Sunday, January 8, 2017

သင့်ချစ်သူကောင်လေးဟာ သင့်အတွက် ထူးခြားတဲ့ လက်တွဲဖော် ဖြစ်ကြောင်းပြတဲ့ လက္ခဏာများ


   တစ်ယောက်တည်းနေရတာ ပိုသက်တောင့်သက်သာ ရှိပုံရပေမယ့် အထီးကျန်ခြင်းက စိတ်ညစ်စရာ ကောင်းပါတယ်။ တစ်ချို့စုံတွဲတွေကတော့ ဒီအချက်ကို ငြင်းကောင်းငြင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့စိတ်ချင်း၊ သဘောထားချင်း မတိုက်ဆိုင်ပဲ ပြသနာတွေ ထွေးပိုက်ရင်း ချစ်ခရီးလမ်းကို လျှောက်နေရတဲ့သူတွေလည်း ရှိတာကိုး။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ တစ်ယောက်တည်း နေတာကမှ ပိုကောင်းပါသေးတယ်။ တကယ်လို့ သင့်ချစ်သူက အဲ့ဒီလို မဟုတ်ပဲ သင့်ကို ချစ်မေတ္တာအပြည့်အ၀ပေးနိုင်သလို နားလည်မှုလည်းပေးနိုင်တယ်ဆိုရင်တော့ သင်ဟာကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။  ဒီတော့ သင့်ချစ်သူဟာ သင့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်သလား ဆိုတာ ဘယ်လိုသိရမလဲ။ ဒီလက္ခဏာလေးတွေနဲ့ တိုက် ကြည့်ကြရအောင်။

သူဟာ သင့်ကို ပြုပြင်ဖို့ ဘယ်တော့မှ မကြိုးစားတတ်

သူဟာ သင့်ကို အရှိတိုင်းလက်ခံပြီး သင့်အားနည်းချက် ပျော့ကွက်တွေကို ထောက်ပြဖို့ ဘယ်တော့မှ မကြိုးစားတတ်သလို သူ့ချက်ယူချက်ကို ဝေမျှပြီး သင့်ကို ပြုပြင်ပြောင်းလဲပစ်ဖို့လည်း မကြိုးစားတတ်ပါဘူး။

ဘယ်တော့မှ မဝေဖန်

လူတွေမှာ အရည်အချင်းအမျိုးမျိုး ရှိကြပြီး အဲဒီအရည်အချင်းတွေက "အဆိုး အကောင်း" သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ဒါပေမယ့် လက်တွဲဖော်ကို ဘယ်တော့မှ မဝေဖန်တဲ့အခါ အဲဒီသတ်မှတ်ချက်တွေ သင့်အတွက် အဓိပ္ပါယ်မဲ့ ဖြစ်သွားပါတယ်။

သူမ လိုချင်တာ စိတ်ပျော်ရွှင်မှု

သူကြိုးစားဆောင်ရွက်သမျှက သင် အမြဲပျော်ရွှင်နေစေဖို့ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်ပြီး ကိုယ်ကိုယ်တိုင်ပျော်ရွှင်အောင် လုပ်ဆောင်ပေမယ့် အဓိကဦးတည်ချက်က သင့် မျက်နှာပြုံးရွှင်နေစေဖို့ပဲ ဖြစ်ပါတယ်။

သင့်အတွက် အနှောင့်အယှက်ဖြစ်အောင် မနေတတ်

သူ့အပြုအမူတွေက သင့်ကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ ပြုပြင်ဖို့အတွက် သင် မတောင်းဆိုခင် သူက အမြန်ဆုံး ပြုပြင်မှုတွေပြုလုပ်နေပြီးသားဖြစ်ပါလိမ့်မယ်။

ဆွေးနွေးငြင်းခုံ အနိုင်ယူဖို့ မကြိုးစားတတ်

တခါတလေ နှုတ်ဆိတ်နေတာ ကောင်းပါတယ်။ အမြဲတမ်း မှန်နေဖို့ မလိုအပ်ပါဘူး။ တခါတရံ သင်နဲ့ငြင်းခုံတဲ့အခါ သူမှန်နေရင်တောင် သင့်ကိုအနိုင်ပေးတတ်ပါတယ်။

ဆောရီး ပြောဖို့ ဘယ်တော့မှ လက်မတွန့်တတ်

သူ့ကိုယ်သူ မပြည့်စုံမှန်း သဘောပေါက်တာမို့ အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ တောင်းပန်ဖို့ သူဘယ်တော့မှ ဝန်မလေးတတ်ပါဘူး။

Ref: Boldsky
trend myanmar မှ ကူးယူဖော်ပြသည်။
www.ibestmagazine.com

#ဆယ်ကျော်သက်ဗဟုသုတ