Tuesday, January 17, 2017

မိခင္ႏုိ႔ရည္ပါ ဓာတ္တုိးဆန္႔က်င္ပစၥည္းက အသည္းေရာဂါကုိ ကာကြယ္ေပးႏုိင္

 ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ားသည္ အသီးအႏွံမ်ားႏွင့္ ဟင္းသီး ဟင္းရြက္မ်ားတြင္ အဓိကပါ၀င္ၿပီး ဆဲလ္မ်ား ပ်က္စီးမႈကုိ ကာကြယ္ႏုိင္သည္ဟု ယံုၾကည္ရသည္။ ဗီတာမင္စီ၊ ဗီတာမင္အီး၊ Selenium ႏွင့္ Carotenoid တုိ႔သည္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားျဖစ္သည္။

အရက္ေသာက္ျခင္းေၾကာင့္မဟုတ္ေသာ အသည္းအဆီဖုံး ေရာဂါသည္ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ပြားေနေသာ ေရာဂါတစ္မ်ိဳးျဖစ္ ၿပီး အေမရိကန္ႏုိင္ငံတြင္ ျပင္းထန္ေသာ အသည္းေရာဂါမ်ားျဖစ္ ပြားမႈ၏ ၇၅ ရာခိုင္ႏႈန္းမွာ ယင္းအသည္းေရာဂါမ်ိဳးျဖစ္သည္။

Pyrroloquinoline Quinone (PQQ) ဟုေခၚေသာ ဓာတ္တုိး ဆန္႔က်င္ပစၥည္းသည္ အ၀လြန္ျဖစ္ေနေသာ မ်ိဳးဆက္မ်ားတြင္ အ သည္းႏွင့္ ခႏၶာကုိယ္အဆီမ်ားကို ေလ်ာ့က်ေစႏုိင္ေၾကာင္း သုေတသီမ်ားက ႂကြက္မ်ားျဖင့္ ေလ့လာရာ၌ ေတြ႕ရိွခဲ့သည္။

ယင္းဓာတ္တိုးဆန္႔က်င္ပစၥည္းက အသည္းေရာင္ရမ္းမႈကို လည္း ေလွ်ာ့ခ်ႏုိုင္ေၾကာင္း သိရသည္။

ကုိယ္၀န္ေဆာင္ႂကြက္မမ်ားအား ယင္းဓာတ္တိုးဆန္႔က်င္ ပစၥည္းမ်ား သီတင္းပတ္ ၂၀ ၾကာ တိုက္ေကြၽး၍ ေလ့လာရာတြင္ ၎တို႔ထံမွ ေမြးလာေသာ ႂကြက္သားေပါက္မ်ား၌ အသည္းအဆီ ဖံုးေရာဂါျဖစ္ပြားႏုိင္သည့္ လကၡဏာမ်ားႏွင့္ အရြယ္ေရာက္စအရြယ္ တြင္ အသည္းေရာဂါျဖစ္ေပၚလာႏုိင္ေသာ ထိခိုက္ပ်က္စီးမႈမ်ားကုိ ကာကြယ္ေပးႏုိင္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

PQQ ဓာတ္တုိးဆန္႔က်င္ပစၥည္းကို ေျမႀကီး၊ ၾကယ္စင္စုအမႈန္႔ မ်ားႏွင့္ မိခင္ႏုိ႔ရည္တုိ႔တြင္ ေတြ႕ရသည္။ ယင္းဓာတ္တုိးဆန္႔က်င္ ပစၥည္းသည္ ႏို႔တုိက္သတၱ၀ါမ်ားတြင္ ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါ ေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္းျဖစ္ၿပီး သေဘၤာသီး၊ ကီ၀ီသီးတို႔ကဲ့ သုိ႔ အပင္ထြက္အစားအစာအမ်ိဳးမ်ိဳး၌ ပါရိွသည္။

ယင္းဓာတ္တိုးဆန္႔က်င္ပစၥည္းကို လူသားမ်ားႏွင့္ ေလ့လာမႈ အမ်ားအျပားျပဳလုပ္ရာတြင္လည္း ေဘးအႏၲရာယ္ကင္းရွင္းေၾကာင္း ေတြ႕ရသျဖင့္ အရက္ေသာက္ျခင္းေၾကာင့္ မဟုတ္ေသာ အသည္း အဆီဖံုးေရာဂါအႏၲရာယ္မ်ားကုိ ေလွ်ာ့ခ်ေရး ကုသနည္းရွာေဖြရန္ အေရးပါေသာ ေလ့လာေတြ႕ရိွခ်က္တစ္ခုျဖစ္သည္ဟု သုေတသီ မ်ားက ေျပာသည္။                                      
ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ားသည္ ဆဲလ္မ်ားပ်က္စီးမႈကုိ တုိက္ဖ်က္ကာကြယ္ႏုိင္စြမ္းရိွေသာေၾကာင့္ ႏွလံုးေသြးေၾကာဆုိင္ရာေရာ ဂါႏွင့္ ကင္ဆာေရာဂါတုိ႔ကဲ့သုိ႔ ျပင္းထန္ေသာ ေရာဂါအခ်ိဳ႕ကုိ ကာ ကြယ္ႏုိင္သည္။ မိခင္ႏုိ႔ရည္ႏွင့္ ကီ၀ီသီး၊ ပဲမ်ား၊ တ႐ုတ္နံနံတုိ႔ကဲ့သုိ႔ အစားအစာမ်ားတြင္ ေတြ႕ရမ်ားေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ မ်ိဳးက အရက္ေသာက္ျခင္းေၾကာင့္မဟုတ္ေသာ အသည္းအဆီဖံုး ေရာဂါကုိ ကာကြယ္ႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပ သည္။


 ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆဲလ်များပျက်စီးမှုကို တိုက်ဖျက်ကာကွယ်နိုင်စွမ်းရှိသောကြောင့် နှလုံးသွေးကြောဆိုင်ရာရော ဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ ပြင်းထန်သော ရောဂါအချို့ကို ကာ ကွယ်နိုင်သည်။ မိခင်နို့ရည်နှင့် ကီဝီသီး၊ ပဲများ၊ တရုတ်နံနံတို့ကဲ့သို့ အစားအစာများတွင် တွေ့ရများသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် မျိုးက အရက်သောက်ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံး ရောဂါကို ကာကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြ သည်။


ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အသီးအနှံများနှင့် ဟင်းသီး ဟင်းရွက်များတွင် အဓိကပါဝင်ပြီး ဆဲလ်များ ပျက်စီးမှုကို ကာကွယ်နိုင်သည်ဟု ယုံကြည်ရသည်။ ဗီတာမင်စီ၊ ဗီတာမင်အီး၊ Selenium နှင့် Carotenoid တို့သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည်။

အရက်သောက်ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံး ရောဂါသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ရောဂါတစ်မျိုးဖြစ် ပြီး အမေရိကန်နိုင်ငံတွင် ပြင်းထန်သော အသည်းရောဂါများဖြစ် ပွားမှု၏ ၇၅ ရာခိုင်နှုန်းမှာ ယင်းအသည်းရောဂါမျိုးဖြစ်သည်။

Pyrroloquinoline Quinone (PQQ) ဟုခေါ်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းသည် အဝလွန်ဖြစ်နေသော မျိုးဆက်များတွင် အ သည်းနှင့် ခန္ဓာကိုယ်အဆီများကို လျော့ကျစေနိုင်ကြောင်း သုတေသီများက ကြွက်များဖြင့် လေ့လာရာ၌ တွေ့ရှိခဲ့သည်။

ယင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသည်းရောင်ရမ်းမှုကို လည်း လျှော့ချနိုုင်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ကြွက်မများအား ယင်းဓာတ်တိုးဆန့်ကျင် ပစ္စည်းများ သီတင်းပတ် ၂၀ ကြာ တိုက်ကျွေး၍ လေ့လာရာတွင် ၎င်းတို့ထံမှ မွေးလာသော ကြွက်သားပေါက်များ၌ အသည်းအဆီ ဖုံးရောဂါဖြစ်ပွားနိုင်သည့် လက္ခဏာများနှင့် အရွယ်ရောက်စအရွယ် တွင် အသည်းရောဂါဖြစ်ပေါ်လာနိုင်သော ထိခိုက်ပျက်စီးမှုများကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

PQQ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို မြေကြီး၊ ကြယ်စင်စုအမှုန့် များနှင့် မိခင်နို့ရည်တို့တွင် တွေ့ရသည်။ ယင်းဓာတ်တိုးဆန့်ကျင် ပစ္စည်းသည် နို့တိုက်သတ္တဝါများတွင် ဖွံ့ဖြိုးမှုအတွက် အရေးပါ သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး သင်္ဘောသီး၊ ကီဝီသီးတို့ကဲ့ သို့ အပင်ထွက်အစားအစာအမျိုးမျိုး၌ ပါရှိသည်။

ယင်းဓာတ်တိုးဆန့်ကျင်ပစ္စည်းကို လူသားများနှင့် လေ့လာမှု အများအပြားပြုလုပ်ရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းကြောင်း တွေ့ရသဖြင့် အရက်သောက်ခြင်းကြောင့် မဟုတ်သော အသည်း အဆီဖုံးရောဂါအန္တရာယ်များကို လျှော့ချရေး ကုသနည်းရှာဖွေရန် အရေးပါသော လေ့လာတွေ့ရှိချက်တစ်ခုဖြစ်သည်ဟု သုတေသီ များက ပြောသည်။                                      


7Day Daily Journal မွကူးယူေဖာ္ျပသည္။

www.ibestmagazine.com
#ကိုယ္၀န္ေဆာင္ဆိုင္ရာဗဟုသုတ