Tuesday, December 13, 2016

သက္မြန္ျမင့္ရဲ႔ Sweet Child



သက္မြန္ျမင့္ ဖြင့္တဲ့ Sweet Child ကေလးအသံုးအေဆာင္ပစၥည္းဆိုင္ကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္က ရန္ကုန္ၿမိဳ႔ ဆရာစံလမ္းရွိ အမွတ္ ၅၄(က) မွာဖြင့္လွစ္ခဲ့ပါတယ္။ ေမြးကင္းစကေနစၿပီး ၆ နွစ္ ၇ ႏွစ္ေလာက္ထိရွိတဲ့ ကေလးပစၥည္းမ်ားနဲ႔ အ၀တ္အစားမ်ားကို ရရွိႏိုင္ၿပီး Sweet Child အမွတ္တံဆိပ္ ကေလးအ၀တ္အစားမ်ားကို သက္မြန္ျမင့္ကိုယ္တိုင္ ထုတ္လုပ္ေရာင္းခ်တာလဲျဖစ္ပါတယ္။ ၁၀၀ ရာခိုင္ႏႈန္းခ်ည္သား၊ ဆိုးေဆးလံုး၀မပါ၀င္ပဲ အသားအိအိေလးနဲ႔ ၀တ္လို႔ေကာင္းေစတဲ့ ကေလး၀တ္အထည္မ်ားကို Sweet Child အမွတ္တံဆိပ္နဲ႔ ေရာင္းခ်ေပးေနတာျဖစ္သလို ကေလးနဲ႔ပတ္သက္တဲ့အျခားအသံုးအေဆာင္ပစၥည္းမ်ားကိုလဲ တစ္ေနရာတည္းမွာရႏိုင္ေအာင္ စီစဥ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာသြင္းထားၿပီးသားျဖစ္တဲ့ ကေလးပစၥည္းေတြထဲကမွ အေကာင္းဆံုးဆိုတဲ့ကေလးပစၥည္းေတြကိုလဲ ေရာင္းခ်ေပးေနတာျဖစ္ပါတယ္။

Sweet Child ဆိုင္ဖြင့္ျဖစ္တာနဲပတ္သက္ၿပီး သက္မြန္ျမင့္က "အားခ်စ္ကိုယ္၀န္နဲ႔တုန္းက  အႏုပညာအလုပ္ေတြနားတဲ့အခ်ိန္မွာ စီးပြားေရးလုပ္မလားဆိုၿပီး စဥ္းစားေတာ့ အမ်ိဳးသားကဘာစီးပြားေရး လုပ္မလားဟိုဟာဒီဟာ ဆိုၿပီးရြတ္ျပတယ္၊ စီးပြားေရးကလဲ ၀ါသနာမပါ၊ ကေလးဆိုင္ဖြင့္မလား ဆိုတဲ့အခ်ိန္မွာ စိတ္၀င္စားတယ္။ ပထမတုန္းက pre school ဖြင့္မလားဆိုၿပီး စဥ္းစားေသးတယ္။ ကေလးေတြကိုလဲ ခ်စ္တယ္၊ pre school ဆိုရင္ကေလးေတြကိုပဲ ေတြ႔ရမယ္။ ကေလးေတြၾကားထဲမွာပဲ ေနရမွာဆိုေတာ့ႀကိဳက္တယ္ေလ၊ ဒါေပမယ့္ စီးပြားေရးလုပ္ဖို႔ကို အရမ္းလဲစိတ္မ၀င္စားသလို ရုပ္ရွင္ကလဲရိုက္ခ်င္ေသးတယ္ဆိုေတာ့ ခ်က္ခ်င္းမလုပ္ခ်င္ဘူး၊ မႏိုင္မနင္းျဖစ္ရင္လဲမေကာင္းဘူးေလ၊ pre school ဆိုတာက ကေလးတစ္ေယာက္ရဲ႔ ဘ၀အစဆိုေတာ့ ကေလးေတြရဲ႔ပညာေရး၊ အသိပညာဖြံ႔ၿဖိဳးဖို႔က အေရးႀကီးတယ္ေလ၊ အဲဒီေတာ့ မႏိုင္မနင္းျဖစ္မယ္ဆိုၿပီး အဲဒါကိုမလုပ္ျဖစ္ပဲ ကေလးဆိုင္ေလးဖြင့္ဖို႔ေတြးလိုက္တယ္။ ဒါေပမယ့္ ပထမကိုယ္၀န္တုန္းက သိပ္သတၱိမရွိဘူးေပါ့ေလ၊ ေငြအင္အား၊ လူအင္အားလဲမရွိေတာ့ မလုပ္ရဲတာေရာ၊ ေနာက္ၿပီးရုပ္ရွင္ရိုက္ခ်င္တဲ့ ပိုးကသတ္မရတာေရာဆိုေတာ့ မလုပ္ျဖစ္ဘူး၊ အခုကိုယ္၀န္နဲ႔က်ေတာ့ အႏုပညာအလုပ္လဲ ခဏနားထားေတာ့ စီးပြားေရးျပန္လုပ္မယ္ေပါ့၊ ကေလးအေမျဖစ္လာတဲ့အခါက်ေတာ့ ဒီကေလးအတြက္ လိုအပ္တာေတြ အဆင္မေျပတာေတြသိလာတဲ့အခါက်ေတာ့ ဖြင့္ခ်င္လာတယ္၊ အဲဒါေၾကာင့္ လုပ္ျဖစ္တာ။အႏုပညာအလုပ္ကိုလဲ ဆက္လုပ္မယ္။ ကိုယ္လဲကိုယ္ျသားသမီးေတြကို ခ်စ္သလို ပရိသတ္ေတြကလဲ ကိုယ့္ကိုခ်စ္ၾကေတာ့ သူတို႔ကလဲလုပ္ေစခ်င္ေတာ့ သူတို႔ဆႏၵေတြကိုျဖည့္ဆည္းေပးရမွာေပါ့။ ကိုယ္လဲအႏုပညာသမားဆိုေတာ့ အႏုပညာအလုပ္ကိုျမတ္ႏိုးတယ္၊ အႏုပညာသမားေတြနဲ႔ team work လုပ္ရတာေပ်ာ္တယ္၊ အတတ္ႏိုင္ဆံုးေတာ့ အႏုပညာအလုပ္လုပ္ရင္း ကေလးႏွစ္ေယာက္ကိုလဲ ထိန္းရင္ေပါ့" လို႔ ဆိုပါတယ္။

