Wednesday, December 7, 2016

မိခင္ႏို႔တုိက္ေကြၽးျခင္းျဖင့္ ကေလးငယ္ ေသဆံုးမႈမ်ား၏ ၂၀ ရာခုိင္ႏႈန္းကုိ ကာကြယ္ႏုိင္


    ေမြးကင္းစကေလးငယ္မ်ား ေသဆံုးမႈ၏ ၂၀ ရာခုိင္ႏႈန္းႏွင့္(၅)ႏွစ္ေအာက္ ကေလးငယ္မ်ား ေသဆံုးမႈ၏ ၁၃ ရာခုိင္ႏႈန္းကို မိခင္ႏုိ႔တိုက္ေကြၽးျခင္းျဖင့္ ႀကိဳတင္ကာကြယ္ႏုိင္ေၾကာင္း အိႏိၵယအစိုးရ၏ ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။ မိခင္ႏို႔ရည္ကုိ ကေလးငယ္၏ ပထမဆံုးကာကြယ္ေဆးအျဖစ္ မွတ္ယူႏုိင္ၿပီး နာမက်န္းျဖစ္ျခင္း(သုိ႔မဟုတ္) ေရာဂါမ်ားျဖစ္ပြားျခင္းမရိွေအာင္ အေကာင္းဆံုး ကာကြယ္ေပးႏုိင္ေၾကာင္း ယူနီဆက္ဖ္ကေျပာသည္။


မိခင္ႏို႔တုိက္ေကြၽးျခင္းသည္ သဘာ၀အက်ဆံုး၊ ကုန္က်စရိတ္ အနည္းပါးဆံုးႏွင့္ သိသာေသာ ၾကား၀င္ေျဖရွင္းေပးမႈပံုစံျဖစ္ၿပီး လူ တန္းစားအားလံုးတြင္ မိခင္ႏို႔တုိက္ေကြၽးေရး ပိုမ်ားလာသင့္သည္ဟု အိႏိၵယက်န္းမာေရး၀န္ႀကီးဌာနက ေျပာသည္။

ကမၻာေပၚတြင္ ေမြးကင္းစကေလးငယ္မ်ား၏ ၇၇ သန္း (သုိ႔မ ဟုတ္) ေမြးကင္းစကေလး ႏွစ္ဦးတြင္ တစ္ဦးသည္ ေမြးဖြားၿပီး ပထမ ဆံုးနာရီအတြင္း မိခင္ႏုိ႔ မစို႔ရျဖစ္ေနၾကသည္ဟု ယူနီဆက္ဖ္က သတိေပးထားသည္။ ယင္းအတြက္ေၾကာင့္ ကေလးငယ္မ်ား မရိွမျဖစ္ လိုအပ္ေသာ အာဟာရဓာတ္မ်ားႏွင့္ ေရာဂါတုိက္ဖ်က္ေရး ပ႐ုိတိန္း ဓာတ္မ်ား မရရိွသျဖင့္ ကေလးငယ္မ်ား ေသဆံုးႏုိင္သည့္ အႏၲရာယ္ ျမင့္မားလာသည္။

ေမြးဖြားၿပီးေနာက္ ႏွစ္နာရီမွ ၂၃ နာရီအထိ မိခင္ႏုိ႔မစုိ႔ရေသာ ေၾကာင့္ ပထမဆံုး ၂၈ ရက္တြင္ ေသဆံုးႏုိင္ေျခ ၄၀ ရာခုိင္ႏႈန္း ျမင့္မားေၾကာင္း ယူနီဆက္ဖ္၏ ေဖာ္ျပခ်က္အရ သိရသည္။ အကယ္၍ ေမြးဖြားၿပီး ၂၄ နာရီ (သုိ႔မဟုတ္) ယင္းထက္ပို၍ မိခင္ႏို႔မစို႔ရပါက ေသဆံုးႏုိင္သည့္ အႏၲရာယ္ ၈၀ ရာခုိင္ႏႈန္း ပုိမ်ားေၾကာင္း သိရသည္။

အိႏိၵယႏုိင္ငံတြင္ မိခင္ ၄၄ ဒသမ ၈၀ ရာခုိင္ႏႈန္းသည္ ကေလး ေမြးၿပီး တစ္နာရီအတြင္း မိခင္ႏို႔တိုက္ေကြၽးၾကေၾကာင္း ႏုိင္ငံတစ္၀န္း စစ္တမ္းအရ သိရသည္။

