Tuesday, December 6, 2016

ကုိယ္ဝန္ဖ်က္ခ်ျခင္းက အဲ့ဒီ မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝကို အက်ဳိးသက္ေရာက္ေစႏိုင္


  ကုိယ္ဝန္ဖ်က္ခ်မႈ ေထာက္ခံသူနဲ႔ ဆန္႔က်င္သူဆုိျပီး လူ ႏွစ္မ်ဳိးပဲရိွပါတယ္။ ဒါအံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ အေၾကာင္းက လူတစ္ေယာက္ကို ဒီလမ္းပဲ ေရြးရမယ္လုိ႔ ေျပာပိုင္ခြင့္မရိွသလို တစ္ေယာက္ဆုံးျဖတ္ခ်က္ကို လူတုိင္း အမွန္လုိ႔ မယူဆၾကလုိ႔ ပဲျဖစ္ပါတယ္။  ေကာင္းသည္ျဖစ္ေစ၊ ဆုိးသည္ျဖစ္ေစ အမ်ဳိးသမီးတစ္ဦးခ်င္းစီမွာ ကေလးယူမလား၊ ဖ်က္ခ်မလားဆိုတာ ကုိယ္ပိုင္ ဆုံးျဖတ္ႏုိင္ပါတယ္။ ဒါေပမယ့္ စိတ္ကုထုံးဆရာဝန္ Tatiana Ohneva-Salvoni က အမ်ဳိးသမီးတစ္ေယာက္မွာ ကုိယ္ဝန္ဖ်က္ခ်ျပီးေနာက္ပုိင္း အက်ဳိးသက္ေရာက္မႈျဖစ္ပြားပုံကုိ ရွင္းျပထားပါတယ္။

၁။ ကိုယ္၀န္ဖ်က္ခ်ဖုိ႕ စံုတြဲႏွစ္ဦးစလံုးက သေဘာတူဆံုးျဖတ္ထားတာ  ဆိုေပမယ့္ ဒါဟာ ဖ်က္ခ်ျပီးေနာက္ပုိင္း ဒါကို လံုး၀ေမ့ေဖ်ာက္ပစ္လိုက္ႏုိင္မယ္၊ ေပ်ာ္ေပ်ာ္ရႊင္ရြင္ ေနထုိင္သြားႏိုင္မယ္လို႕ မဆုိလိုပါဘူး။ မိသားစုတစ္ခု ထူေထာင္ဖုိ႔ အဆင္သင့္မျဖစ္ေသးဘူးဆုိတဲ့ အခ်က္ကတင္ အဲဒီစုံတြဲမွာ မေက်ာ္လႊားႏုိင္တဲ့ ျပသနာတခ်ဳိ႕ ရိွေနတယ္ဆုိတာကို ျပလိုက္တာပါပဲ။

၂။ ကိုယ္ဝန္ဖ်က္ခ်ဖုိ႔ ဆုံးျဖတ္ထားျပီ သုိ႔မဟုတ္ ဖ်က္ခ်လုိက္ျပီဆိုရင္ေတာင္ စိတ္ထိခုိက္ခံစားရမႈေတြ ေပ်ာက္သြားတာ မဟုတ္ပါဘူး။ လုပ္ထားတဲ့အရာကို ျပန္ျပင္လုိ႔မရပါဘူး။

၃။ ကုိယ္ဝန္ဖ်က္ခ်ျပီး ေနာက္ေမြးတဲ့ကေလးဟာ စိတ္ဓာတ္က်လြယ္ျပီး ဘဝကို အလုိက္သင့္ မေနတတ္ၾကပါဘူး။ သူတုိ႔ ေရွ႕ကလူ အသက္ရွင္ခြင့္မရခဲ့ေတာ့့ ဘဝကို ေပ်ာ္ေပ်ာ္ျဖတ္သန္းရမယ္ဆုိတာမ်ဳိး သူတုိ႔မခံစားၾကရပါဘူးတဲ့။

၄။ လူ႔အသုိင္းအဝုိင္းက ဒါကို အျပစ္လုိ႔ သတ္မွတ္ထားတာေၾကာင့္ စိတ္မသုိးမသန္႔ ခံစားရပါတယ္။ ဆရာဝန္ေတြနဲ႔ ပတ္ဝန္းက်င္က လူေတြ မိမိလုပ္ရပ္ကို ရႈံ႕ခ်သလိုခံစားၾကရပါတယ္။ ဒါ့ေၾကာင့္ ဒီလုပ္ရပ္ကို အျပစ္လုိ႔ သတ္မွတ္ထားသူေတြအေပၚ မလုံမလဲ စတင္ခံစားလာၾကရပါတယ္။