ဆိုင္ဖြင့္ပဲြမွာ Sweet Child အမွတ္တံဆိပ္ အ၀တ္အစားမ်ားကို သက္မြန္ျမင့္ရဲ႔သားေလး အားခ်စ္၊ ဒီဇိုင္နာ မပံု႔(My Favourite) ရဲ႔ သားေလး ေအာ္စကာ၊ သမီးေလး၊ မိုးျပည့္ျပည့္ေမာင္ ရဲ႔သမီးေလး စတဲ့သူေတြက show အေနနဲ႔ေလွ်ာက္ၿပီး မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။



သက်မွန်မြင့် ဖွင့်တဲ့ Sweet Child ကလေးအသုံးအဆောင်ပစ္စည်းဆိုင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့ ဆရာစံလမ်းရှိ အမှတ် ၅၄(က) မှာဖွင့်လှစ်ခဲ့ပါတယ်။ မွေးကင်းစကနေစပြီး ၆ နှစ် ၇ နှစ်လောက်ထိရှိတဲ့ ကလေးပစ္စည်းများနဲ့ အဝတ်အစားများကို ရရှိနိုင်ပြီး Sweet Child အမှတ်တံဆိပ် ကလေးအဝတ်အစားများကို သက်မွန်မြင့်ကိုယ်တိုင် ထုတ်လုပ်ရောင်းချတာလဲဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းချည်သား၊ ဆိုးဆေးလုံးဝမပါဝင်ပဲ အသားအိအိလေးနဲ့ ဝတ်လို့ကောင်းစေတဲ့ ကလေးဝတ်အထည်များကို Sweet Child အမှတ်တံဆိပ်နဲ့ ရောင်းချပေးနေတာဖြစ်သလို ကလေးနဲ့ပတ်သက်တဲ့အခြားအသုံးအဆောင်ပစ္စည်းများကိုလဲ တစ်နေရာတည်းမှာရနိုင်အောင် စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာသွင်းထားပြီးသားဖြစ်တဲ့ ကလေးပစ္စည်းတွေထဲကမှ အကောင်းဆုံးဆိုတဲ့ကလေးပစ္စည်းတွေကိုလဲ ရောင်းချပေးနေတာဖြစ်ပါတယ်။

