Tuesday, December 20, 2016

သား ၄-ေယာက္တို႔၏ ဖခင္


  ျမတ္စြာဘုရား သာဝတၳိျပည္ ေဇတဝန္ေက်ာင္း၌ သီတင္းသုံးေနစဥ္ မဟာသာလအမည္ရွိေသာ ပုဏၰားတေယာက္သည္ ေဟာင္းႏြမ္းစုတ္ျပတ္သည့္ အဝတ္မ်ားျဖင့္ ျမတ္စြာဘုရားကို ဝင္ေရာက္ဖူးေျမာ္သည္။ ဗုဒၶက အသင္ပုဏၰား၊ ခ်မ္းသာစြာ ေနရပါ၏ေလာ-ဟု ေမးရာ ပုဏၰားလည္း ျမတ္စြာဘုရား တပည့္ေတာ္၏ သား ၄-ေယာက္တို႔သည္ မိမိတို႔၏ မယားမ်ားႏွင့္ တိုင္ပင္၍ ကြၽန္ုပ္ကို သူတို႔ေနေသာအိမ္မွ ႏွင္ထုတ္လိုက္ၾကပါသည္ဘုရား-ဟု ေလွ်ာက္၏။

ထိုအခါ ဗုဒၶသည္ မဟာသာလပုဏၰားအား သား ၄-ေယာက္တို႔ ဝင္ေရာက္ေနထိုင္ေသာ မ႑ပ္ထဲတြင္ ႐ြတ္ဆိုရန္ ဂါထာေလးပုဒ္ကို သင္ၾကားေပးလိုက္၏။ ထိုဂါထာမ်ား၏ အဓိပၸါယ္ကား- အၾကင္သားတို႔ျဖင့္ ငါသည္ ႏွစ္သက္ဝမ္းေျမာက္ခဲ့ရ၏။ အၾကင္သားတို႔၏ ႀကီးပြားျခင္းကို ငါသည္ အလိုရွိခဲ့၏။ ေခြးမ်ားသည္ ဝက္ကို ေမာင္းႏွင္ထုတ္သကဲ့သို႔ ထိုသားတို႔သည္ မိမိတို႔မယားမ်ားႏွင့္ တိုင္ပင္ကာ ငါ့ကို အိမ္မွ ေမာင္းထုတ္လိုက္ၾကကုန္၏။

ယုတ္မာေသာ ရကၡိဳသ္တို႔သည္ သားအသြင္ ဖန္ဆင္းကာ ငါ့ကို အဘ အဘ-ဟု ေခၚၾကေလေယာင္တကား။ ထိုသားတို႔သည္ အ႐ြယ္လြန္ေသာ ငါ့ကို စြန႔္ပစ္ထားၾက၏။

အိုမင္း၍ အသုံးမျပဳနိုင္ေသာျမင္းကို အစာမေကြၽးဘဲ ထားသကဲ့သို႔ သားမိုက္တို႔၏ ပစ္ထားျခင္းခံရေသာ အဘအိုသည္ သူတပါးအိမ္တို႔၌ ေတာင္းစားရ၏။

ငါ၏ လက္စြဲေတာင္ေဝွးကပင္ ျမတ္ေသး၏။ ငါ့ကို ရိုေသက်ိဳးႏြံျခင္း မရွိေသာ သားတို႔သည္ မျမတ္ကုန္။ ေတာင္ေဝွးသည္ ၾကမ္းၾကဳတ္ေသာ ႏြားေခြးတို႔ကို တားျမစ္နိုင္၏။ ေမွာင္ထဲ၌ ေရွ႕သြားျဖစ္နိုင္၏။ ေခ်ာ္လဲသည္ရွိေသာ္ ေတာင္ေဝွး၏အစြမ္းအားျဖင့္ ရပ္တည္နိုင္၏။

ဤသို႔ ပုဏၰားက ႐ြတ္ဆိုေသာအခါ သားေလးေယာက္တို႔က အသီးသီးငိုေႂကြးၾကၿပီး မိမိတို႔ အမွားမ်ားကို ေတာင္းပန္ၾကေလသည္။ သားေလးေယာက္တို႔သည္ တလွည့္စီ ေကြၽးေမြးျပဳစု ေစာင့္ေရွာက္ၾကသျဖင့္ မဟာသာလပုဏၰားလည္း ျမတ္စြာဘုရား အဆုံးအမႏွင့္အညီ အသက္ထက္ဆုံး ခ်မ္းသာစြာ ေနထိုင္သြားေလသည္။
က်မ္းကိုး-သံယုတၱနိကာယ္။



မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် မဟာသာလအမည်ရှိသော ပုဏ္ဏားတယောက်သည် ဟောင်းနွမ်းစုတ်ပြတ်သည့် အဝတ်များဖြင့် မြတ်စွာဘုရားကို ဝင်ရောက်ဖူးမြော်သည်။ ဗုဒ္ဓက အသင်ပုဏ္ဏား၊ ချမ်းသာစွာ နေရပါ၏လော-ဟု မေးရာ ပုဏ္ဏားလည်း မြတ်စွာဘုရား တပည့်တော်၏ သား ၄-ယောက်တို့သည် မိမိတို့၏ မယားများနှင့် တိုင်ပင်၍ ကျွန်ုပ်ကို သူတို့နေသောအိမ်မှ နှင်ထုတ်လိုက်ကြပါသည်ဘုရား-ဟု လျှောက်၏။

ထိုအခါ ဗုဒ္ဓသည် မဟာသာလပုဏ္ဏားအား သား ၄-ယောက်တို့ ဝင်ရောက်နေထိုင်သော မဏ္ဍပ်ထဲတွင် ရွတ်ဆိုရန် ဂါထာလေးပုဒ်ကို သင်ကြားပေးလိုက်၏။ ထိုဂါထာများ၏ အဓိပ္ပါယ်ကား- အကြင်သားတို့ဖြင့် ငါသည် နှစ်သက်ဝမ်းမြောက်ခဲ့ရ၏။ အကြင်သားတို့၏ ကြီးပွားခြင်းကို ငါသည် အလိုရှိခဲ့၏။ ခွေးများသည် ဝက်ကို မောင်းနှင်ထုတ်သကဲ့သို့ ထိုသားတို့သည် မိမိတို့မယားများနှင့် တိုင်ပင်ကာ ငါ့ကို အိမ်မှ မောင်းထုတ်လိုက်ကြကုန်၏။

ယုတ်မာသော ရက္ခိုသ်တို့သည် သားအသွင် ဖန်ဆင်းကာ ငါ့ကို အဘ အဘ-ဟု ခေါ်ကြလေယောင်တကား။ ထိုသားတို့သည် အရွယ်လွန်သော ငါ့ကို စွန့်ပစ်ထားကြ၏။

အိုမင်း၍ အသုံးမပြုနိုင်သောမြင်းကို အစာမကျွေးဘဲ ထားသကဲ့သို့ သားမိုက်တို့၏ ပစ်ထားခြင်းခံရသော အဘအိုသည် သူတပါးအိမ်တို့၌ တောင်းစားရ၏။

ငါ၏ လက်စွဲတောင်ဝှေးကပင် မြတ်သေး၏။ ငါ့ကို ရိုသေကျိုးနွံခြင်း မရှိသော သားတို့သည် မမြတ်ကုန်။ တောင်ဝှေးသည် ကြမ်းကြုတ်သော နွားခွေးတို့ကို တားမြစ်နိုင်၏။ မှောင်ထဲ၌ ရှေ့သွားဖြစ်နိုင်၏။ ချော်လဲသည်ရှိသော် တောင်ဝှေး၏အစွမ်းအားဖြင့် ရပ်တည်နိုင်၏။

ဤသို့ ပုဏ္ဏားက ရွတ်ဆိုသောအခါ သားလေးယောက်တို့က အသီးသီးငိုကြွေးကြပြီး မိမိတို့ အမှားများကို တောင်းပန်ကြလေသည်။ သားလေးယောက်တို့သည် တလှည့်စီ ကျွေးမွေးပြုစု စောင့်ရှောက်ကြသဖြင့် မဟာသာလပုဏ္ဏားလည်း မြတ်စွာဘုရား အဆုံးအမနှင့်အညီ အသက်ထက်ဆုံး ချမ်းသာစွာ နေထိုင်သွားလေသည်။
ကျမ်းကိုး-သံယုတ္တနိကာယ်။

( အင်္ကုရ-ဘီအေ )
( အကၤုရ-ဘီေအ )
ကေနာင္ မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com