Thursday, January 5, 2017

အသက္အရြယ္အလိုက္ ကေလးငယ္၏ ဖြံ႔ျဖိဳးႀကီးထြားမႈမ်ား



ကေလးအသက္ သံုးလတြင္—

အလင္းေရာင္ႏွင့္ ေတာက္ပေသာ အေရာင္မ်ားဘက္သို႔ ေခါင္းလွည့္တတ္ရမည္။ က်ယ္ေလာင္ေသာ အသံလာရာသို႔ ၾကည့္တတ္ရမည္။ လက္ႏွစ္ဖက္လံုး လက္သီးဆုပ္တတ္ရမည္။ လက္ေရာေျခပါ လႈပ္ရွား ရုန္းကန္တတ္ရမည္။ ျပံဳးျပတတ္ရမည္။ ဝူးဝူးဝါးဝါး စသည္ျဖင့္ မပီသေသးေသာ ေအာ္သံကို ျပဳတတ္ရမည္။

ကေလးအသက္ တႏွစ္တြင္—

အမွီမပါဘဲ ထိုင္ႏိုင္ရမည္။ ေလးဘက္ တြားသြားႏိုင္ရမည္။ အမွီကိုကိုင္ျပီး မတ္တတ္ရပ္ႏိုင္ရမည္။ လက္မ လက္ညႇိဳးတို႔ျဖင့္ ညႇပ္ျပီး ပစၥည္းတခုခုကို ေကာက္ယူႏိုင္ရမည္။ လြယ္ကူ ရွင္းလင္းေသာ ညႊန္ၾကားခ်က္ကို လိုက္နာႏိုင္ရမည္။ ခ်စ္ခင္ တြယ္တာတတ္ရမည္။ စကား တလံုးစ ႏွစ္လံုး စ ေျပာတတ္ရမည္။

ကေလးအသက္ ႏွစ္ႏွစ္တြင္—

စကား ႏွစ္လံုး သံုးလံုး ျပည့္စံုေသာ ဝါက်မ်ား ေျပာတတ္ရမည္။ ေတြ႔ေနက် အရာဝတၳဳမ်ားကို မွတ္မိရမည္။ လမ္းေလွ်ာက္ရင္း ပစၥည္းတခုခုကို သယ္ယူႏိုင္ရမည္။ သူမ်ားေျပာေသာ စကားကို လိုက္ေျပာတတ္ရမည္။ ကိုယ္တိုင္ ကိုယ္တြယ္ စားေသာက္ႏိုင္ရမည္။ ဆံပင္၊ နားရြက္၊ ႏွာေခါင္း စသည္တို႔ကို ညႊန္ျပတတ္ရမည္။

ကေလးအသက္ ေလးႏွစ္တြင္—

-ေျခတေပါင္က်ိဳး ရပ္တတ္ရမည္။ အျခားသူမ်ားႏွင့္ အတူ လြယ္ကူေသာ ကစားနည္းမ်ားကို ကစားတတ္ရမည္။ ေမးခြန္းမ်ား ေမးတတ္ရမည္။ လြယ္ကူရွင္းလင္းေသာ ေမးခြန္းမ်ားကိုလည္း ေျဖတတ္ရမည္။ ခံစားမႈမ်ားကိုလည္း ေဖာ္ျပတတ္ရမည္။ အကူအညီ မလိုဘဲ ကိုယ္တိုင္ ေျခလက္ေဆးတတ္ရမည္။ အေျခခံ အေရာင္ ေျခာက္မ်ိဳးကို ခြဲျခား ညႊန္ျပတတ္ရမည္။

ကေလးအသက္ ငါးႏွစ္အရြယ္တြင္—

ရွင္းလင္းျပတ္သားစြာ စကားေျပာႏိုင္ရမည္။ အကူအညီမလိုဘဲ ကိုယ္တိုင္ ဝတ္စားဆင္ယင္ႏိုင္ရမည္။ စက္ဝိုင္း၊ ေလးေထာင့္ပံု၊ စတုဂံ၊ ႀတိဂံမ်ားကို ကူးဆြဲတတ္ရမည္။ အရာဝတၳဳမ်ားကို ၅-ခု၊ ၁၀-ခု၊ စသည္ျဖင့္ ေရတြက္တတ္ရမည္။

သင့္ကေလးငယ္သည္ သက္ဆိုင္ေသာ အသက္အပိုင္းအျခား ေရာက္သည့္တိုင္ ေဖာ္ျပထားသည့္ ဖြ႔ံျဖိဳးမႈမ်ားကို ျပသျခင္း မရွိလွ်င္ ကေလးငယ္ကို ပိုမိုဂရုစိုက္ရန္ လိုေပသည္။ ခ်ိဳ႔ယြင္းခ်က္ကို ျပင္ဆင္ျပီး စိတ္ေရာ ကိုယ္ပါ ဖြ႔ံျဖိဳးတိုးတက္ရန္ အစဥ္ဂရုတစိုက္ေစာင့္ၾကည့္သင့္ေပသည္။

