Sunday, January 22, 2017

အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ အခြားသူတွေထက်ပို ဘာကြောင့် ပိုအိပ်သင့်သလဲ။


အလုပ်လုပ်တဲ့ အမျိုးသမီးတွေက အခြားသူတွေထက် ဘာကြောင့် ပိုအိပ်သင့်သလဲ ဆိုတာကို သင်ကော ဘယ်လို တွေးလိုက်မိပါသလဲ။ နံနက်စာပြင်ဆင်နေတဲ့အချိန်မှာ သူက ဖုန်းလဲ ဖြေကြားနေရပါတယ်။ ဒီအချိန်အတွင်းမှာပဲ စားပွဲမှာ တင်ထားတဲ့ အချိန်ဇယားက လည်း သူကို အခြား အလုပ်တွေကိုပါ လုပ်စရာရှိသေးတယ်လို့ ညွှန်ပြနေပါတယ်။ ဒါတွေက အမြဲတမ်း သူ့ကို  စိတ်ဖိစီးမှု ဖြစ်စေပြီး  ပင်ပန်းနွမ်းနယ်စေပါတယ်။  တစ်ချိန်လုံး အပြင်ထွက် အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဟာ ကျန်းကျန်းမာမာနဲ့ တောက်ပနေဖို့ကလည်းလိုအပ်ပါတယ် ဆိုတဲ့ အချက်တွေကို လဲ လေ့လာမှုရဲ့ ရလဒ်များ အရ သိရှိရပါတယ်။

ဗြိတိန် Loughborough တက္ကသိုလ်မှာ သုတေသီတွေက ငြိမ်ငြိမ်လေး  အိပ်ပျော်နေစဉ်တောင် ဦးနှောက်ကို အသုံးချနေတာကိုတွေ့ရှိခဲ့ပါတယ်။

အလုပ်များတဲ့ အမျိုးသမီးတွေက ဦးနှောက်ကို ပိုမိုရှုပ်ထွေးတဲ့ နည်းလမ်းများအတွက် အလုပ်လုပ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့တွေကို ပိုအိပ်ရန် လိုအပ်ပါတယ်။ ပိုအိပ်ရန် လိုအပ်တယ်ဆိုတာက အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ သူတစ်ပါးထက် ပိုမိုမရှုပ်ထွေးစေဖို့ဖြစ်တယ်လို့ Professor Jim Horne က ပြောပါတယ်။
ပျမ်းမျှအားဖြင့် အရွယ်ရောက်နေတဲ့ ကာလ တစ်လျှောက်လုံး လှုပ်ရှားမှုတွေကြောင့် ပင်ပန်းနွမ်းနယ်တဲ့ခံစားမှုတွေကို ပြေပျောက်စေဖို့ အတွက် တစ်ရက်ကို  ၆နာရီကနေ ၈ နာရီအထိ အိပ်ရန် လိုအပ်ပါတယ်။

အမျိုးသမီးတစ်ယောက်က အိပ်ရာအထမှာ ကိုယ်ကိုပြင်ဆင်ချိန် အတွက် မိနစ် ၂၀ ထက်ပိုရန် လိုအပ်ပါတယ်။
ဥပမာအားဖြင့် နှလုံးသွေကြောဆိုင်ရာ ပြဿနာနဲ့ ဆီးချိုရောဂ၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ စိုးရိပ်ပူပန်မှု တွေ က အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေကြောင်းတွေ့ခဲ့ရပါတယ်။ ညနက်လာလေ အမျိုးသမီးတွေရဲ့ အိပ်မက်က ပေါ့ပါးလာလေ ဖြစ်ပါတယ်။ သူတို့ ဆူညံသံတွေ ထိခိုက်မခံကြပါဘူး။

ကောင်းသော အိပ်စက်ခြင်းကြောင့် မိနစ် 20 ခန့် ကောင်းစွာ အိပ်စက်လိုက်ရခြင်းဟာ  လူတိုင်း ကို စိတ်ကျေနပ် ပျော်ရွှင်စေမှု ရရှိစေနိုင်ပါတယ်။

ဒါကြောင့် အလုပ်များတဲ့ အမျိုးသမီးတွေဟာ အခြားသော သူတွေထက် မိနစ် 20  ခန့် ပိုအိပ်သင့်ပါတယ်။


www.ibestmagazine.com မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#အိမ်ထောင်သည်သိမှတ်ဖွယ်ရာ