယ္ဘက္ႏုိ႔ဆုိရင္ေတာ့ ဘာျပႆနာမွာ မရွိပါဘူး။ အဲ့ဒီေနာက္မွာ Sarah က ဆရာဝန္နဲ႔ေဆြးေႏြးျပီး အသားစယူကာ စစ္ေဆးၾကည့္တဲ့အခါမွာ ရင္သားကင္ဆာျဖစ္ေနတာကို ေတြ႔ရွိခဲ့ရပါတယ္။

သူမက သားငယ္ Teddy က သူ႔ရဲ႕ သူရဲေကာင္းပါတဲ့။ သူ႔ေၾကာင့္သာမဟုတ္ရင္ သူမအေနနဲ႔ ဘယ္လိုမွ ကင္ဆာေရာဂါရွိေနတယ္လို႔ သံသယရွိလာမွာ မဟုတ္ပါဘူးလို႔ ေျပာျပခဲ့ပါတယ္။ ႏုိ႔တုိက္ျခင္းက မိခင္နဲ႔ ကေလးၾကားမွာရွိတဲ့ သံေယာဇဥ္ကို တုိးေစတယ္လို႔ဆုိေပမဲ့ ကၽြန္မအတြက္ေတာ့ အဲ့ဒီထက္ပိုပါတယ္။ Teddy က ကၽြန္မအသက္ကိုပါ ကယ္လိုက္ႏုိင္တာပါပဲ။

Teddy ကုိ ျပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက ေမြးခဲ့ျပီး ေကာင္းေကာင္းမြန္မြန္ကို ႏို႔စို႔ခဲ့ပါတယ္။ ၅ လေလာက္အၾကာမွာ ကၽြန္မရဲ႔ ရင္သားဘယ္ဘက္အျခမ္းနဲ႔ ညာဘက္အျခမ္းမွာ မတူတာေလးေတြရွိလာတာကို သတိထားမိေပမဲ့ ကၽြန္မရဲ႕ သူနာျပဳက ဘာမွ စိတ္ပူစရာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္တစ္လအၾကာမွာ Teddy က ညာဘက္အျခမ္းက ႏုိ႔တိုက္ရင္ စျပီးမစို႔ေတာ့ပါဘူး။ ဘယ္လိုပဲတုိက္တုိက္ မစို႔ေတာ့ဘဲ အေၾကာက္အကန္ ငိုေနခဲ့ပါတယ္။ သူ႔မွာ အရင္ကလည္း ကင္ဆာျဖစ္ႏုိင္ေခ်ရွိတဲ့ အဖုတစ္ခုကို ေတြ႔ခဲ့ဖူးတာေၾကာင့္ ဆရာဝန္နဲ႔ စစ္ေဆးခဲ့ဖူးျပီး ဘာမွ အႏၱရာယ္မရွိဘူးလို႔အေျဖထြက္ခဲ့ပါတယ္။

၃ ၾကိမ္စစ္ျပီး ရင္သားကင္ဆာလကၡဏာမေတြ႔တဲ့ ကင္ဆာအမ်ဳိးအစားဆုိတာ ရွိပါတယ္။ ဒီကင္ဆာမွာ အီစထရိုဂ်င္နဲ႔ ပရုိဂ်က္စထရုန္းေဟာ္မုန္းေတြကို လက္ခံတဲ့ တစ္ရႈးမရွိပါဘူး။ ဒီကင္ဆာမ်ဳိးက အသက္ ၄၀ ေအာက္ အမ်ဳိးသမီးေတြနဲ႔ လူမည္းအမ်ဳိးသမီးေတြမွာ အျဖစ္မ်ားပါတယ္။ ဒီေရာဂါကုိ ေစာေစာစီးစီးသိရွိမယ္ဆုိရင္ ေအာင္ျမင္ေအာင္ကုသႏုိင္ပါတယ္။ ရင္သားတစ္ဖက္ျဖတ္ ထုတ္တာ၊ ႏွစ္ဖက္လုံးျဖတ္ထုတ္ရတာေတြလုပ္ဖုိ႔ တခ်ဳိ႔ဆရာဝန္ေတြက အၾကံေပးတတ္ပါတယ္။ ဓာတ္ေရာင္ျခည္ ကုထုံး၊ ေဆးဝါးကုထုံးေတြနဲ႔ ကင္ဆာေရာဂါျပန္မျဖစ္ေအာင္၊ ကင္ဆာေရာဂါဆဲလ္ေတြ ေလ်ာ့သြားေအာင္ လုပ္ႏုိင္ပါတယ္။ ဒါေပမဲ့ ဒီရင္သားကင္ဆာမ်ဳိးက တျခားရင္သားကင္ဆာေတြနဲ႔ ယွဥ္ရင္ အသက္ရွင္တဲ့သူနည္းပါတယ္။

