Sunday, January 8, 2017

ဖက်ရှင်နဲ့ပတ်သက်ပြီး ၂၀၁၆ခုနှစ်နဲ့အတူ ထားခဲ့သင့်တဲ့ အလေ့အကျင့်များ


  ခုဆို ၂၀၁၇ခုနှစ် ထဲရောက်လာပြီဆိုတော့  ငါတော့ဖြင့် အရင်နှစ်မှာ ဘာတွေလုပ်ခဲ့တယ်။ ဒီနှစ်တော့ မကောင်းတဲ့အကျင့်လေးတွေ စွန့်ခဲ့ပြီး ဘယ်လိုအကျင့်မျိုးလေးတွေ၊ စိတ်ဓာတ်လေးတွေ ပြင်မယ်ဆိုတဲ့ resolution တွေပြောတတ်ကြပါတယ်။ ဒီတော့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ၂၀၁၇အထိ ယူမလာသင့်ပဲ ၂၀၁၇မှာပဲ ထားခဲ့သင့်တဲ့အရာတွေ ရှိပါတယ်။ တစ်ချို့အကျင့်လေးတွေက ပြင်သင့်တဲ့အကျင့်မျိုးလေးတွေပေါ့။ ဘယ်လိုဖက်ရှင်အလေ့အကျင့်လေးတွေကို ၂၀၁၇မှာ မွေးမြူပြီး ဘယ်လိုအရာတွေ ထားခဲ့ရမယ်ဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။

၁။ ကိုယ်နဲ့မတော်တာတွေ၊ ကြီးလွန်းတာတွေကို အတင်းကြီးဆွဲစိဝတ်တာမျိုး မလုပ်ပါနဲ့တော့။

၂။ မနက်အတွက် အ၀တ်အစားကို ညကတည်းက ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်လေး မွေးပါ။ သွားခါနီးမှ ကောက်ခါငင်ခါ အ၀တ်အစား စီစဉ်ရတာမျိုးတွေ ရှောင်ကြဉ်ပါ။

၃။ ဘယ်ပွဲဖြစ်ဖြစ် အနက်ရောင်ကိုပဲ ရွေးချယ်ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့တော့။ ကာလာအဆန်းလေးတွေ၊ မ၀တ်ဖူးတဲ့ ကာလာလေးတွေ စတင်ရွေးချယ်ဝတ်ပါ။

၎။ ကိုယ့်ခန္ဓာကိုယ်အချိုးအစား ဘယ်လောက်ရှိတယ်၊ ခါးဆိုက်ဒ်၊ ဖိနပ်ဆိုက်ဒ်တွေ သိအောင် ကြိုးစားပါ။

၅။ တစ်ခုခုကို ၀ယ်ခါနီး ငါတကယ် ၀တ်ဖြစ်ပါ့မလား၊ ဘယ်နှစ်ကြိမ်လောက် ၀တ်ဖြစ်လိမ့်မလဲ၊ အခြားအရာတွေနဲ့တွဲစပ်ဝတ်ဆင်ဖို့ အဆင်မပြေမလားဆိုတာ မဖြစ်မနေ စဉ်းစားပါ။

၆။ Online Shop တွေက နောက်ဆုံးအချိန်မှ discount ချတာတွေကို အတင်းသိမ်းကြုံးဝယ်တာမျိုး ရှောင်ပါ။

၇။ အိမ်အပြင်ထွက်ခါနီး ကိုယ့်အကျီနဲ့ဘယ်လို accessory တွဲဖက်ဆင်မြန်းနိုင်မလဲ အမြဲကြည့်ပါ။

၈။ အတွင်းခံတွေကို မလိုအပ်မချင်း မ၀ယ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ အတွင်းခံတွေကတော့ ကြုံရင်ကြုံသလို ၀ယ်ပြီး မကြာခဏ လဲလှယ်ဝတ်ဆင်သင့်ပါတယ်။

၉။ ဖိနပ်ကို ရုံးကို ရောက်တဲ့အခါ ဒါမှမဟုတ် တစ်နေရာရာ ရောက်တဲ့အခါ ခဏချွတ်ထားလိုက်ပါ။ တစ်နေ့လုံးမချွတ်ပဲ စီးထားတာမျိုး လုံးဝမလုပ်ပါနဲ့။

၁၀။ အခြားလူတွေနဲ့ ကိုယ့်ဘာသာကို နှိုင်းယှဉ်ပြီး အ၀တ်အစားမ၀ယ်ပါနဲ့။ ကိုယ့်အချိုးအစား၊ ကိုယ်နဲ့လိုက်ဖက်တာက ဘယ်လိုဒီဇိုင်းမျိုးလဲဆိုတာ သိအောင်လုပ်ပြီးတော့မှ အ၀တ်အစား ၀ယ်ပါ။

Ref:popsugar
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com

#ဆယ်ကျော်သက်အလှအပ