Monday, January 2, 2017

သဘာဝဆားဝက်ခြံ ဖယ်ရှားနည်း

မွှေးညင်းပေါက်တွေ အပြောင်းအလဲဖြစ်ပေါ်မှုကြောင့် ဆားဝက်ခြံတွေ ဖြစ်ပေါ်ပါတယ်။ ဆားဝက်ခြံဆိုတာ မျက်နှာပေါ် ဖြစ်ပေါ်လေ့ရှိတဲ့ ဝက်ခြံအသေးစား ဖြစ်ပါတယ်။ ဝက်ဆားခြံက ရင်ဘတ်၊ နောက်ကျော၊ လက်မောင်း၊ လည်ပင်းနဲ့ ပခုံးတွေမှာလည်း ပေါက်နိုင်ပါတယ်။ ဆားဝက်ခြံတွေဟာ အရမ်းဆိုးပြီး ရှင်းလင်းဖို့ ခက်ခဲတတ်ပါတယ်။ လူအမျိုးစုက ခွာချွတ်နည်းတွေ သုံးကြပေမယ့်  အဲဒီနည်းက နှာခေါင်းပေါ်က အရေပြားကို ခြောက်သွေ့သွားစေပါတယ်။

တကယ်အသုံးဝင်တဲ့ ဒီသဘာဝနည်းကို စမ်းသုံးကြည့်နိုင်ပါတယ်။

လွယ်ကူတဲ့ ဆားဝက်ခြံဖယ်ရှားနည်း

ပါဝင်ပစ္စည်းများ

သံပုယိုသီး တစ်ခြမ်း

ပျားရည် (၃) စက်

လမ်းညွှန်ချက်

၁။ သံပုယိုနဲ့ ပျားရည်ရောစပ်ပါ။

၂။ အဲဒီအရောအနှောနဲ့ မျက်နှာကို လိမ်းပေးရပါမယ်။

၃။ ၅ မိနစ်ကနေ ၁၀ မိနစ်ထားပေးပါ။

၎။ ရေအေးနဲ့ ဆေးချပါ။

အကျိုးကျေးဇူးများ

ပျားရည်
ပျားရည်ဟာ သဘာဝပဋ္ဋိဇီဝဆေးလို့ သိရပါပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်။ နောက်ပြီး ပျားရည်က ချွေးပေါက်တွေ တင်းရင်းစေ၊ အစိုဓာတ်တွေရစေပြီး အသားအရေကြည်လင်ဝင်းပစေပါတယ်။ ပျားရည်မှာ ရောဂါပိုးတွေ ဖျက်ဆီးပြီး ချွေးပေါက်ပိတ်ဆို့မှု ရှင်းလင်းပေးတဲ့ ပိုးသတ်ဆေး၊ ဓာတ်ဆန့်ကျင်ပစ္စည်းနဲ့ ဘက်တီးရီးယားပိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

သံပုယို
သံပုယိုမှာ အရေပြားဆဲလ်တွေဖယ်ရှားပြီး အရေပြားသစ်ဖြစ်ပေါ်စေတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

Trend Myanmar မှကူးယူဖော်ပြသည်။

www.ibestmagazine.com
#အလှအပ