Tuesday, January 17, 2017
သားအိမ်ခေါင်းတွင် အချွဲအကျိများဖြစ်ခြင်းကြောင့် အမျိုးသမီးများ မျိုးမအောင်နိုင်
 အန္တရာယ်ဖြစ်စေသော သားအိမ်ခေါင်းဆိုင်ရာ အခြေအနေ များကြောင့် ဖိုသုက်ပိုးများ မရှင်သန်နိုင်ဖြစ်ရသည့် သားအိမ်ခေါင်း အချွဲအကျိများ ဖြစ်ပေါ်ခြင်းမှာ မျိုးမအောင်သော အမျိုးသမီးများ၏ ၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်သော ပြဿနာအကြောင်းရင်းဖြစ် ကြောင်း မျိုးပွားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြား သည်။
 အန္တရာယ်ဖြစ်စေသော သားအိမ်ခေါင်းဆိုင်ရာ အခြေအနေ များကြောင့် ဖိုသုက်ပိုးများ မရှင်သန်နိုင်ဖြစ်ရသည့် သားအိမ်ခေါင်း အချွဲအကျိများ ဖြစ်ပေါ်ခြင်းမှာ မျိုးမအောင်သော အမျိုးသမီးများ၏ ၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်သော ပြဿနာအကြောင်းရင်းဖြစ် ကြောင်း မျိုးပွားမှုဆိိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြား သည်။
ကျန်းမာရေးနှင့်ညီသော အာဟာရဓာတ်ကြွယ်ဝသည့် အစား အစာများ မစားခြင်းနှင့် ရေသောက်သုံးမှု မလုံလောက်ခြင်းတို့ ကြောင့် သားအိမ်ခေါင်းအချွဲအကျိများ ဖြစ်ပေါ်လာစေကြောင်း ပညာရှင်များကပြောသည်။
နို့ထွက်ပစ္စည်း အများအပြားစားသုံးသောအမျိိုးသမီးများတွင် လည်း သားအိမ်ခေါင်းအချွဲအကျိများ ထွက်ပေါ်နိုင်ပြီး အလွန်ပြစ်ခဲ လာ နိုင်သည်။ ထို့အပြင် ဆေးဝါးအချို့ သောက်သုံးခြင်းကြောင့်လည်း အမျိုးသမီးများစွာတွင် သားအိမ်ခေါင်းအချွဲအကျိများ ဖြစ်ပေါ်နိုင်သည်။
သားအိမ်ခေါင်းအချွဲအကျိသည် ဂျယ်လီကဲ့သို့ သဘာဝပစ္စည်း ဖြစ်ပြီး အမျိုးသမီးများ၏ ခန္ဓာကိုယ်က ထုတ်လုပ်သော ပစ္စည်းဖြစ် သည်။ ယင်းအချွဲအကျိများက ဖိုသုက်ပိုးများကို တားဆီးပြီး မအင်္ဂါ တွင် အက်စစ်ဓာတ်မြင့်မားသည့် အခြေအနေကို ဖန်တီးသည်။
သို့သော် သားအိမ်ထဲတွင် သုက်ပိုးများ မရှင်သန်နိုင်ဖြစ်ရ သည့် အကြောင်းရင်းများစွာရှိသည်။ သားအိမ်ခေါင်းအချွဲအကျိ များ၏ အဓိကအလုပ်မှာ သားအိမ်ပြွန်များသို့ ဖိုသုက်ပိုးမရောက် အောင် တားဆီးခြင်းဖြစ်ပြီး မအင်္ဂါအတွင်း အက်စစ်ဓာတ်မြင့်မား သော အခြေအနေကို ဖန်တီးခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သား အိမ်ခေါင်းအချွဲအကျိများရှိ ဖိုသုက်ပိုးဆန့်ကျင်သော ပစ္စည်းများဖြစ် ပေါ်ပြီးယင်းမှာ အမျိုးသမီးများ၏ ကိုယ်ခံအားစနစ်က ဖိုသုက်ပိုးကို အခြားအန္တရာယ်ရှိသော အရာအဖြစ် မှားယွင်းစွာသတ်မှတ်လိုက် သောကြောင့် ဖြစ်သည်။ ယင်းအချွဲအကျိများက သုက်ပိုး၏ လမ်း ကြောင်းကို ပိတ်ဆို့ခြင်း၊ သုက်ပိုးကို ထိခိုက်ပျက်စီးစေခြင်းကြောင့် မရှင်သန်နိုင်ဖြစ်စေသည်။                               
7Day Daily Journal မှကူးယူဖော်ပြသည်။
www.ibestmagazine.com
#အိမ်ထောင်သည်ဆိုင်ရာ