Sweet Child ဆိုင်ဖွင့်ဖြစ်တာနဲပတ်သက်ပြီး သက်မွန်မြင့်က "အားချစ်ကိုယ်ဝန်နဲ့တုန်းက  အနုပညာအလုပ်တွေနားတဲ့အချိန်မှာ စီးပွားရေးလုပ်မလားဆိုပြီး စဉ်းစားတော့ အမျိုးသားကဘာစီးပွားရေး လုပ်မလားဟိုဟာဒီဟာ ဆိုပြီးရွတ်ပြတယ်၊ စီးပွားရေးကလဲ ၀ါသနာမပါ၊ ကလေးဆိုင်ဖွင့်မလား ဆိုတဲ့အချိန်မှာ စိတ်ဝင်စားတယ်။ ပထမတုန်းက pre school ဖွင့်မလားဆိုပြီး စဉ်းစားသေးတယ်။ ကလေးတွေကိုလဲ ချစ်တယ်၊ pre school ဆိုရင်ကလေးတွေကိုပဲ တွေ့ရမယ်။ ကလေးတွေကြားထဲမှာပဲ နေရမှာဆိုတော့ကြိုက်တယ်လေ၊ ဒါပေမယ့် စီးပွားရေးလုပ်ဖို့ကို အရမ်းလဲစိတ်မဝင်စားသလို ရုပ်ရှင်ကလဲရိုက်ချင်သေးတယ်ဆိုတော့ ချက်ချင်းမလုပ်ချင်ဘူး၊ မနိုင်မနင်းဖြစ်ရင်လဲမကောင်းဘူးလေ၊ pre school ဆိုတာက ကလေးတစ်ယောက်ရဲ့ ဘဝအစဆိုတော့ ကလေးတွေရဲ့ပညာရေး၊ အသိပညာဖွံ့ဖြိုးဖို့က အရေးကြီးတယ်လေ၊ အဲဒီတော့ မနိုင်မနင်းဖြစ်မယ်ဆိုပြီး အဲဒါကိုမလုပ်ဖြစ်ပဲ ကလေးဆိုင်လေးဖွင့်ဖို့တွေးလိုက်တယ်။ ဒါပေမယ့် ပထမကိုယ်ဝန်တုန်းက သိပ်သတ္တိမရှိဘူးပေါ့လေ၊ ငွေအင်အား၊ လူအင်အားလဲမရှိတော့ မလုပ်ရဲတာရော၊ နောက်ပြီးရုပ်ရှင်ရိုက်ချင်တဲ့ ပိုးကသတ်မရတာရောဆိုတော့ မလုပ်ဖြစ်ဘူး၊ အခုကိုယ်ဝန်နဲ့ကျတော့ အနုပညာအလုပ်လဲ ခဏနားထားတော့ စီးပွားရေးပြန်လုပ်မယ်ပေါ့၊ ကလေးအမေဖြစ်လာတဲ့အခါကျတော့ ဒီကလေးအတွက် လိုအပ်တာတွေ အဆင်မပြေတာတွေသိလာတဲ့အခါကျတော့ ဖွင့်ချင်လာတယ်၊ အဲဒါကြောင့် လုပ်ဖြစ်တာ။အနုပညာအလုပ်ကိုလဲ ဆက်လုပ်မယ်။ ကိုယ်လဲကိုယ်သြားသမီးတွေကို ချစ်သလို ပရိသတ်တွေကလဲ ကိုယ့်ကိုချစ်ကြတော့ သူတို့ကလဲလုပ်စေချင်တော့ သူတို့ဆန္ဒတွေကိုဖြည့်ဆည်းပေးရမှာပေါ့။ ကိုယ်လဲအနုပညာသမားဆိုတော့ အနုပညာအလုပ်ကိုမြတ်နိုးတယ်၊ အနုပညာသမားတွေနဲ့ team work လုပ်ရတာပျော်တယ်၊ အတတ်နိုင်ဆုံးတော့ အနုပညာအလုပ်လုပ်ရင်း ကလေးနှစ်ယောက်ကိုလဲ ထိန်းရင်ပေါ့" လို့ ဆိုပါတယ်။

ဆိုင်ဖွင့်ပွဲမှာ Sweet Child အမှတ်တံဆိပ် အဝတ်အစားများကို သက်မွန်မြင့်ရဲ့သားလေး အားချစ်၊ ဒီဇိုင်နာ မပုံ့(My Favourite) ရဲ့ သားလေး အော်စကာ၊ သမီးလေး၊ မိုးပြည့်ပြည့်မောင် ရဲ့သမီးလေး စတဲ့သူတွေက show အနေနဲ့လျှောက်ပြီး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

yangonlife မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com