Tuesday, January 17, 2017

ေမြးရာပါခြၽတ္ယြင္းမႈမျဖစ္ေစရန္ ကိုယ္၀န္ေဆာင္မ်ား ေဖာလစ္အက္စစ္ ေန႔စဥ္ေသာက္သင့္

 အာ႐ံုေၾကာျဖစ္ေပၚမႈႏွင့္ဆိုင္ေသာ ႁပြန္ခြၽတ္ယြင္းမႈမ်ားသည္ ကိုယ္ ၀န္ေဆာင္စဥ္အတြင္း ျဖစ္ေပၚေသာ ေမြးရာပါ ခၽြတ္ယြင္းမႈမ်ား၏ ႀကံဳေတြ႕ေနက်ပံုစံတစ္ခုျဖစ္သည္။ ကိုယ္၀န္ေဆာင္ရန္ စီစဥ္ထား ေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ ယင္းကဲ့သို႔ ေမြးရာပါ ခၽြတ္ယြင္းမႈမ်ား ျဖစ္ေပၚမလာေစေရး ေဖာလစ္အက္စစ္ ျဖည့္စြက္ေသာက္သံုးေပးရန္ လုိအပ္ေၾကာင္း ပညာရွင္မ်ားက လမ္းၫႊန္ထားသည္။


NTD ဟုေခၚေသာ အာ႐ံုေၾကာျဖစ္ေပၚမႈႏွင့္ဆုိင္သည့္ ႁပြန္ခၽြတ္ ယြင္းမႈမ်ားသည္ ကေလးငယ္၏ ေက်ာ႐ိုးႏွင့္ ဦးေႏွာက္ကုိ ထိခိုက္ ေစသည့္ အဓိက ေမြးရာပါခၽြတ္ယြင္းမႈမ်ားျဖစ္သည္။ အာ႐ံုေၾကာ ျဖစ္ေပၚမႈႏွင့္ဆုိင္ေသာ ႁပြန္ျဖစ္တည္လာသည္ႏွင့္တစ္ၿပိဳင္နက္ သေႏၶသားျဖစ္ေပၚမႈ၏ အေစာဆံုးအေျခအေန၌ မူမမွန္မႈမ်ားျဖစ္ ေပၚလာႏုိင္သည္။ ယင္းႁပြန္သည္ သာမန္အားျဖင့္ ကေလး၏ ေက်ာ ႐ိုး နာ့ဗ္ႀကိဳး၊ ေက်ာ႐ိုးႏွင့္ ဦးေႏွာက္တို႔ ဆက္လက္ျဖစ္ေပၚလာေသာ ႁပြန္ျဖစ္သည္။

ကိုယ္၀န္မေဆာင္မီႏွင့္ ကိုယ္၀န္ေဆာင္သည့္ အေစာဆံုးအ ဆင့္မ်ားတြင္ ေဖာလစ္အက္စစ္ေသာက္ေပးျခင္းျဖင့္ NTD ခၽြတ္ ယြင္းမႈမ်ားကို ကာကြယ္ႏုိင္ေၾကာင္း စစ္ေဆးေတြ႕ရွိထားသည္။

ေဖာလစ္အက္စစ္ကို အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ားမွ သဘာ၀အေလ်ာက္ရရွိႏုိုင္ေသာ္လည္း အမ်ိဳးသမီးအမ်ားစုသည္ ေဖာလစ္အက္စစ္ကို အစားအစာမ်ားမွ လံုေလာက္စြာ မရရွိျဖစ္ေန ေၾကာင္း သိရသည္။

အမ်ိဳးသမီးမ်ားအေနျဖင့္ ကိုယ္၀န္ရွိေနၿပီဆုိသည္ကို မသိ ေသးေသာ ကိုယ္၀န္ ပထမဆံုးလမွာပင္ NTD ခၽြတ္ယြင္းမႈမ်ား ျဖစ္ ေပၚလာႏုိင္သည္။

ယင္းေၾကာင့္ ကုိယ္၀န္မေဆာင္မီ အနည္းဆံုးတစ္လကစ၍ ကိုယ္၀န္ေဆာင္ကာလ ပထမ ႏွစ္လ၊ သံုးလအထိ ေဖာလစ္အက္စစ္ ပံုမွန္ေသာက္ေပးရန္ လိုသည္။

မ်ိဳး႐ိုးလုိက္ျခင္းေၾကာင့္ NTD ခြၽတ္ယြင္းမႈမ်ား ျဖစ္ေပၚႏုိင္ သည့္ အႏၲရာယ္ရွိေသာ အမ်ိဳးသမီးမ်ား၊ ၀က္႐ူးျပန္ေရာဂါကာကြယ္ေဆးေသာက္ဖူးသူမ်ား (သို႔မဟုတ္) ယခင္ကိုယ္၀န္ေဆာင္စဥ္ ခြၽတ္ယြင္းမႈျဖစ္ဖူးသူမ်ားအတြက္ ယင္းလမ္းၫႊန္ခ်က္ အက်ံဳးမ၀င္ ေၾကာင္း သိရသည္။  ယင္းအမ်ိဳးသမီးမ်ားသည္ ေဖာလစ္အက္စစ္ပို၍ မ်ားမ်ားေသာက္ေပးရန္ လိုအပ္ဖြယ္ရွိသည္။

