Wednesday, December 7, 2016

အမ်ိဳးသမီးမ်ား သေႏၶတားေဆး ေသာက္သံုးမႈ ရပ္တန္႔လိုက္ပါက ဗီတာမင္ဒီပမာဏ ေလ်ာ့က်ႏိုင္


 အမ်ိဳးသမီးမ်ား သေႏၶတားေဆးအသံုးျပဳမႈ ရပ္တန္႔လိုက္ခ်ိန္ (သို႔မဟုတ္) မ,ေဟာ္မုန္းပါ၀င္ေသာ အျခားသေႏၶတားနည္း အသံုး ျပဳျခင္း ရပ္တန္႔လိုက္ခ်ိန္တြင္ ခႏၶာကိုယ္၏ ဗီတာမင္ဒီပမာဏ ေလ်ာ့က်ႏိုင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။


ယင္းဗီတာမင္ဒီဓာတ္သည္ အ႐ိုးမ်ားက်န္းမာေရးအေပၚ အ က်ိဳးသက္ေရာက္ႏုိင္ေသာ ေသြးထဲရွိ ကယ္လ္ဆီယမ္ဓာတ္ကို စီမံ ခန္႔ခဲြရာတြင္ ကိုယ္ခံအားစနစ္တို႔၌ ပါ၀င္သည္။

ေနေရာင္ျခည္ႏွင့္ထိေတြ႕ခ်ိန္တြင္ ခႏၶာကိုယ္က ဗိီတာမင္ဒီ ထုတ္လုပ္ေပးသည့္ ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း သေႏၶသား၏ အ႐ိုး ဖံြ႕ၿဖိဳးမႈအေထာက္အကူျဖစ္ေစရန္ အမ်ိဳးသမီးမ်ား၏ ခႏၶာကိုယ္က ဗီတာမင္ဒီပမာဏ အမ်ားအျပား ထုတ္လုပ္ၿပီး ဗီတာမင္ခ်ိဳ႕တဲ့မႈ ျဖစ္ႏိုင္သည့္အႏၲရာယ္ ျမင့္မားေၾကာင္း သုေတသီမ်ားက ေျပာ သည္။

အမ်ိဳးသမီးမ်ား ကိုယ္၀န္ေဆာင္လိုစိတ္ ျဖစ္ေပၚလာခ်ိန္တြင္ သေႏၶတားေဆးမ်ား အသံုးျပဳေနမႈ ရပ္တန္႔လိုက္ပါက ဗီတာမင္ဒီ ခ်ိဳ႕တဲ့မႈ ျဖစ္ေပၚလာႏိုင္သည့္ အႏၲရာယ္ ျမင့္မားေၾကာင္း မိမိတို႔ ေလ့လာေတြ႕ရွိခဲ့သည္ဟု သုေတသီမ်ားက ေျပာသည္။

သေႏၶတားေဆးအသံုးျပဳမႈ ရပ္တန္႔လိုေသာ အမ်ိဳးသမီးမ်ားအ ေနျဖင့္ ကိုယ္၀န္ရရွိေအာင္ ႀကိဳးစားေနစဥ္ႏွင့္ ကိုယ္၀န္ေဆာင္ခ်ိန္ တို႔အတြင္း လံုေလာက္သည့္ ဗီတာမင္ဒီပမာဏ ရွိေနေစေရး ႀကိဳ တင္ေဆာင္ရြက္ထားသင့္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈတြင္ ပါ၀င္သူ အမ်ိဳးသမီး ၁,၇၀၀ ဦးခန္႔ထံမွ ေသြး နမူနာမ်ားကို စစ္ေဆးရာ၌ မ,ေဟာ္မုန္းပါေသာ သေႏၶတားနည္း မ်ား၊ သေႏၶတားေဆးမ်ား အသံုးျပဳသူမ်ားသည္ ဗီတာမင္ဒီ ပမာဏ ၂၀ ရာခိုင္ႏႈန္း ပိုျမင့္မားေၾကာင္း ေတြ႕ရွိခဲ့သည္။

သို႔ေသာ္ သေႏၶတားေဆးအသံုးျပဳမႈ ရပ္တန္႔လိုက္ေသာ အမ်ိဳး သမီးမ်ားတြင္ ဗီတာမင္ဒီပမာဏ ေလ်ာ့နည္းသြားေၾကာင္း သုေတ သီမ်ားက ေျပာသည္။

