Sunday, January 8, 2017

အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲမှုရောဂါ ရှိသူတွေ မှီဝဲသင့်တဲ့ဆေးနည်း


   နှစ်လိုဖွယ်မရှိ ခံစားရခက်တဲ့ ဂေါက်နဲ့ အဆစ်အမြစ်ရောဂါလက္ခဏာတွေကို ဒီဆေးနည်းနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ခုပြောပြမယ့် ဒီဆေးနည်းဟာ ဂေါက်နဲ့ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲမှုရောဂါ ကုသပေးတယ်လို့ အကြံပြုထားပါတယ်။ ပေါ့ပလာဖူးရစ် poplar bud (၅၀) ဂရမ်သာ လိုအပ်ပါတယ်။

ပြင်ဆင်ပုံပြင်ဆင်နည်း

ပေါ့ပလာဖူးခြောက်ကို အမှုန့်ဖြစ်အောင် ကြိတ်ချေပါ။ အဲဒီအမှုန့်ကို ဆားမပါတဲ့ ထောပတ် (၁၀၀) ဂရမ်နဲ့ ရောစပ်၊ သမအောင် ပေါင်းပြီး ရေခဲသေတ္တာထဲ သိမ်းထားပါ။

အသုံးပြုပုံ

အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတဲ့ နေရာမှာ သုတ်လိမ်းပေးပါ။ ပေါ့ပလာဖူးရစ်တွေမှာ အစွမ်းထက် ပဋိဇီဝဆေး၊ ပိုးသတ်ဆေး၊ ရောင်ရမ်းကိုက်ခဲမှုခုခံနိုင်စွမ်း၊ အဆိပ်အတောက် ကာကွယ်ပေးခြင်း၊ အကိုက်အခဲပျောက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ 

ဒီရောဂါလက္ခဏာတွေ သက်သာစေတဲ့အပြင် ပေါ့ပလာဖူးရစ်တွေက အနာသက်သာမှု လျင်မြန်စေပြီး ဆီးချို၊၊ ခေါင်းကိုက်၊ တုပ်ကွေး၊ လည်ချောင်းနာရောဂါ၊ ချောင်းဆိုရင်ကျပ်၊ အဆုတ်ရောင် ရောဂါ၊ ဆီးလမ်းကြောင်း ရောဂါနဲ့ နှင်းခူနာ ကုသဖို့ ရှေးတိုင်းရင်းဆေးတွေမှာ အသုံးပြုခဲ့ကြပါတယ်။

Ref: FLA
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ကျန်းမာရေး