Monday, February 20, 2017

ကလေးကို လွယ်ကူစွာထောက်ပံ့ပေးနိုင်တဲ့ လောကပါလတရား ၁၁ ချက်



မကြာခဏ ဒါမှမဟုတ်  အရေးတကြီး အစည်းအဝေးရှိနေတယ်ဆိုရင် သူတို့ကို စောင့်ကြည့် မနေနိုင်တော့ပါဘူး။ ဒီလိုအချိန်တွေမှာဆိုရင် ဘယ်လို ဖြစ်ပျက်ပြီး ကျန်ခဲ့နိုင်သလဲ။ တစ်ခါတစ်လေ ကံဆိုးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေချိန်မှာ စနစ်တကျ ပညတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ရဖို့ ယုံကြည်ကြရပါတယ်။ ဒီလို ပညတ်ထားတဲ့ သဘောတရားကို ကလေးတွေနဲ့ အတူ ကျွန်တော်တို့ ဘ၀ကို လျှောက်လှမ်းနိုင်ပါတယ်။ သားသမီးတွေအတွက် ပုံမှန် လောကပါလ သဘောတရား ကမိဘတွေအတွက်  အကောင်းဆုံးအဖြစ်ရပ်တည်သွားစေပါတယ်။ ဒီလို သဘောတရားတွေက ယဉ်ကျေးသိမ်မွေ့စည်းကမ်းရှိတဲ့ ဘ၀ကို  ရရှိစေနိုင်ပါတယ်။

၁။ နံနက်မှာ သင်က အိပ်ပျော်ချင်အိပ်ပျော်နေပေလိမ့်မယ်။ သူတို့က အနှေးနဲ့ အမြန် နိုးနေတတ်ပါတယ်။ သူတို့ ကောင်းမွန်စွာ အိပ်နိုင်အောင် စားတာ၊ အိပ်တာတွေကို ဂရုစိုက်သင့်ပါတယ်။



၂။ သန့်ရှင်းသပ်ရပ်နေမယ်ဆိုရင် သင် ပိုပြီနှစ်သက်နေပါလိမ့်မယ်။ ပိုပြီး သဘောကျစရာကောင်းသလို လူကြီးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတော့မှာပါ။



၃။ တဖြည်းဖြည်းနဲ့သွန်သင်ဆုံးမမှုတွေ လုပ်ပေးပါ။ ဒါက တစ်ချိန်မှာ သင့်အတွက် ကောင်းမွန်တဲ့ အရာတွေကို ယူဆောင်လာပေးမှာပါ။ ဆော့ကစားထားတဲ့ ပစ္စည်းတွေကို ယူဆော့ပြီး ဆော့တဲ့နေရာ မှာပဲ ပစ်မထားစေပဲ ယူတဲ့နေရာမှာ စနစ်တကျ ပြန်ထားတာမျိုးလေးတွေက အစ သင်ကြားပေးပါ။



၎။ ညစာ ချက်ပြုတ်နိုင်အောင် ကြိုးစားပါ။ သူတို့ နှစ်သက်တာတွေကို စနစ်တကျလေ့လာပြီး စားချင်စဖွယ် လေးဖြစ်အောင်  စနစ်တကျ ချက်ပြုတ်ပေးနိုင်အောင် ကြိုးစားပါ။ ကိုယ်နှစ်သက်တာကိုပဲ ကျွေးနေတာက အမြဲအဆင်ပြေနိုင်မယ်မထင်ပါဘူး။ သူစားချင်တာလေးတွေကို ကျွေးပါ။



၅။ စာနာတတ်အောင်သင်ပေးပါ။ မွေးနေ့ပါတီတွေကို ရောက်တဲ့အခါ လက်ဆောင်ပစ္စည်းလေးတွေရလာတဲ့ အခါ တခြားကလေးတွေလိုချင်တဲ့ပစ္စည်းတွေကို မရမက ယူဆောင်ခြင်းတွေကို ပြုပြင်ပေးပါ။ သူရသလို ငါရရမယ်ဆိုတာမျိုးဆိုရင်တော့ ကလေးစိတ်ထဲမှာ အဆင်ပြေလာနိုင်မယ်မထင်ပါဘူး ဒီလို အချက်တွေကို ပြုပြင်ပေးသင့်ပါတယ်။