ကေလးတစ္ေယာက္ကို လူျဖစ္ခြင့္ေပးေရး၊ မေပးေရး သင္တစ္ဦးတည္း ဆုံးျဖတ္ႏုိင္ေပမယ့္ အဲဒီလုပ္ရပ္ေၾကာင့္ သင့္ဘဝမွာ အစြန္းအထင္းတစ္ခု အျမဲတမ္း က်န္ရစ္မယ္ဆုိတာ သတိျပဳသင့္ပါတယ္။

ကိုယ်ဝန်ဖျက်ချမှု ထောက်ခံသူနဲ့ ဆန့်ကျင်သူဆိုပြီး လူ နှစ်မျိုးပဲရှိပါတယ်။ ဒါအံ့သြစရာတော့ မဟုတ်ပါဘူး။ အကြောင်းက လူတစ်ယောက်ကို ဒီလမ်းပဲ ရွေးရမယ်လို့ ပြောပိုင်ခွင့်မရှိသလို တစ်ယောက်ဆုံးဖြတ်ချက်ကို လူတိုင်း အမှန်လို့ မယူဆကြလို့ ပဲဖြစ်ပါတယ်။  ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမျိုးသမီးတစ်ဦးချင်းစီမှာ ကလေးယူမလား၊ ဖျက်ချမလားဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ကုထုံးဆရာဝန် Tatiana Ohneva-Salvoni က အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း အကျိုးသက်ရောက်မှုဖြစ်ပွားပုံကို ရှင်းပြထားပါတယ်။

၁။ ကိုယ်ဝန်ဖျက်ချဖို့ စုံတွဲနှစ်ဦးစလုံးက သဘောတူဆုံးဖြတ်ထားတာ  ဆိုပေမယ့် ဒါဟာ ဖျက်ချပြီးနောက်ပိုင်း ဒါကို လုံးဝမေ့ဖျောက်ပစ်လိုက်နိုင်မယ်၊ ပျော်ပျော်ရွှင်ရွင် နေထိုင်သွားနိုင်မယ်လို့ မဆိုလိုပါဘူး။ မိသားစုတစ်ခု ထူထောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အချက်ကတင် အဲဒီစုံတွဲမှာ မကျော်လွှားနိုင်တဲ့ ပြသနာတချို့ ရှိနေတယ်ဆိုတာကို ပြလိုက်တာပါပဲ။

၂။ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ထားပြီ သို့မဟုတ် ဖျက်ချလိုက်ပြီဆိုရင်တောင် စိတ်ထိခိုက်ခံစားရမှုတွေ ပျောက်သွားတာ မဟုတ်ပါဘူး။ လုပ်ထားတဲ့အရာကို ပြန်ပြင်လို့မရပါဘူး။

၃။ ကိုယ်ဝန်ဖျက်ချပြီး နောက်မွေးတဲ့ကလေးဟာ စိတ်ဓာတ်ကျလွယ်ပြီး ဘဝကို အလိုက်သင့် မနေတတ်ကြပါဘူး။ သူတို့ ရှေ့ကလူ အသက်ရှင်ခွင့်မရခဲ့တော့့ ဘဝကို ပျော်ပျော်ဖြတ်သန်းရမယ်ဆိုတာမျိုး သူတို့မခံစားကြရပါဘူးတဲ့။

၄။ လူ့အသိုင်းအဝိုင်းက ဒါကို အပြစ်လို့ သတ်မှတ်ထားတာကြောင့် စိတ်မသိုးမသန့် ခံစားရပါတယ်။ ဆရာဝန်တွေနဲ့ ပတ်ဝန်းကျင်က လူတွေ မိမိလုပ်ရပ်ကို ရှုံ့ချသလိုခံစားကြရပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်ကို အပြစ်လို့ သတ်မှတ်ထားသူတွေအပေါ် မလုံမလဲ စတင်ခံစားလာကြရပါတယ်။

ကလေးတစ်ယောက်ကို လူဖြစ်ခွင့်ပေးရေး၊ မပေးရေး သင်တစ်ဦးတည်း ဆုံးဖြတ်နိုင်ပေမယ့် အဲဒီလုပ်ရပ်ကြောင့် သင့်ဘဝမှာ အစွန်းအထင်းတစ်ခု အမြဲတမ်း ကျန်ရစ်မယ်ဆိုတာ သတိပြုသင့်ပါတယ်။

Ref: ladiescaretips
trend myanmar မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com