မိခင္ႏို႔တိုက္ေကြၽးျခင္းသည္ အစဥ္အလာႏွင့္ဆုိင္ေသာ အေလ့အထျဖစ္ေသာေၾကာင့္ ေက်းလက္ေဒသမ်ားတြင္ မိခင္ႏို႔တုိက္ေကြၽးမႈ ပိုမ်ားႏုိင္သည္ဟု ထင္မွတ္ထားၾကေသာ္လည္း အိႏိၵယႏုိင္ငံ၌ ေက်းလက္ႏွင့္ ၿမိဳ႕ျပၾကား မိခင္ႏို႔တုိက္ေကြၽးမႈႏႈန္း ကြာျခား ခ်က္ ႀကီးႀကီးမားမားမရိွဟု က်န္းမာေရး၀န္ႀကီးဌာနကေျပာသည္။

 မွေးကင်းစကလေးငယ်များ သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းနှင့်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှု၏ ၁၃ ရာခိုင်နှုန်းကို မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အိန္ဒိယအစိုးရ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ မိခင်နို့ရည်ကို ကလေးငယ်၏ ပထမဆုံးကာကွယ်ဆေးအဖြစ် မှတ်ယူနိုင်ပြီး နာမကျန်းဖြစ်ခြင်း(သို့မဟုတ်) ရောဂါများဖြစ်ပွားခြင်းမရှိအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ကြောင်း ယူနီဆက်ဖ်ကပြောသည်။


မိခင်နို့တိုက်ကျွေးခြင်းသည် သဘာဝအကျဆုံး၊ ကုန်ကျစရိတ် အနည်းပါးဆုံးနှင့် သိသာသော ကြားဝင်ဖြေရှင်းပေးမှုပုံစံဖြစ်ပြီး လူ တန်းစားအားလုံးတွင် မိခင်နို့တိုက်ကျွေးရေး ပိုများလာသင့်သည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကမ္ဘာပေါ်တွင် မွေးကင်းစကလေးငယ်များ၏ ၇၇ သန်း (သို့မ ဟုတ်) မွေးကင်းစကလေး နှစ်ဦးတွင် တစ်ဦးသည် မွေးဖွားပြီး ပထမ ဆုံးနာရီအတွင်း မိခင်နို့ မစို့ရဖြစ်နေကြသည်ဟု ယူနီဆက်ဖ်က သတိပေးထားသည်။ ယင်းအတွက်ကြောင့် ကလေးငယ်များ မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်များနှင့် ရောဂါတိုက်ဖျက်ရေး ပရိုတိန်း ဓာတ်များ မရရှိသဖြင့် ကလေးငယ်များ သေဆုံးနိုင်သည့် အန္တရာယ် မြင့်မားလာသည်။

မွေးဖွားပြီးနောက် နှစ်နာရီမှ ၂၃ နာရီအထိ မိခင်နို့မစို့ရသော ကြောင့် ပထမဆုံး ၂၈ ရက်တွင် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း မြင့်မားကြောင်း ယူနီဆက်ဖ်၏ ဖော်ပြချက်အရ သိရသည်။ အကယ်၍ မွေးဖွားပြီး ၂၄ နာရီ (သို့မဟုတ်) ယင်းထက်ပို၍ မိခင်နို့မစို့ရပါက သေဆုံးနိုင်သည့် အန္တရာယ် ၈၀ ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မိခင် ၄၄ ဒသမ ၈၀ ရာခိုင်နှုန်းသည် ကလေး မွေးပြီး တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးကြကြောင်း နိုင်ငံတစ်ဝန်း စစ်တမ်းအရ သိရသည်။

မိခင်နို့တိုက်ကျွေးခြင်းသည် အစဉ်အလာနှင့်ဆိုင်သော အလေ့အထဖြစ်သောကြောင့် ကျေးလက်ဒေသများတွင် မိခင်နို့တိုက်ကျွေးမှု ပိုများနိုင်သည်ဟု ထင်မှတ်ထားကြသော်လည်း အိန္ဒိယနိုင်ငံ၌ ကျေးလက်နှင့် မြို့ပြကြား မိခင်နို့တိုက်ကျွေးမှုနှုန်း ကွာခြား ချက် ကြီးကြီးမားမားမရှိဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။

—Ref: TOI
7daydaily မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com