Wednesday, December 7, 2016

ပုရြက္ဆိတ္ကိုက္ခံရလို႔ နာက်င္ေရာင္ရမ္းတယ္ဆုိရင္


   ပုရြက္ဆိတ္ကိုက္ခံရတဲ့အခါ စူး ခနဲနာက်င္ခံစားရၿပီး ယားယံတာ၊ေရာင္ကိုင္းလာတာမ်ိဳးေတြအထိပါ ျဖစ္တတ္တဲ့အတြက္ လြယ္လြယ္ကူ ကူနဲ႔ လ်င္လ်င္ျမန္ျမန္ သက္သာေအာင္ လုပ္ႏုိင္တဲ့ နည္းလမ္းေလး ေတြ သိထားဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ေရခဲ

ပုရြက္ဆိတ္ကိုက္ခံရၿပီး အ ေရျပားဖူးေရာင္လာတာမ်ိဳး မျဖစ္ ဖို႔ အလြယ္ဆံုးနည္းတစ္ခုကေတာ့ ေရခဲတံုးနဲ႔ကပ္တာပါ။ ဒီလိုလုပ္ ေပးျခင္းအားျဖင့္ ယားယံတာ မျဖစ္ေအာင္ပါ ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

ရွလကာရည္၊ ပန္းသီးရွလကာ ရည္

ပုရြက္ဆိတ္ကိုက္ခံရတဲ့ေန ရာကို သဘာဝပိုးသတ္ေဆးျဖစ္ တဲ့ ရွလကာရည္နဲ႔ သုတ္လိမ္းေပး တဲ့အခါ လက္သည္းနဲ႔ ကုတ္မိခဲ့ ရင္လည္း ေရာဂါပိုးမဝင္ေအာင္ ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

သြားတိုက္ေဆး

သြားတိုက္ေဆးမွာ မင္ေသာ္ (သို႔မဟုတ္) ပက္ပါမင့္ပါတဲ့အ တြက္ ပုရြက္ဆိတ္ကိုက္ခံရတဲ့ေန ရာတစ္ဝိုက္ကို သုတ္လိမ္းေပးရင္ ေအးျမတဲ့ခံစားမႈရရွိေစသလို နာ က်င္တာ၊ ယားယံတာေတြပါ ေပ်ာက္ပါတယ္။

လက္ဖက္ရည္အိတ္

သံုးၿပီးသား အသင့္ေသာက္ လက္ဖက္ရည္အိတ္္ေလးေတြကို ေရခဲေသတၱာထဲ ခဏထည့္ထား ၿပီး နာက်င္ယားယံတဲ့ေနရာကို ကပ္ေပးတာမ်ိဳးလည္း လုပ္ႏုိင္ပါ တယ္။

ဆား

ေရာဂါပိုးဝင္တာနဲ႔ ယားယံ တာ၊ ေရာင္ရမ္းတာေတြကို ကာ ကြယ္ခ်င္တယ္ဆုိရင္ ဆားအနည္းငယ္ကို ပုရြက္ဆိတ္ကိုက္ခံရတဲ့ ေနရာမွာ ခပ္ၾကမ္းၾကမ္းေလးပြတ္ တိုက္ေပးႏုိင္ပါတယ္။

အရက္

ပုရြက္ဆိတ္ (ဒါမွမဟုတ္) အင္းဆက္အကိုက္ခံရလို႔ နာက်င္ ေရာင္ရမ္းတာေတြအတြက္ဆုိရင္ အရက္ (ဒါမွမဟုတ္) အေဖ်ာ္ယမ ကာတစ္ခုခုနဲ႔ သုတ္လိမ္းတာမ်ိဳး လုပ္ႏုိင္ပါတယ္။

ကယ္လာမိုင္း

ပန္းေရာင္ေဆး

အပူေလာင္တဲ့အခါမွာ လိမ္းရတဲ့ ပန္းေရာင္ေဆးရည္ကိုလည္း ပုရြက္ဆိတ္ကိုက္ခံရတဲ့အခါ လိမ္းေပးႏိုင္ပါတယ္။

ဆပ္ျပာခဲ

ပုရြက္ဆိတ္ျဖစ္ျဖစ္၊ အင္း ဆက္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္ အကိုက္ ခံရၿပီဆုိတာနဲ႔ ဆပ္ျပာခဲနဲ႔ ခဏ ခဏပြတ္ၿပီး ေဆးေၾကာတာမ်ိဳး လုပ္ႏုိင္ပါတယ္။

ရွားေစာင္းလက္ပပ္

အေရျပားကို ေအးျမေစ သလို နာက်င္၊ ယားယံ၊ ေရာင္ ရမ္းတာေတြကို သက္သာေစႏုိင္ တဲ့ ရွားေစာင္းလက္ပပ္ဂ်ယ္ကို သုတ္လိမ္းေပးႏုိင္ပါတယ္။

မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါမႈန္႔ကို ေရ အနည္းငယ္ေရာၿပီး ခပ္ပ်စ္ပ်စ္အ ေနအထားကို ပုရြက္ဆိတ္အကိုက္ခံရတဲ့ေနရာမွာ သုတ္လိမ္း ထားရင္ သက္သာေစပါတယ္။