၆။ ကလေးငယ်ရဲ့ဖိနပ်ကို ကိုယ်တိုင်ရှာဖွေပါစေ။ မိဘတွေက တစ်ခုခုပျောက်လို့ လိုက်လုပ်ပေးနေမယ် ဆိုရင် ဒီကလေးက ကိုယ်တိုင် ဘာမှမလုပ်တတ်တော့ပါဘူး သူတို့ ကိုယ်တိုင် လုပ်ပါစေ။



၇။ နေမကောင်းချိန်မှာ ပိုပြီးကြင်နာပေးပါ။ သူတို့လေးတွေက နေမကောင်းဖြစ်ချိန်မှာ မိဘမေတ္တာကို ပိုပြီးလိုချင်တတ်ကြပါတယ်။ အိမ်မှာပဲနေပြီး ပြုစုပေးတာ၊ ဆရာဝန်ဆီကိုသွားရင် မိဘတွေကိုယ်တိုင် လိုက်ပို့တာတွေက သူတို့လေးတွေအတွက် ပိုပြီးတော့ ကျန်းမာလာစေနိုင်ပါတယ်။



၈။ အိပ်ချိန်တွေကို ပုံမှန်လေ့ကျင့်ထားပေးပါ။ သားသမီးတွေရဲ့ အနာဂတ်တောက်ပလာစေနိုင်ဖို့အတွက် အိပ်ချိန်တွေကို ပုံမှန်ပြုလုပ်ထားပေးသင့်ပါတယ်။



၉။ အိပ်ပျော်သွားအောင်သိပ်ပေးပါ။ ကလေးတွေကို တစ်ယောက်တည်းခွဲသိပ်တော့မယ် ဆိုရင် သူတို့လေးတွေ အိပ်ပျော်သွားတဲ့ အထိ သိပ်ပေးပါ။ အိပ်တော့လို့ပြောပြီး သိပ်တာထက် အိပ်ပျော်သွားအောင် သိပ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာကတော့ သူတို့လေးတွေက အိပ်မက်မက်ပြီးယောင်တာတို့ အိပ်မပျော်လို့ ထငိုတာတွေ ဖြစ်တတ်ကြပါတယ်။



၁၀။ တစ်ခါတစ်လေ မှာ ကလေးတွေက သင်မျှော်လင့်ထားသလို မဟုတ်ဘဲ သူတို့လေးတွေရဲ့ စိတ်ကူးထဲက အတိုင်းလုပ်တဲ့အခါကျရင် နားလည်ပေးလိုက်ပါ။ သူတို့လေးတွေ ထင်ထားသလို ဖြစ်မလာဘူးဆိုရင် ဆုံးရှုံးတတ်တယ်ဆိုတာကိုပဲ သိသွားတဲ့ အခါ စိတ်ကူး အိပ်မက်လေးတွေ ပျောက်ဆုံးသွားတတ်ပါတယ်။



၁၁။ နှစ်တော်တော်ကြာမှ အိမ်ထောင်ပြုပြီးကလေးမရသေးဘူးဆိုရင် အိမ်ထောင်ရေးက ပျင်းရိဖွယ်ဖြစ်လာပါလိမ့်မယ်။ ကလေးလေးတွေ ရရှိလာချိန်မှာတော့ သူတို့လေးတွေနဲ့ နေရတဲ့ အချိန်တွေမှာ ပျင်းရိဖွယ်တွေ ကုန်ဆုံးပြီး ပျော်ရွှင်စရာတွေရရှိလာနိုင်ပါတယ်။ ထမင်းစားချိန်၊ ရေသောက်ချိန်၊ တွေမှာတောင် ကျေနပ်စရာကောင်းနေပါလိမ့်မယ်။ ဒါကြောင့် အိမ်ဆည်းလည်းဖြစ်တဲ့ ကလေးလေးတွေရယူပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေလိုက ဆန္ဒပြုလိုက်ပါတယ်။

ဒီလိုအချက်လေးတွေက ကလေးတွေကို လောကပါလတရားနဲ့ ပတ်သက်ပြီး လိုအပ်တာလေးတွေကိုပြုပြင် သွန်သင်ဆုံးမနိုင်ကြပါစေ။

www.ibestmagazine.com မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com