NTD ခြၽတ္ယြင္းမႈျဖစ္ေစေသာ အဓိကအႏၲရာယ္မ်ားတြင္ မိခင္ မ်ား ဆီးခ်ိဳေရာဂါျဖစ္ျခင္း (သို႔မဟုတ္) အ၀လြန္ျခင္း (သို႔မဟုတ္) ေဖာလစ္အက္စစ္ကို ခႏၶာကိုယ္က ေခ်ဖ်က္ရန္ တာ၀န္ယူရေသာ အမ္ဇုိင္းမ်ား၊ သေႏၶေျပာင္းလဲမႈမ်ားပါ၀င္သည္။


 အာရုံကြောဖြစ်ပေါ်မှုနှင့်ဆိုင်သော ပြွန်ချွတ်ယွင်းမှုများသည် ကိုယ် ဝန်ဆောင်စဉ်အတွင်း ဖြစ်ပေါ်သော မွေးရာပါ ချွတ်ယွင်းမှုများ၏ ကြုံတွေ့နေကျပုံစံတစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်ရန် စီစဉ်ထား သော အမျိုးသမီးများအနေဖြင့် ယင်းကဲ့သို့ မွေးရာပါ ချွတ်ယွင်းမှုများ ဖြစ်ပေါ်မလာစေရေး ဖောလစ်အက်စစ် ဖြည့်စွက်သောက်သုံးပေးရန် လိုအပ်ကြောင်း ပညာရှင်များက လမ်းညွှန်ထားသည်။


NTD ဟုခေါ်သော အာရုံကြောဖြစ်ပေါ်မှုနှင့်ဆိုင်သည့် ပြွန်ချွတ် ယွင်းမှုများသည် ကလေးငယ်၏ ကျောရိုးနှင့် ဦးနှောက်ကို ထိခိုက် စေသည့် အဓိက မွေးရာပါချွတ်ယွင်းမှုများဖြစ်သည်။ အာရုံကြော ဖြစ်ပေါ်မှုနှင့်ဆိုင်သော ပြွန်ဖြစ်တည်လာသည်နှင့်တစ်ပြိုင်နက် သန္ဓေသားဖြစ်ပေါ်မှု၏ အစောဆုံးအခြေအနေ၌ မူမမှန်မှုများဖြစ် ပေါ်လာနိုင်သည်။ ယင်းပြွန်သည် သာမန်အားဖြင့် ကလေး၏ ကျော ရိုး နာ့ဗ်ကြိုး၊ ကျောရိုးနှင့် ဦးနှောက်တို့ ဆက်လက်ဖြစ်ပေါ်လာသော ပြွန်ဖြစ်သည်။

ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်သည့် အစောဆုံးအ ဆင့်များတွင် ဖောလစ်အက်စစ်သောက်ပေးခြင်းဖြင့် NTD ချွတ် ယွင်းမှုများကို ကာကွယ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။

ဖောလစ်အက်စစ်ကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များမှ သဘာဝအလျောက်ရရှိနိုုင်သော်လည်း အမျိုးသမီးအများစုသည် ဖောလစ်အက်စစ်ကို အစားအစာများမှ လုံလောက်စွာ မရရှိဖြစ်နေ ကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ရှိနေပြီဆိုသည်ကို မသိ သေးသော ကိုယ်ဝန် ပထမဆုံးလမှာပင် NTD ချွတ်ယွင်းမှုများ ဖြစ် ပေါ်လာနိုင်သည်။

ယင်းကြောင့် ကိုယ်ဝန်မဆောင်မီ အနည်းဆုံးတစ်လကစ၍ ကိုယ်ဝန်ဆောင်ကာလ ပထမ နှစ်လ၊ သုံးလအထိ ဖောလစ်အက်စစ် ပုံမှန်သောက်ပေးရန် လိုသည်။

မျိုးရိုးလိုက်ခြင်းကြောင့် NTD ချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင် သည့် အန္တရာယ်ရှိသော အမျိုးသမီးများ၊ ဝက်ရူးပြန်ရောဂါကာကွယ်ဆေးသောက်ဖူးသူများ (သို့မဟုတ်) ယခင်ကိုယ်ဝန်ဆောင်စဉ် ချွတ်ယွင်းမှုဖြစ်ဖူးသူများအတွက် ယင်းလမ်းညွှန်ချက် အကျုံးမဝင် ကြောင်း သိရသည်။  ယင်းအမျိုးသမီးများသည် ဖောလစ်အက်စစ်ပို၍ များများသောက်ပေးရန် လိုအပ်ဖွယ်ရှိသည်။

NTD ချွတ်ယွင်းမှုဖြစ်စေသော အဓိကအန္တရာယ်များတွင် မိခင် များ ဆီးချိုရောဂါဖြစ်ခြင်း (သို့မဟုတ်) အဝလွန်ခြင်း (သို့မဟုတ်) ဖောလစ်အက်စစ်ကို ခန္ဓာကိုယ်က ချေဖျက်ရန် တာဝန်ယူရသော အမ်ဇိုင်းများ၊ သန္ဓေပြောင်းလဲမှုများပါဝင်သည်။

7Day Daily Journal မွကူးယူေဖာ္ျပသည္။

www.ibestmagazine.com
#ကိုယ္၀န္ေဆာင္ရာက်န္းမာေရး