Wednesday, December 7, 2016

မိခင္ႏို႔တြင္ပါ၀င္ေသာ သၾကားဓာတ္က ကေလးငယ္မ်ားကို ကူးစက္တတ္ေသာ ေရာဂါပိုးမ်ားရန္မွ ကာကြယ္ေပးႏိုင္


     မိခင္ႏို႔တြင္ ပါ၀င္ေသာ သၾကားဓာတ္သည္ ေမြးကင္းစကေလး ငယ္မ်ားကို ကူးစက္ေစတတ္သည့္ ေရာဂါပိုးမ်ားအႏၲရာယ္မွ ကာ ကြယ္ရန္ အေထာက္အကူေပးႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိၿပီးေနာက္ ကေလးငယ္မ်ား၏ ကိုယ္ခံအားစနစ္ ဖံြ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳသည့္ဓာတ္မ်ားစြာအနက္ တစ္ခုျဖစ္သည္ဟု ယူဆေၾကာင္း အဂၤလန္သုေတသီမ်ားက ေျပာသည္။


lacto-n-difucohexaose 1 ဟု ေခၚေသာ ယင္းသၾကားဓာတ္ က ကေလးငယ္မ်ား ေမြးဖြားၿပီးေနာက္ သီတင္းပတ္မ်ားအတြင္း ေရာဂါျဖစ္ေစေသာ ဗက္တီးရီးယားမ်ားရန္မွ ကာကြယ္ေပးေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

ယခုေလ့လာေတြ႕ရွိမႈက မိခင္ႏွင့္ ေမြးကင္းစကေလးမ်ား ေရာဂါကူးစက္မႈကို ကာကြယ္ေရးကုသနည္းမ်ား ရွာေဖြရန္ အ ေထာက္အကူျဖစ္ႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

မိခင္ႏို႔တြင္ ပါ၀င္ေသာ သၾကားဓာတ္မ်ားသည္ ကေလးငယ္၏ ခႏၶာကိုယ္ထဲတြင္ အစာေၾကသြားေသာ္လည္း ကေလး၏ အူလမ္း ေၾကာင္းထဲတြင္ က်န္းမာေရးႏွင့္ညီေသာ ဗက္တီးရီးယားမ်ားအ တြက္ အစာျဖစ္ေစသည္။

မိခင္ႏို႔တိုက္ေကြၽးျခင္းျဖင့္ ဓာတ္မတည့္မႈမ်ားႏွင့္ နာမက်န္း ျဖစ္မႈမ်ား ကာကြယ္ေပးႏုိင္ေၾကာင္း ေလ့လာမႈမ်ားစြာက ေဖာ္ျပ သည္။ မိခင္ႏို႔တြင္ ပါ၀င္ေသာ သၾကားဓာတ္သည္ ကေလးငယ္၏ မဖံြ႕ၿဖိဳးေသးေသာ ကိုယ္ခံအားစနစ္ကို အေထာက္အကူေပးကာ အျခားေသာ မေကာင္းသည့္ ဗက္တီးရီးယားရန္မွလည္း ကာကြယ္ ေပးႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ဘီအုပ္စု၀င္ ဗက္တီးရီးယားမ်ားသည္ အမ်ိဳးသမီးသံုးဦးလွ်င္ တစ္ဦး၏ မအဂၤါႏွင့္ အူမ်ားထဲတြင္ ပါ၀င္ၿပီး ေမြးဖြားစဥ္ (သို႔မဟုတ္) မိခင္ႏို႔မွတစ္ဆင့္ ကေလးမ်ားထံသို႔ ကူးစက္ေရာက္ရွိႏုိင္သည္။