ေဖာ္ျပပါ အခ်က္မ်ားကို အျပည့္အဝ လိုက္နာျခင္းျဖင့္ သင့္ရင္ေသြး၏ အနာဂတ္အေရးကို သင္ကိုယ္တိုင္ စိတ္ႀကိဳက္ ဖန္တီးႏိုင္ပါေၾကာင္း တင္ျပလိုက္ရေပသည္။



ကလေးအသက် သုံးလတွင်—

အလင်းရောင်နှင့် တောက်ပသော အရောင်များဘက်သို့ ခေါင်းလှည့်တတ်ရမည်။ ကျယ်လောင်သော အသံလာရာသို့ ကြည့်တတ်ရမည်။ လက်နှစ်ဖက်လုံး လက်သီးဆုပ်တတ်ရမည်။ လက်ရောခြေပါ လှုပ်ရှား ရုန်းကန်တတ်ရမည်။ ပြုံးပြတတ်ရမည်။ ဝူးဝူးဝါးဝါး စသည်ဖြင့် မပီသသေးသော အော်သံကို ပြုတတ်ရမည်။

ကလေးအသက် တနှစ်တွင်—

အမှီမပါဘဲ ထိုင်နိုင်ရမည်။ လေးဘက် တွားသွားနိုင်ရမည်။ အမှီကိုကိုင်ပြီး မတ်တတ်ရပ်နိုင်ရမည်။ လက်မ လက်ညှိုးတို့ဖြင့် ညှပ်ပြီး ပစ္စည်းတခုခုကို ကောက်ယူနိုင်ရမည်။ လွယ်ကူ ရှင်းလင်းသော ညွှန်ကြားချက်ကို လိုက်နာနိုင်ရမည်။ ချစ်ခင် တွယ်တာတတ်ရမည်။ စကား တလုံးစ နှစ်လုံး စ ပြောတတ်ရမည်။

ကလေးအသက် နှစ်နှစ်တွင်—

စကား နှစ်လုံး သုံးလုံး ပြည့်စုံသော ဝါကျများ ပြောတတ်ရမည်။ တွေ့နေကျ အရာဝတ္ထုများကို မှတ်မိရမည်။ လမ်းလျှောက်ရင်း ပစ္စည်းတခုခုကို သယ်ယူနိုင်ရမည်။ သူများပြောသော စကားကို လိုက်ပြောတတ်ရမည်။ ကိုယ်တိုင် ကိုယ်တွယ် စားသောက်နိုင်ရမည်။ ဆံပင်၊ နားရွက်၊ နှာခေါင်း စသည်တို့ကို ညွှန်ပြတတ်ရမည်။

ကလေးအသက် လေးနှစ်တွင်—

-ခြေတပေါင်ကျိုး ရပ်တတ်ရမည်။ အခြားသူများနှင့် အတူ လွယ်ကူသော ကစားနည်းများကို ကစားတတ်ရမည်။ မေးခွန်းများ မေးတတ်ရမည်။ လွယ်ကူရှင်းလင်းသော မေးခွန်းများကိုလည်း ဖြေတတ်ရမည်။ ခံစားမှုများကိုလည်း ဖော်ပြတတ်ရမည်။ အကူအညီ မလိုဘဲ ကိုယ်တိုင် ခြေလက်ဆေးတတ်ရမည်။ အခြေခံ အရောင် ခြောက်မျိုးကို ခွဲခြား ညွှန်ပြတတ်ရမည်။

ကလေးအသက် ငါးနှစ်အရွယ်တွင်—

ရှင်းလင်းပြတ်သားစွာ စကားပြောနိုင်ရမည်။ အကူအညီမလိုဘဲ ကိုယ်တိုင် ဝတ်စားဆင်ယင်နိုင်ရမည်။ စက်ဝိုင်း၊ လေးထောင့်ပုံ၊ စတုဂံ၊ တြိဂံများကို ကူးဆွဲတတ်ရမည်။ အရာဝတ္ထုများကို ၅-ခု၊ ၁၀-ခု၊ စသည်ဖြင့် ရေတွက်တတ်ရမည်။

သင့်ကလေးငယ်သည် သက်ဆိုင်သော အသက်အပိုင်းအခြား ရောက်သည့်တိုင် ဖော်ပြထားသည့် ဖွ့ံဖြိုးမှုများကို ပြသခြင်း မရှိလျှင် ကလေးငယ်ကို ပိုမိုဂရုစိုက်ရန် လိုပေသည်။ ချို့ယွင်းချက်ကို ပြင်ဆင်ပြီး စိတ်ရော ကိုယ်ပါ ဖွ့ံဖြိုးတိုးတက်ရန် အစဉ်ဂရုတစိုက်စောင့်ကြည့်သင့်ပေသည်။

ဖော်ပြပါ အချက်များကို အပြည့်အဝ လိုက်နာခြင်းဖြင့် သင့်ရင်သွေး၏ အနာဂတ်အရေးကို သင်ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးနိုင်ပါကြောင်း တင်ပြလိုက်ရပေသည်။

ေမာင္စိုင္း
kanaung မွ ကူးယူေဖာ္ျပသည္။
www.ibestmagazine.com

 #ဗဟုသုတ