Tuesday, December 13, 2016

Selfie အလွန်အမင်းရိုက်ခြင်းကအရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေ






အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သူMehreenBaigဟာ Selfie ရိုက်တာကိုစွဲလမ်းနေတဲ့သူပါ။သူမဟာတစ်နေ့ကိုအနည်းဆုံး Selfie အပုံ ၅၀ ကျော်နီးပါးရိုက်တတ်ပြီးလှပသည့်ပုံများကိုရွေးကာသူမ၏လူမှုကွန်ရက်မှာတင်တတ်သူပါ။သူမဟာ Selfie ရိုက်တာကိုစွဲလမ်းနေသည့်အတွက်ဖုန်းမှထွက်ရှိသည့်ဓာတ်ရောင်ခြည်ကအသားအရေကိုထိခိုက်မှာစိုးရိမ်သည့်အတွက်အရေပြားအထူးကုနှင့်သွားရောက်ပြသခဲ့ပါတယ်။

အရေပြားဆရာဝန်ကစမ်းသပ်ပြီးနောက်မှာတော့သူမမျက်နှာ၏အသားအရေဟာအမှန်တကယ်ပဲထိခိုက်နေပြီးအစက်အပျောက်လေးတွေလည်းရှိနေပါပြီလို့ ဆိုပါတယ်။သူမရဲ့အသက် ၂၆ နှစ်သာရှိသေးသော်လည်းသူမအသားအရေကတော့ အသက် ၄၀ ရှိတဲ့သူတစ်ယောက်ရဲ့အသားအရေမျိုးဖြစ်နေပါပြီ။ အင်္ဂလန်အရေပြားဆရာဝန် Simon Zokaieပြောကြားချက်အရအချိန်အတော်အကြာဖုန်းနှင့်ကွန်ပျူတာအသုံးပြုသူအတွက် ၄င်းတို့မှ ထွက်ရှိသည့်ဓာတ်ရောင်ခြည်များကအရေပြားကိုအလွန်ပင်ထိခိုက်စေပါတယ်လို့ဆိုပါတယ်။ အရေပြားကိုထိုဓာတ်ရောင်ခြည်များကိုတိုက်ရိုက်ထိခိုက်မှု လျှော့ချဖို့အကောင်းဆုံးနည်းလမ်းကတော့ SPAပါဝင်နှုန်း မြင့်သည့်အလှကုန်များနှင့် Suncreenများကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။

သို့ပေမဲ့လည်းဖုန်းနှင့်ကွန်ပျူတာမှထွက်သည့်ဓာတ်ရောင်ခြည်ကိုတော့အပြည့်အဝမကာကွယ်နိုင်ပါဘူး။
ထို့အပြင်လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ Facial Aesthetic Conference and Exhibition (FACE) ပွဲမှာလည်း Selfie နှင့်အိုမင်းရင့်ရော်ချင်းကိုမြန်စေသည့်အကြောင်းကိုလည်းအရေပြားပညာရှင်တွေကသတိပေးခဲ့ပါတယ်။ ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်ဟာနေရောင်ခြည်နဲ့ လှိုင်းအလျားမတူတဲ့အတွက် နေလောင်ခံခရင်မ်တွေ လိမ်းထားရင်လည်းအရေပြားထိခိုက်တာကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့ အရေပြားပညာရှင်တစ်ဦးကပြောကြားသတိပေးထားပါတယ်။

myanmar.china မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com