မ,ေဟာ္မုန္းပါ၀င္ေသာ သေႏၶတားေဆးမ်ားက ဗီတာမင္ဒီ ပမာဏကို တိုးပြားေနၿပီးသေႏၶတားေဆးအသံုးျပဳမႈ ရပ္တန္႔လိုက္ခ်ိန္ တြင္ ယင္းဗီတာမင္ဒီပမာဏ ေလ်ာ့က်သြားေၾကာင္း မိမိတို႔ ေလ့လာ မႈက ေဖာ္ျပသည္ဟု သုေတသီမ်ားက ေျပာသည္။

ဗီတာမင္ဒီကို အဆီမ်ားေသာ ငါးႏွင့္ ႏို႔တို႔ စားသံုးျခင္းမွလည္း ရရွိႏိုင္သည္။                                               

 အမျိုးသမီးများ သန္ဓေတားဆေးအသုံးပြုမှု ရပ်တန့်လိုက်ချိန် (သို့မဟုတ်) မ,ဟော်မုန်းပါဝင်သော အခြားသန္ဓေတားနည်း အသုံး ပြုခြင်း ရပ်တန့်လိုက်ချိန်တွင် ခန္ဓာကိုယ်၏ ဗီတာမင်ဒီပမာဏ လျော့ကျနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။


ယင်းဗီတာမင်ဒီဓာတ်သည် အရိုးများကျန်းမာရေးအပေါ် အ ကျိုးသက်ရောက်နိုင်သော သွေးထဲရှိ ကယ်လ်ဆီယမ်ဓာတ်ကို စီမံ ခန့်ခွဲရာတွင် ကိုယ်ခံအားစနစ်တို့၌ ပါဝင်သည်။

နေရောင်ခြည်နှင့်ထိတွေ့ချိန်တွင် ခန္ဓာကိုယ်က ဗိီတာမင်ဒီ ထုတ်လုပ်ပေးသည့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသား၏ အရိုး ဖွံ့ဖြိုးမှုအထောက်အကူဖြစ်စေရန် အမျိုးသမီးများ၏ ခန္ဓာကိုယ်က ဗီတာမင်ဒီပမာဏ အများအပြား ထုတ်လုပ်ပြီး ဗီတာမင်ချို့တဲ့မှု ဖြစ်နိုင်သည့်အန္တရာယ် မြင့်မားကြောင်း သုတေသီများက ပြော သည်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်လိုစိတ် ဖြစ်ပေါ်လာချိန်တွင် သန္ဓေတားဆေးများ အသုံးပြုနေမှု ရပ်တန့်လိုက်ပါက ဗီတာမင်ဒီ ချို့တဲ့မှု ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် မြင့်မားကြောင်း မိမိတို့ လေ့လာတွေ့ရှိခဲ့သည်ဟု သုတေသီများက ပြောသည်။

သန္ဓေတားဆေးအသုံးပြုမှု ရပ်တန့်လိုသော အမျိုးသမီးများအ နေဖြင့် ကိုယ်ဝန်ရရှိအောင် ကြိုးစားနေစဉ်နှင့် ကိုယ်ဝန်ဆောင်ချိန် တို့အတွင်း လုံလောက်သည့် ဗီတာမင်ဒီပမာဏ ရှိနေစေရေး ကြို တင်ဆောင်ရွက်ထားသင့်ကြောင်း သုတေသီများက ပြောသည်။

ယခုလေ့လာမှုတွင် ပါဝင်သူ အမျိုးသမီး ၁,၇၀၀ ဦးခန့်ထံမှ သွေး နမူနာများကို စစ်ဆေးရာ၌ မ,ဟော်မုန်းပါသော သန္ဓေတားနည်း များ၊ သန္ဓေတားဆေးများ အသုံးပြုသူများသည် ဗီတာမင်ဒီ ပမာဏ ၂၀ ရာခိုင်နှုန်း ပိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်။

သို့သော် သန္ဓေတားဆေးအသုံးပြုမှု ရပ်တန့်လိုက်သော အမျိုး သမီးများတွင် ဗီတာမင်ဒီပမာဏ လျော့နည်းသွားကြောင်း သုတေ သီများက ပြောသည်။

မ,ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများက ဗီတာမင်ဒီ ပမာဏကို တိုးပွားနေပြီးသန္ဓေတားဆေးအသုံးပြုမှု ရပ်တန့်လိုက်ချိန် တွင် ယင်းဗီတာမင်ဒီပမာဏ လျော့ကျသွားကြောင်း မိမိတို့ လေ့လာ မှုက ဖော်ပြသည်ဟု သုတေသီများက ပြောသည်။

ဗီတာမင်ဒီကို အဆီများသော ငါးနှင့် နို့တို့ စားသုံးခြင်းမှလည်း ရရှိနိုင်သည်။                                               

—Ref: UPI
7daydaily  မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com