Tuesday, January 17, 2017

လႈပ္ရွားမႈနည္းေသာ အျပဳအမူေၾကာင့္ မွတ္ဉာဏ္ဆံုး႐ႈံးႏုိင္ေျခမ်ား

ေလ့က်င့္ခန္းမလုပ္ေသာ (သုိ႔မဟုတ္) မလႈပ္မရွားေနေလ့ရိွ ေသာ သက္ႀကီးရြယ္အုိမ်ားသည္ မ်ိဳး႐ုိးလုိက္၍ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ျဖစ္ေပၚေသာ အရြယ္ေရာက္ၿပီးသူမ်ားနည္းတူ ယင္းေရာဂါျဖစ္ပြား ႏုိင္ေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

ကမၻာတစ္၀န္းမွတ္ဉာဏ္ဆံုး႐ႈံးမႈ ဒဏ္ခံစားေနရသူ ၄၇ ဒသမ ၅ သန္းခန္႔ရိွေၾကာင္း သိရသည္။

၂၀၃၀ တြင္ ယင္းအေရအတြက္သည္ ၇၅ ဒသမ ၆ သန္းသုိ႔ ျမင့္တက္လာမည္ဟု ေမွ်ာ္လင့္ရသည္။

Alzheimer ေခၚ ဇရာႀကိဳေရာဂါသည္ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ႀကံဳေတြ႕ရမည့္ အမ်ားဆံုးေရာဂါပံုစံျဖစ္ၿပီး ၆၀ ရာခုိင္ႏႈန္းမွ ၈၀ ရာခိုင္ႏႈန္းအထိ မွတ္ဉာဏ္ဆံုး႐ႈံးမႈႏွင့္ ရင္ဆုိင္ေနရသည္။

အေမရိကန္တစ္ႏုိင္ငံတည္းတြင္ ဇရာႀကိဳေရာဂါျဖစ္ပြားသူ ၅ ဒသမ ၄ သန္းရိွသည္။

E( APOE) e4 ဟုေခၚေသာ မ်ိဳးဗီဇေၾကာင့္ ဇရာႀကိဳေရာဂါျဖစ္ပြားႏုိင္ေျခ သံုးဆျမင့္မားေၾကာင္း သိရသည္။

ယင္းအေျခအေနသည္ မ်ိဳး႐ုိးလုိက္ျခင္းျဖစ္ေသာ္လည္း ကိုယ္လက္လႈပ္ရွားမႈမရိွေသာ သက္ႀကီးရြယ္အိုမ်ားလည္း မွတ္ဉာဏ္ဆံုး႐ႈံးႏုိင္သည့္ အႏၲရာယ္ျမင့္မားသည္ဟု သုေတသီမ်ားက ေျပာ သည္။

အသက္အရြယ္ႀကီးရင့္သူမ်ားသည္ သီတင္းတစ္ပတ္လွ်င္မိနစ္ ၁၅၀ ခန္႔ အလယ္အလတ္အားစုိက္ရေသာ ေလ့က်င့္ခန္းမ်ား ျပဳလုပ္သင့္ေၾကာင္း အေမရိကန္က်န္းမာေရးအရာရိွမ်ားက လမ္းၫႊန္ထားသည္။

သုိ႔ေသာ္ အသက္(၆၀)ႏွင့္အထက္ အရြယ္မ်ားသည္ တစ္ေန႔ လွ်င္ ကိုးနာရီေက်ာ္ၾကာ မလႈပ္မရွားေနထုိင္ေလ့ရိွၾကေၾကာင္း ယခု ေလ့လာမႈက ေဖာ္ျပသည္။

သုေတသီမ်ား၏ ယခုေလ့လာမႈအရ ေလ့က်င့္ခန္းမလုပ္ေသာ သူမ်ားသည္ မ်ိဳး႐ိုးလိုက္၍ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ျဖစ္ေပၚႏုိင္သူမ်ားနည္းတူ ယင္းေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း သိရ သည္။