ဆက္တုိက္ကေလးက ႏုိ႔စို႔ဖုိ႔ ျငင္းဆန္ေနခဲ့တဲ့အတြက္ ကေလးရွစ္လသားအရြယ္မွာ Sarah က ေဆးခန္းကို တစ္ခါျပန္လာျပီး ျပခဲ့ပါတယ္။ သူမက သူ႔သားငယ္ေလးက သူ႔ကို တစ္ခုခုေျပာဖို႔ ၾကိဳးစားေနသလိုခံစားရတယ္လို႔ ေျပာပါတယ္။ အေမတစ္ေယာက္ရဲ႕ အလိုလိုသိစိတ္လို႔ေျပာလို႔ ရပါတယ္။

မႏွစ္က ႏုိဝင္ဘာလမွာ Sarah က ရင္သားကင္ဆာျဖစ္ေနတယ္ဆုိတာကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ အၾကိတ္ထဲမွာ ရွိေနတဲ့ ကင္ဆာက ၃ လရွိေနခဲ့ျပီး အဲ့ဒီအခ်ိန္က Teddy ႏို႔စို႔ဖုိ႔စျပီးျငင္းခဲ့တဲ့အခ်ိန္နဲ႔ ကြက္တိတူေနတာပဲ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Teddy ေက်းဇူးေၾကာင့္ Sarah က ကင္ဆာေရာဂါကို ေစာစီးစြာေတြ႔ရွိျပီး ကင္ဆာကုထုံးစတင္ခံယူေနျပီျဖစ္ပါတယ္။

မိခင်တွေအနေနဲ့ ကိုယ့်ကလေးက နို့စို့ဖို့ငြင်းဆန်တဲ့အခါ အရမ်းကို စိတ်ထိခိုက်ခံစားရတတ်ပေမဲ့ Sarah ဆိုတဲ့ အမျိုးသမီးအတွက်တော့ သူ့အသက်ကို ကယ်တင်လိုက်သလိုပဲ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် Sarah က သူ့ရဲ့ သားငယ် ကို နို့တိုက်တဲ့အခါတိုင်း ကလေးက ငြင်းဆန်တဲ့အတွက် စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါပေမဲ့ ညာဘက်နို့ကို တိုက်တဲ့အခါမှသာ ကလေးက အကြောက်အကန် ငြင်းဆန်လေ့ရှိပြီး ဘယ်ဘက်နို့ဆိုရင်တော့ ဘာပြဿနာမှာ မရှိပါဘူး။ အဲ့ဒီနောက်မှာ Sarah က ဆရာဝန်နဲ့ဆွေးနွေးပြီး အသားစယူကာ စစ်ဆေးကြည့်တဲ့အခါမှာ ရင်သားကင်ဆာဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

သူမက သားငယ် Teddy က သူ့ရဲ့ သူရဲကောင်းပါတဲ့။ သူ့ကြောင့်သာမဟုတ်ရင် သူမအနေနဲ့ ဘယ်လိုမှ ကင်ဆာရောဂါရှိနေတယ်လို့ သံသယရှိလာမှာ မဟုတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။ နို့တိုက်ခြင်းက မိခင်နဲ့ ကလေးကြားမှာရှိတဲ့ သံယောဇဉ်ကို တိုးစေတယ်လို့ဆိုပေမဲ့ ကျွန်မအတွက်တော့ အဲ့ဒီထက်ပိုပါတယ်။ Teddy က ကျွန်မအသက်ကိုပါ ကယ်လိုက်နိုင်တာပါပဲ။

