Tuesday, December 13, 2016

ဆယ်ကျော်သက်အရွယ် ပိုလိမ်ပြောတတ်





နယ်သာလန်နိုင်ငံ Amsterdam တက္ကသိုလ်မှ ပညာရှင်တွေက၊ လူငယ်များရဲ့ အတွေးအဆ သွက်လက် တာကြောင့် သူတို့ဟာ အလိမ်ပြောတတ်ဆုံး လူအုပ် ဖြစ်တယ်လို့ ဆိုတယ်။ အသက် ၁၃ နှစ်မှ ၁၇ နှစ် ကြားမှာ လူငယ်တွေထဲမှာ ၆၀ ရာခိုင်နှုန်းဟာ နေ့စဉ် ၅ ကြိမ် ထက်များအောင် လိမ်ပြောတတ်ပြီး လူအများစုက သူတို့ လိမ်ပြောနေတယ်လို့ မသိကြဘူးလို့လည်း တွေ့ရှိတယ်။

စစ်တမ်းကောက်ယူမှု ရလဒ်အရ၊ သာမန်အားဖြင့် လူတစ်ယောက် နေ့စဉ် ၂ ့၁၈ ကြိမ် လိမ်ပြောတတ်တယ်။ အသက် ၆ နှစ်မှ ၈ နှစ် ကြားရှိ ကလေးငယ်ဟာ လိမ်ပြောတာ အနည်းဆုံး ဖြစ်ပြီး ၄ ပုံ ၁ ပုံသာ ၅ ကြိမ်အထိ လိမ်ပြောတတ်တယ်။ အသက် ၉ နှစ်မှ ၁၂ နှစ် ကြားရှိ ကလေးသူငယ် ၄၃ ရာခိုင်နှုန်းလောက် နေ့စဉ် ၁ ကြိမ်မှ ၅ ကြိမ်အထိ လိမ်ပြော တတ်တယ်။

လူရဲ့ လိမ်ပြောစွမ်းအားဟာ ကလေးငယ် ဖြစ်စဉ်က အရှိန်ထိုး တိုးမြင့်လာပြီး ဆယ်ကျော်သက် ရောက်တော့ အထွပ်အထိပ် ဖြစ်ကာ အရွယ်ရောက်တဲ့ အခါ တဖြည်းဖြည်း အားနည်းသွားတယ်လို့ ပညာရှင်တွေက တွေ့ရှိတယ်။

myanmar.china မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com