Monday, February 20, 2017

မူၾကိဳေက်ာင္းမွာ ကြန္ပ်ဴတာအသံုးျပဳျခင္းဟာ ကေလးငယ္ေတြကို ထိခိုက္ေစတာလား ဒါမွမဟုတ္ အကူအညီေပးေနတာလား


  ဒီေန႔ေခတ္မွာ ကြန္ပ်ဴတာအသိပညာတိုးတက္လာျခင္းရဲ႕ လႊမ္းမိုးမႈေၾကာင့္ တခ်ဳိ႕မိဘေတြ အျမင္မွာ သူတို႔ကေလးေတြ ကြန္ပ်ဴတာေစာျပီးကိုင္တြယ္တတ္ေလ ပိုျပီးေကာင္းမြန္ေလ ဆိုျပီး ယုံၾကည္ေနတဲ့သူေတြ အမ်ားၾကီးပါပဲ။ မူၾကိဳေက်ာင္းတက္ရြယ္ကေလးငယ္ေတြ ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္ၾကာၾကာထိုင္လာၾကတာကို ေတြ႕ေနရပါတယ္။ ဒါဆိုရင္ ဒီကြန္ပ်ဴတာအတတ္ပညာေတြဟာ ကေလးေတြရဲ႕က်န္းမာေရးအတြက္ ေကာင္းပါ့မလား။ မိဘေတြအေနနဲ႔ သားသမီးေတြ ဘယ္ေလာက္ၾကာၾကာကြန္ပ်ဴတာ အသုံးျပဳသင့္တယ္ ဘယ္လိုဆိုးက်ဳိးေတြ ျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း ဆင္ျခင္သင့္ျပီ မဟုတ္ဘူးလား။

ကြန္ပ်ဴတာအသုံးျပဳျခင္းရဲ႕ အက်ဳိးေက်းဇူးေတြ : တခ်ဳိ႕ပညာရွင္ေတြက ငယ္ငယ္ကတည္းကေန ကြန္ပ်ဴတာကိုင္တြယ္တတ္တဲ့အတြက္ ရရိွတဲ့ အက်ဳိးေက်းဇူးေတြကို သက္ေသျပခဲ့ၾကတယ္။ မူလတန္း၊ မူလြန္ေက်ာင္းေတြမွာ ကြန္ပ်ဴတာသင္ၾကားျခင္းျပဳလုပ္ေပးတဲ့အခ်ိန္မွာ အရင္မူၾကိဳေက်ာင္းတုန္းက အထိအေတြ႕ရိွခဲ့ျပီးသား ကေလးေတြအတြက္ေတာ့ အထားက်ေနတာကိုလည္း ေတြ႕ရတယ္။ ျပီးေတာ့ ကြန္ပ်ဴတာကေန ဂဏန္းေလ့လာျခင္း၊ စကားလုံးေလးေတြ မွတ္ထားျခင္း စတဲ့ ဂိမ္းေတြကိုလည္း ေဆာ့လို႔ရတယ္ေလ။ ကေလးေတြအေနနဲ႔ ကြန္ပ်ဴတာေစာျပီးအသုံးျပဳတတ္ျခင္းကေန ရရိွႏိုင္တဲ့အက်ဴိးေက်းဇူးေတြကေတာ့-

 - ပညာေရးနဲ႔ပတ္သတ္တဲ့ နည္းပညာေတြကို သိရိွျခင္း
 - နည္းစနစ္က်တဲ့အေတြးအေခၚေတြကို သင္ၾကားခြင့္ရျခင္း
-  အနာဂတ္နည္းပညာတိုးတက္ျခင္းအတြက္ ၾကိဳတင္ျပင္ဆင္ထားျခင္း
-  ကိုယ္ပိုင္ယုံၾကည္မႈေတြ တိုးတက္ျခင္း
-  ျပႆနာေျဖရွင္းနည္းေတြနဲ႔ ရင္းႏွီးလာျခင္း
-  ၾကာရွည္ခံတဲ့မွတ္ညဏ္ပိုမို ေကာင္းမြန္ျခင္း
ကြန္ပ်ဴတာအသုံးျပဳျခင္းရဲ႕ ဆိုးက်ဳိးမ်ား : အက်ဳိးေက်းဇူးေတြ အမ်ားၾကီးၾကားမွာ ေက်ာင္းေနရြယ္မေရာက္ေသးတဲ့ကေလးငယ္မ်ားအတြက္ ဆိုးက်ဳိးေတြကလည္း အမ်ားၾကီးပါ။ အဓိက ကေတာ့ ကိုယ္ကာယက်န္းမာေရးကို ပိုျပီးထိခိုက္ေစပါတယ္။ ျပီးေတာ့ စိတ္ပိုင္းဆိုင္ရာ ႏွင့္ လူမႈေရးကိစၥေတြ ထိပါ စိုးရိမ္ရမွာ ျဖစ္ပါတယ္။

