Tuesday, December 6, 2016

ဆေးလိပ်သောက်သော လူငယ်များ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ရှစ်ဆပိုများ


   ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားပြီး အထူးသဖြင့် ဆေးလိပ်သောက်သော လူငယ် များ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှစ်ဆပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) ၏ စာ ရင်းများအရ အမေရိကန်နိုင်ငံသား ၁၆ သန်းသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးမျိုးနှင့် ကြုံတွေ့နေရကြောင်း သိရသည်။


ကင်ဆာ၊ နှလုံးရောဂါနှင့်လေဖြတ်ခြင်းသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်သော ရောဂါများအနက် အချို့သောရောဂါများ ဖြစ်သည့် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် အဆုတ်ရောဂါများ၊ ဆီးချိုရောဂါနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုရောဂါ(COPD)တို့ဖြစ် ပွားနိုင်သည်။ နှလုံးရောဂါဖြင့် လူသေဆုံးမှုသုံးခုတွင် တစ်ခုသည်ဆေးရွက်ကြီးအသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း CDC ၏ စာရင်းများ အရသိရသည်။

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံး၏ အဓိကသွေးကြောများ အနက် တစ်ခု ရုတ်တရက် လုံးဝပိတ်ဆို့သွားပြီး နှလုံးကြွက်သားများ သေဆုံးသွားကာ ပြင်းထန်သော နှလုံးရောဂါဖြစ်ပွားနိုင်သည်။

အသက်(၅၀)အောက် ဆေးလိပ်သောက်သူများသည် ယင်း ကဲ့သို့ ပြင်းထန်သော နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ရှစ်ဆပိုများကြောင်း ဗြိတိန်နိုင်ငံမှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သို့သော် ယခင်က ဆေးလိပ်သောက်ခဲ့ဖူးသူများသည် ယင်းအန္တရာယ်နှစ်ဆခန့်သာပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်။

လူငယ်များက နှလုံးရောဂါသည် သက်ကြီးပိုင်းများသာဖြစ်ပွား သော ရောဂါဖြစ်သည်ဟု လွဲမှားစွာ ထင်မှတ်နေခြင်းအတွက် ဖြေ ရှင်းရန် ယခုလေ့လာမှုက အထောက်အကူပြုနိုင်သည်ဟု သုတေသီများက ပြောသည်။ လူငယ်များအနေဖြင့် ကိုလက်စထရောမြင့်မား ခြင်း၊ သွေးတိုးခြင်း (သို့မဟုတ်) ဆီးချိုရောဂါတို့ကဲ့သို့ နှလုံးရောဂါဖြစ်နိုင်သည့် အခြားသောအန္တရာယ်များနည်းပါးသော်လည်း ဆေးလိပ် သောက်သုံးမှုသည် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အဓိကအန္တရာယ် တစ်ခုဖြစ်နေကာ စီးကရက်သောက်သုံးမှုကြောင့် နှလုံးသွေးကြော များ ပို၍အားလျော့စေနိုင်သည်ဟု သုတေသီများကပြောသည်။

ဆေးလိပ်သောက်သုံးသူအများစုသည် ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးအတွက် မကောင်းခြင်းကို သိထားသော်လည်း ဆေး လိပ်ဖြတ်ရန် ခက်ခဲနေကြကြောင်း သုတေသီများက ပြောသည်။နေ့စဉ်ဆေးလိပ်သောက်သုံးမှုပမာဏကို လျှော့ချလိုက်လျှင် ပင် ကျန်းမာရေးအတွက် ကောင်းကျိုးများရရှိနိုင်သည်ဟု ယခုလေ့ လာမှုက ဖော်ပြသည်။                                  

—Ref: MNT
7daydaily မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com