Teddy ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မွေးခဲ့ပြီး ကောင်းကောင်းမွန်မွန်ကို နို့စို့ခဲ့ပါတယ်။ ၅ လလောက်အကြာမှာ ကျွန်မရဲ့ ရင်သားဘယ်ဘက်အခြမ်းနဲ့ ညာဘက်အခြမ်းမှာ မတူတာလေးတွေရှိလာတာကို သတိထားမိပေမဲ့ ကျွန်မရဲ့ သူနာပြုက ဘာမှ စိတ်ပူစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ Teddy က ညာဘက်အခြမ်းက နို့တိုက်ရင် စပြီးမစို့တော့ပါဘူး။ ဘယ်လိုပဲတိုက်တိုက် မစို့တော့ဘဲ အကြောက်အကန် ငိုနေခဲ့ပါတယ်။ သူ့မှာ အရင်ကလည်း ကင်ဆာဖြစ်နိုင်ချေရှိတဲ့ အဖုတစ်ခုကို တွေ့ခဲ့ဖူးတာကြောင့် ဆရာဝန်နဲ့ စစ်ဆေးခဲ့ဖူးပြီး ဘာမှ အန္တရာယ်မရှိဘူးလို့အဖြေထွက်ခဲ့ပါတယ်။

၃ ကြိမ်စစ်ပြီး ရင်သားကင်ဆာလက္ခဏာမတွေ့တဲ့ ကင်ဆာအမျိုးအစားဆိုတာ ရှိပါတယ်။ ဒီကင်ဆာမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေကို လက်ခံတဲ့ တစ်ရှုးမရှိပါဘူး။ ဒီကင်ဆာမျိုးက အသက် ၄၀ အောက် အမျိုးသမီးတွေနဲ့ လူမည်းအမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါကို စောစောစီးစီးသိရှိမယ်ဆိုရင် အောင်မြင်အောင်ကုသနိုင်ပါတယ်။ ရင်သားတစ်ဖက်ဖြတ် ထုတ်တာ၊ နှစ်ဖက်လုံးဖြတ်ထုတ်ရတာတွေလုပ်ဖို့ တချို့ဆရာဝန်တွေက အကြံပေးတတ်ပါတယ်။ ဓာတ်ရောင်ခြည် ကုထုံး၊ ဆေးဝါးကုထုံးတွေနဲ့ ကင်ဆာရောဂါပြန်မဖြစ်အောင်၊ ကင်ဆာရောဂါဆဲလ်တွေ လျော့သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီရင်သားကင်ဆာမျိုးက တခြားရင်သားကင်ဆာတွေနဲ့ ယှဉ်ရင် အသက်ရှင်တဲ့သူနည်းပါတယ်။

ဆက်တိုက်ကလေးက နို့စို့ဖို့ ငြင်းဆန်နေခဲ့တဲ့အတွက် ကလေးရှစ်လသားအရွယ်မှာ Sarah က ဆေးခန်းကို တစ်ခါပြန်လာပြီး ပြခဲ့ပါတယ်။ သူမက သူ့သားငယ်လေးက သူ့ကို တစ်ခုခုပြောဖို့ ကြိုးစားနေသလိုခံစားရတယ်လို့ ပြောပါတယ်။ အမေတစ်ယောက်ရဲ့ အလိုလိုသိစိတ်လို့ပြောလို့ ရပါတယ်။

မနှစ်က နိုဝင်ဘာလမှာ Sarah က ရင်သားကင်ဆာဖြစ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အကြိတ်ထဲမှာ ရှိနေတဲ့ ကင်ဆာက ၃ လရှိနေခဲ့ပြီး အဲ့ဒီအချိန်က Teddy နို့စို့ဖို့စပြီးငြင်းခဲ့တဲ့အချိန်နဲ့ ကွက်တိတူနေတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Teddy ကျေးဇူးကြောင့် Sarah က ကင်ဆာရောဂါကို စောစီးစွာတွေ့ရှိပြီး ကင်ဆာကုထုံးစတင်ခံယူနေပြီဖြစ်ပါတယ်။


Trend Myanmar မွကူးယူေဖာ္ျပသည္။
www.myanmarkidworld.com

#အိမ္ေထာင္သည္သိမွတ္ဖြယ္ရာ