မူၾကိဳေက်ာင္းေနရြယ္ ကေလးငယ္ေတြရဲ႕ ၾကြက္သားနဲ႔ အရိုးေတြဟာ ဖြံ႕ျဖိဳးဆဲပဲရိွေသးတဲ့အတြက္ အိမ္၊ ေက်ာင္းမွာ အသုံးျပဳတဲ့ ပရိေဘာကေတြကိုေတာင္ ေရြးခ်ယ္ေပးရတဲ့ အဆင့္ပဲရိွပါေသးတယ္။ အဲဒါေၾကာင့္ တစ္ေနရာရာမွာ အၾကာၾကီးထိုင္ေနတာမ်ဳိး၊ ေခါင္းမေရႊ႔ပဲ တစ္ေနရာကိုပဲ စိုက္ၾကည့္ေနတာမ်ဳိး ႏွင့္ ခါးကုန္းထားေနရတာမ်ဳိးဟာ အႏၱရာယ္ရိွတဲ့ အျပဳအမူေတြ ျဖစ္ပါတယ္။ ျပီးေတာ့ ကြန္ပ်ဴတာကေနထြက္လာတဲ့ အလင္းေရာင္က ကေလးငယ္ရဲ႕ မ်က္လုံးႏွင့္ အေရျပားအတြက္ အႏၱရာယ္ရိွေနတာကိုလည္း သတိထားေစခ်င္ပါတယ္။

လိမၼာပါးနပ္တဲ့ ကြန္ပ်ဴတာအသုံးျပဳနည္း : သင့္မူၾကိဳေက်ာင္းေနရြယ္ကေလးအတြက္ ကြန္ပ်ဴတာကို အက်ဳိးရိွရိွ အသုံးျပဳႏိုင္ဖို႔ မိဘမ်ားအေနနဲ႔ ကိုယ္တိုင္စီမံေပးရမယ့္အခ်က္ေတြကေတာ့

- အခ်ိန္နဲ႔ စည္းကမ္းေတြကို ကန္႔သတ္ေပးပါ၊
-  ကေလးပညာေရးအတြက အသုံးဝင္မယ့္ ပရိုဂရမ္ေတြကို ေရြးခ်ယ္ေပးပါ၊
-  သင့္ကေလးအသုံးျပဳမယ့္ ထိုင္ခုံေတြကို စီစဥ္ေပးပါ၊
-  အသံ၊ အေနအထားေတြကို စီမံေပးပါ၊
-  သင့္ကေလးရဲ႕ ကြန္ပ်ဴတာေရွ႕လႈပ္ရွားမႈေတြကို ေလ့က်င့္ေပးပါ၊
-  သင့္ကေလးအသုံးျပဳေနတဲ့ ပရိုဂရမ္ကလြဲလို႔ အျခားအရာေတြကို ပိတ္ထားပါ၊
-  ကိုယ္ကာယေလ့က်င့္ခန္းျပဳလုပ္ခ်ိန္၊ ေဆာ့ကစားရမယ့္ အခ်ိန္ေတြကို စီမံထားေပးပါ။


ဒီနေ့ခေတ်မှာ ကွန်ပျူတာအသိပညာတိုးတက်လာခြင်းရဲ့ လွှမ်းမိုးမှုကြောင့် တချို့မိဘတွေ အမြင်မှာ သူတို့ကလေးတွေ ကွန်ပျူတာစောပြီးကိုင်တွယ်တတ်လေ ပိုပြီးကောင်းမွန်လေ ဆိုပြီး ယုံကြည်နေတဲ့သူတွေ အများကြီးပါပဲ။ မူကြိုကျောင်းတက်ရွယ်ကလေးငယ်တွေ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်လာကြတာကို တွေ့နေရပါတယ်။ ဒါဆိုရင် ဒီကွန်ပျူတာအတတ်ပညာတွေဟာ ကလေးတွေရဲ့ကျန်းမာရေးအတွက် ကောင်းပါ့မလား။ မိဘတွေအနေနဲ့ သားသမီးတွေ ဘယ်လောက်ကြာကြာကွန်ပျူတာ အသုံးပြုသင့်တယ် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ဆင်ခြင်သင့်ပြီ မဟုတ်ဘူးလား။