အက္စ္ပရင္ေဆး

ေဆးခဲကို အမႈန္႔ႀကိတ္ၿပီး ေရနဲ႔ခပ္ပ်စ္ပ်စ္ေဖ်ာ္၊ အကိုက္ခံရ တဲ့ေနရာကို သုတ္လိမ္းၿပီး ေနာက္ေန႔အထိထားတာမ်ိဳး လုပ္ေပးႏုိင္ ပါတယ္။

ပုရွက်ဆိတ်ကိုက်ခံရတဲ့အခါ စူး ခနဲနာကျင်ခံစားရပြီး ယားယံတာ၊ရောင်ကိုင်းလာတာမျိုးတွေအထိပါ ဖြစ်တတ်တဲ့အတွက် လွယ်လွယ်ကူ ကူနဲ့ လျင်လျင်မြန်မြန် သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းလေး တွေ သိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။

ရေခဲ

ပုရွက်ဆိတ်ကိုက်ခံရပြီး အ ရေပြားဖူးရောင်လာတာမျိုး မဖြစ် ဖို့ အလွယ်ဆုံးနည်းတစ်ခုကတော့ ရေခဲတုံးနဲ့ကပ်တာပါ။ ဒီလိုလုပ် ပေးခြင်းအားဖြင့် ယားယံတာ မဖြစ်အောင်ပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ရှလကာရည်၊ ပန်းသီးရှလကာ ရည်

ပုရွက်ဆိတ်ကိုက်ခံရတဲ့နေ ရာကို သဘာဝပိုးသတ်ဆေးဖြစ် တဲ့ ရှလကာရည်နဲ့ သုတ်လိမ်းပေး တဲ့အခါ လက်သည်းနဲ့ ကုတ်မိခဲ့ ရင်လည်း ရောဂါပိုးမဝင်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးမှာ မင်သော် (သို့မဟုတ်) ပက်ပါမင့်ပါတဲ့အ တွက် ပုရွက်ဆိတ်ကိုက်ခံရတဲ့နေ ရာတစ်ဝိုက်ကို သုတ်လိမ်းပေးရင် အေးမြတဲ့ခံစားမှုရရှိစေသလို နာ ကျင်တာ၊ ယားယံတာတွေပါ ပျောက်ပါတယ်။

လက်ဖက်ရည်အိတ်

သုံးပြီးသား အသင့်သောက် လက်ဖက်ရည်အိတ််လေးတွေကို ရေခဲသေတ္တာထဲ ခဏထည့်ထား ပြီး နာကျင်ယားယံတဲ့နေရာကို ကပ်ပေးတာမျိုးလည်း လုပ်နိုင်ပါ တယ်။

ဆား

ရောဂါပိုးဝင်တာနဲ့ ယားယံ တာ၊ ရောင်ရမ်းတာတွေကို ကာ ကွယ်ချင်တယ်ဆိုရင် ဆားအနည်းငယ်ကို ပုရွက်ဆိတ်ကိုက်ခံရတဲ့ နေရာမှာ ခပ်ကြမ်းကြမ်းလေးပွတ် တိုက်ပေးနိုင်ပါတယ်။

အရက်

ပုရွက်ဆိတ် (ဒါမှမဟုတ်) အင်းဆက်အကိုက်ခံရလို့ နာကျင် ရောင်ရမ်းတာတွေအတွက်ဆိုရင် အရက် (ဒါမှမဟုတ်) အဖျော်ယမ ကာတစ်ခုခုနဲ့ သုတ်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။

ကယ်လာမိုင်း

ပန်းရောင်ဆေး

အပူလောင်တဲ့အခါမှာ လိမ်းရတဲ့ ပန်းရောင်ဆေးရည်ကိုလည်း ပုရွက်ဆိတ်ကိုက်ခံရတဲ့အခါ လိမ်းပေးနိုင်ပါတယ်။

ဆပ်ပြာခဲ

ပုရွက်ဆိတ်ဖြစ်ဖြစ်၊ အင်း ဆက်တစ်မျိုးမျိုးဖြစ်ဖြစ် အကိုက် ခံရပြီဆိုတာနဲ့ ဆပ်ပြာခဲနဲ့ ခဏ ခဏပွတ်ပြီး ဆေးကြောတာမျိုး လုပ်နိုင်ပါတယ်။

ရှားစောင်းလက်ပပ်

အရေပြားကို အေးမြစေ သလို နာကျင်၊ ယားယံ၊ ရောင် ရမ်းတာတွေကို သက်သာစေနိုင် တဲ့ ရှားစောင်းလက်ပပ်ဂျယ်ကို သုတ်လိမ်းပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါမှုန့်ကို ရေ အနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်အ နေအထားကို ပုရွက်ဆိတ်အကိုက်ခံရတဲ့နေရာမှာ သုတ်လိမ်း ထားရင် သက်သာစေပါတယ်။

အက်စ်ပရင်ဆေး

ဆေးခဲကို အမှုန့်ကြိတ်ပြီး ရေနဲ့ခပ်ပျစ်ပျစ်ဖျော်၊ အကိုက်ခံရ တဲ့နေရာကို သုတ်လိမ်းပြီး နောက်နေ့အထိထားတာမျိုး လုပ်ပေးနိုင် ပါတယ်။

—Ref: findhomeremedy
7daydaily မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com