မ်ိဳး႐ုိလုိက္၍ ယင္းေရာဂါျဖစ္ပြားႏုိင္ေသာ အႏၲရာယ္ရိွသူမ်ား ပင္ ပံုမွန္ကုိယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းျဖင့္ မွတ္ဉာဏ္ဆံုး႐ႈံးမႈ ေလွ်ာ့ခ်ႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

လႈပ္လႈပ္ရွားရွားေနေသာ လူေနမႈဘ၀ပံုစံက ဦးေႏွာက္ပုိမုိထိေရာက္စြာ လည္ပတ္ႏုိင္ရန္ အေထာက္အကူျပဳေၾကာင္း သုေတ သီမ်ားကေျပာသည္။


 လေ့ကျင့်ခန်းမလုပ်သော (သို့မဟုတ်) မလှုပ်မရှားနေလေ့ရှိ သော သက်ကြီးရွယ်အိုများသည် မျိုးရိုးလိုက်၍ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်သော အရွယ်ရောက်ပြီးသူများနည်းတူ ယင်းရောဂါဖြစ်ပွား နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။


ကမ္ဘာတစ်ဝန်းမှတ်ဉာဏ်ဆုံးရှုံးမှု ဒဏ်ခံစားနေရသူ ၄၇ ဒသမ ၅ သန်းခန့်ရှိကြောင်း သိရသည်။

၂၀၃၀ တွင် ယင်းအရေအတွက်သည် ၇၅ ဒသမ ၆ သန်းသို့ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

Alzheimer ခေါ် ဇရာကြိုရောဂါသည် မှတ်ဉာဏ်ဆုံးရှုံးမှု ကြုံတွေ့ရမည့် အများဆုံးရောဂါပုံစံဖြစ်ပြီး ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်တစ်နိုင်ငံတည်းတွင် ဇရာကြိုရောဂါဖြစ်ပွားသူ ၅ ဒသမ ၄ သန်းရှိသည်။

E( APOE) e4 ဟုခေါ်သော မျိုးဗီဇကြောင့် ဇရာကြိုရောဂါဖြစ်ပွားနိုင်ခြေ သုံးဆမြင့်မားကြောင်း သိရသည်။

ယင်းအခြေအနေသည် မျိုးရိုးလိုက်ခြင်းဖြစ်သော်လည်း ကိုယ်လက်လှုပ်ရှားမှုမရှိသော သက်ကြီးရွယ်အိုများလည်း မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်မြင့်မားသည်ဟု သုတေသီများက ပြော သည်။

အသက်အရွယ်ကြီးရင့်သူများသည် သီတင်းတစ်ပတ်လျှင်မိနစ် ၁၅၀ ခန့် အလယ်အလတ်အားစိုက်ရသော လေ့ကျင့်ခန်းများ ပြုလုပ်သင့်ကြောင်း အမေရိကန်ကျန်းမာရေးအရာရှိများက လမ်းညွှန်ထားသည်။

သို့သော် အသက်(၆၀)နှင့်အထက် အရွယ်များသည် တစ်နေ့ လျှင် ကိုးနာရီကျော်ကြာ မလှုပ်မရှားနေထိုင်လေ့ရှိကြကြောင်း ယခု လေ့လာမှုက ဖော်ပြသည်။

သုတေသီများ၏ ယခုလေ့လာမှုအရ လေ့ကျင့်ခန်းမလုပ်သော သူများသည် မျိုးရိုးလိုက်၍ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သူများနည်းတူ ယင်းရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရ သည်။

မျိုးရိုလိုက်၍ ယင်းရောဂါဖြစ်ပွားနိုင်သော အန္တရာယ်ရှိသူများ ပင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် မှတ်ဉာဏ်ဆုံးရှုံးမှု လျှော့ချနိုင်သည်ဟု သုတေသီများကပြောသည်။

လှုပ်လှုပ်ရှားရှားနေသော လူနေမှုဘဝပုံစံက ဦးနှောက်ပိုမိုထိရောက်စွာ လည်ပတ်နိုင်ရန် အထောက်အကူပြုကြောင်း သုတေ သီများကပြောသည်။                                    


7Day Daily Journal မွကူးယူေဖာ္ျပသည္။

www.ibestmagazine.com
#ေဆး၀ါး