ကွန်ပျူတာအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေ : တချို့ပညာရှင်တွေက ငယ်ငယ်ကတည်းကနေ ကွန်ပျူတာကိုင်တွယ်တတ်တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေကို သက်သေပြခဲ့ကြတယ်။ မူလတန်း၊ မူလွန်ကျောင်းတွေမှာ ကွန်ပျူတာသင်ကြားခြင်းပြုလုပ်ပေးတဲ့အချိန်မှာ အရင်မူကြိုကျောင်းတုန်းက အထိအတွေ့ရှိခဲ့ပြီးသား ကလေးတွေအတွက်တော့ အထားကျနေတာကိုလည်း တွေ့ရတယ်။ ပြီးတော့ ကွန်ပျူတာကနေ ဂဏန်းလေ့လာခြင်း၊ စကားလုံးလေးတွေ မှတ်ထားခြင်း စတဲ့ ဂိမ်းတွေကိုလည်း ဆော့လို့ရတယ်လေ။ ကလေးတွေအနေနဲ့ ကွန်ပျူတာစောပြီးအသုံးပြုတတ်ခြင်းကနေ ရရှိနိုင်တဲ့အကျိူးကျေးဇူးတွေကတော့-

 - ပညာရေးနဲ့ပတ်သတ်တဲ့ နည်းပညာတွေကို သိရှိခြင်း
 - နည်းစနစ်ကျတဲ့အတွေးအခေါ်တွေကို သင်ကြားခွင့်ရခြင်း
-  အနာဂတ်နည်းပညာတိုးတက်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်း
-  ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးတက်ခြင်း
-  ပြဿနာဖြေရှင်းနည်းတွေနဲ့ ရင်းနှီးလာခြင်း
-  ကြာရှည်ခံတဲ့မှတ်ညဏ်ပိုမို ကောင်းမွန်ခြင်း
ကွန်ပျူတာအသုံးပြုခြင်းရဲ့ ဆိုးကျိုးများ : အကျိုးကျေးဇူးတွေ အများကြီးကြားမှာ ကျောင်းနေရွယ်မရောက်သေးတဲ့ကလေးငယ်များအတွက် ဆိုးကျိုးတွေကလည်း အများကြီးပါ။ အဓိက ကတော့ ကိုယ်ကာယကျန်းမာရေးကို ပိုပြီးထိခိုက်စေပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးကိစ္စတွေ ထိပါ စိုးရိမ်ရမှာ ဖြစ်ပါတယ်။

မူကြိုကျောင်းနေရွယ် ကလေးငယ်တွေရဲ့ ကြွက်သားနဲ့ အရိုးတွေဟာ ဖွံ့ဖြိုးဆဲပဲရှိသေးတဲ့အတွက် အိမ်၊ ကျောင်းမှာ အသုံးပြုတဲ့ ပရိဘောကတွေကိုတောင် ရွေးချယ်ပေးရတဲ့ အဆင့်ပဲရှိပါသေးတယ်။ အဲဒါကြောင့် တစ်နေရာရာမှာ အကြာကြီးထိုင်နေတာမျိုး၊ ခေါင်းမရွှေ့ပဲ တစ်နေရာကိုပဲ စိုက်ကြည့်နေတာမျိုး နှင့် ခါးကုန်းထားနေရတာမျိုးဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ပြီးတော့ ကွန်ပျူတာကနေထွက်လာတဲ့ အလင်းရောင်က ကလေးငယ်ရဲ့ မျက်လုံးနှင့် အရေပြားအတွက် အန္တရာယ်ရှိနေတာကိုလည်း သတိထားစေချင်ပါတယ်။

လိမ္မာပါးနပ်တဲ့ ကွန်ပျူတာအသုံးပြုနည်း : သင့်မူကြိုကျောင်းနေရွယ်ကလေးအတွက် ကွန်ပျူတာကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မိဘများအနေနဲ့ ကိုယ်တိုင်စီမံပေးရမယ့်အချက်တွေကတော့

- အချိန်နဲ့ စည်းကမ်းတွေကို ကန့်သတ်ပေးပါ၊
-  ကလေးပညာရေးအတွက အသုံးဝင်မယ့် ပရိုဂရမ်တွေကို ရွေးချယ်ပေးပါ၊
-  သင့်ကလေးအသုံးပြုမယ့် ထိုင်ခုံတွေကို စီစဉ်ပေးပါ၊
-  အသံ၊ အနေအထားတွေကို စီမံပေးပါ၊
-  သင့်ကလေးရဲ့ ကွန်ပျူတာရှေ့လှုပ်ရှားမှုတွေကို လေ့ကျင့်ပေးပါ၊
-  သင့်ကလေးအသုံးပြုနေတဲ့ ပရိုဂရမ်ကလွဲလို့ အခြားအရာတွေကို ပိတ်ထားပါ၊
-  ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်၊ ဆော့ကစားရမယ့် အချိန်တွေကို စီမံထားပေးပါ။


Trend Myanmar မွကူးယူေဖာ္ျပသည္။
www.myanmarkidworld.com

#ကေလးပညာေရး