Tuesday, December 20, 2016

၀ဲေပ်ာက္ေဆး


  တစ္ခါေတာ့ အ၀တ္ေလွ်ာ္သူမိသားစုတစ္စုဆီကို အဖိုးၾကီးတစ္ေယာက္ေရာက္လာခဲ့တယ္။အဲဒီအဖိုးၾကီးဟာ အဲဒီအ၀တ္ေလွ်ာ္တဲ့ မိသားစုဆီက ၀ဲေပ်ာက္ေဆးကို ေတြ႕သြားတယ္။သူအရမ္းစိတ္၀င္စားသြားတယ္။ အဲဒါနဲ႕ သူဟာ အဲဒီ ေဆးနည္းကို ေရႊျပား ၁၀၀ ေပးၿပီး ၀ယ္လိုက္တယ္။

အ၀တ္ေလွ်ာ္တဲ့ မိသားစုက အရမ္းကို ေပ်ာ္သြားတယ္။သူတို႕ တစ္သက္လံုး အ၀တ္ေလွ်ာ္လာတာ တစ္ခါမွ ေရႊ၁၀၀ မရဖူးဘူး။ အခုေတာ့ ဒီေဆးနည္းေလးက ေရႊရတယ္ဆိုေတာ့ ငါတို႕ေဌးတာပဲ။

အဖိုးၾကီးဟာ အဲလိုနဲ႕ ေဆးနည္းအတိုင္း ေဆးေဖာ္တယ္။ သိပ္မၾကာခင္မွာ အဲဒီတိုင္းျပည္ရဲ႕ မင္းသားဟာ ေလွနဲ႕ တိုင္းခန္းလွည့္လာတယ္။ ေလွလမ္းကလာရတဲ့အတြက္ မင္းသားလက္မွာ ၀ဲေတြေပါက္တယ္။ အဖိုးၾကီးက မင္းသား၀ဲေတြကိုေတြ႕ေတာ့ ၀ဲေပ်ာက္ေဆးလူးေပးလိုက္တယ္။ ဒီေတာ့ မင္းသား၀ဲေတြေပ်ာက္ေတာ့ အဖိုးၾကီးကို သေဘာက်ၿပီးေတာ့ ေဆးနည္းကို ေရႊျပား ၁၀၀၀ ေပးၿပီး၀ယ္လိုက္တယ္။

မင္းသားလဲနန္းတြင္းျပန္ခဲ့တယ္။ ေနာက္ေတာ့ မင္းသားတို႕တိုင္းျပည္က ေအာက္ျပည္ေအာက္ရြာကို ေလွတပ္ခင္းၿပီး သိမ္းပိုက္တယ္။ စစ္တပ္ထဲက ရဲမက္ေတြ ေတာ္ေတာ္မ်ားမ်ား ၀ဲေတြေပါက္ၾကတယ္။ အေရျပားေရာဂါေတြျဖစ္ၾကတယ္။ အဲဒီေတာ့ မင္းသားက သူ႕ရဲ႕ ေဆးကို ထုတ္သံုးၿပီးကုသတယ္။ ဘုရင္ၾကီးက အလြန္ေက်နပ္ၿပီးေတာ့ သူ႕ကို ေရႊေတြ ပိႆလိုက္ ခ်ီးျမွင့္လိုက္တယ္။

တကယ္ေတာ့ အရာေသးေသးေလး တစ္ခုဆိုၿပိး အထင္မေသးလိုက္ပါနဲ႕။ သူတို႕မွာ အဓိက တန္ဖိုးတစ္ခုဆီ ရွိၾကတာပါပဲ

တစ်ခါတော့ အဝတ်လျှော်သူမိသားစုတစ်စုဆီကို အဖိုးကြီးတစ်ယောက်ရောက်လာခဲ့တယ်။အဲဒီအဖိုးကြီးဟာ အဲဒီအဝတ်လျှော်တဲ့ မိသားစုဆီက ဝဲပျောက်ဆေးကို တွေ့သွားတယ်။သူအရမ်းစိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ သူဟာ အဲဒီ ဆေးနည်းကို ရွှေပြား ၁၀၀ ပေးပြီး ဝယ်လိုက်တယ်။

အဝတ်လျှော်တဲ့ မိသားစုက အရမ်းကို ပျော်သွားတယ်။သူတို့ တစ်သက်လုံး အဝတ်လျှော်လာတာ တစ်ခါမှ ရွှေ၁၀၀ မရဖူးဘူး။ အခုတော့ ဒီဆေးနည်းလေးက ရွှေရတယ်ဆိုတော့ ငါတို့ဌေးတာပဲ။

အဖိုးကြီးဟာ အဲလိုနဲ့ ဆေးနည်းအတိုင်း ဆေးဖော်တယ်။ သိပ်မကြာခင်မှာ အဲဒီတိုင်းပြည်ရဲ့ မင်းသားဟာ လှေနဲ့ တိုင်းခန်းလှည့်လာတယ်။ လှေလမ်းကလာရတဲ့အတွက် မင်းသားလက်မှာ ဝဲတွေပေါက်တယ်။ အဖိုးကြီးက မင်းသားဝဲတွေကိုတွေ့တော့ ဝဲပျောက်ဆေးလူးပေးလိုက်တယ်။ ဒီတော့ မင်းသားဝဲတွေပျောက်တော့ အဖိုးကြီးကို သဘောကျပြီးတော့ ဆေးနည်းကို ရွှေပြား ၁၀၀၀ ပေးပြီးဝယ်လိုက်တယ်။

မင်းသားလဲနန်းတွင်းပြန်ခဲ့တယ်။ နောက်တော့ မင်းသားတို့တိုင်းပြည်က အောက်ပြည်အောက်ရွာကို လှေတပ်ခင်းပြီး သိမ်းပိုက်တယ်။ စစ်တပ်ထဲက ရဲမက်တွေ တော်တော်များများ ဝဲတွေပေါက်ကြတယ်။ အရေပြားရောဂါတွေဖြစ်ကြတယ်။ အဲဒီတော့ မင်းသားက သူ့ရဲ့ ဆေးကို ထုတ်သုံးပြီးကုသတယ်။ ဘုရင်ကြီးက အလွန်ကျေနပ်ပြီးတော့ သူ့ကို ရွှေတွေ ပိဿလိုက် ချီးမြှင့်လိုက်တယ်။

တကယ်တော့ အရာသေးသေးလေး တစ်ခုဆိုပြိး အထင်မသေးလိုက်ပါနဲ့။ သူတို့မှာ အဓိက တန်ဖိုးတစ်ခုဆီ ရှိကြတာပါပဲ

ေမာင္စိုင္း
ကေနာင္ မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com