မိခင္ႏို႔တြင္ ပါ၀င္ေသာ သၾကားဓာတ္မ်ားသည္ ကိုယ္ခံအား စနစ္ ေအာင္ျမင္စြာ ဖံြ႕ၿဖိဳးလာေစရန္ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာ အက်ိဳးျပဳပိုးမႊားမ်ားျဖစ္ေပၚလာေရး ခႏၶာကိုယ္က လိုအပ္ေသာ ဗက္တီးရီးယားမ်ားကိုလည္း ျဖစ္ေပၚေစေၾကာင္း သုေတသီမ်ားက ေျပာသည္။                                                 

 မိခင်နို့တွင် ပါဝင်သော သကြားဓာတ်သည် မွေးကင်းစကလေး ငယ်များကို ကူးစက်စေတတ်သည့် ရောဂါပိုးများအန္တရာယ်မှ ကာ ကွယ်ရန် အထောက်အကူပေးနိုင်ကြောင်း လေ့လာတွေ့ရှိပြီးနောက် ကလေးငယ်များ၏ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်ဓာတ်များစွာအနက် တစ်ခုဖြစ်သည်ဟု ယူဆကြောင်း အင်္ဂလန်သုတေသီများက ပြောသည်။


lacto-n-difucohexaose 1 ဟု ခေါ်သော ယင်းသကြားဓာတ် က ကလေးငယ်များ မွေးဖွားပြီးနောက် သီတင်းပတ်များအတွင်း ရောဂါဖြစ်စေသော ဗက်တီးရီးယားများရန်မှ ကာကွယ်ပေးကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ယခုလေ့လာတွေ့ရှိမှုက မိခင်နှင့် မွေးကင်းစကလေးများ ရောဂါကူးစက်မှုကို ကာကွယ်ရေးကုသနည်းများ ရှာဖွေရန် အ ထောက်အကူဖြစ်နိုင်သည်ဟု သုတေသီများကပြောသည်။

မိခင်နို့တွင် ပါဝင်သော သကြားဓာတ်များသည် ကလေးငယ်၏ ခန္ဓာကိုယ်ထဲတွင် အစာကြေသွားသော်လည်း ကလေး၏ အူလမ်း ကြောင်းထဲတွင် ကျန်းမာရေးနှင့်ညီသော ဗက်တီးရီးယားများအ တွက် အစာဖြစ်စေသည်။

မိခင်နို့တိုက်ကျွေးခြင်းဖြင့် ဓာတ်မတည့်မှုများနှင့် နာမကျန်း ဖြစ်မှုများ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြ သည်။ မိခင်နို့တွင် ပါဝင်သော သကြားဓာတ်သည် ကလေးငယ်၏ မဖွံ့ဖြိုးသေးသော ကိုယ်ခံအားစနစ်ကို အထောက်အကူပေးကာ အခြားသော မကောင်းသည့် ဗက်တီးရီးယားရန်မှလည်း ကာကွယ် ပေးနိုင်ကြောင်း သုတေသီများက ပြောသည်။

ဘီအုပ်စုဝင် ဗက်တီးရီးယားများသည် အမျိုးသမီးသုံးဦးလျှင် တစ်ဦး၏ မအင်္ဂါနှင့် အူများထဲတွင် ပါဝင်ပြီး မွေးဖွားစဉ် (သို့မဟုတ်) မိခင်နို့မှတစ်ဆင့် ကလေးများထံသို့ ကူးစက်ရောက်ရှိနိုင်သည်။

မိခင်နို့တွင် ပါဝင်သော သကြားဓာတ်များသည် ကိုယ်ခံအား စနစ် အောင်မြင်စွာ ဖွံ့ဖြိုးလာစေရန်နှင့် အူလမ်းကြောင်းဆိုင်ရာ အကျိုးပြုပိုးမွှားများဖြစ်ပေါ်လာရေး ခန္ဓာကိုယ်က လိုအပ်သော ဗက်တီးရီးယားများကိုလည်း ဖြစ်ပေါ်စေကြောင်း သုတေသီများက ပြောသည်။                                                 

—Ref: UPI
7daydaily  မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com