Tuesday, December 6, 2016

ရင်သားကင်ဆာအတွက် စစ်ဆေးမှု ခံယူခြင်းသည် အသက်အရွယ် အပိုင်းအခြားနှင့် မသက်ဆိုင်


  အမျိုးသမီးများ ရင်သားကင်ဆာအတွက် စစ်ဆေးမှုခံယူခြင်း တွင် အချို့သော အသက်အရွယ်အပိုင်းအခြားသို့ ရောက်ရှိလာသူ များ မရပ်ဆိုင်းသင့်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

အရေပြားကင်ဆာပြီးနောက် ရင်သားကင်ဆာရောဂါသည် အမေရိကန်အမျိုးသမီးများကြား ဖြစ်ပွားမှုအများဆုံး ရောဂါအမျိုး အစားဖြစ်သည်။

ရင်သားကင်ဆာရောဂါကြောင့် နှစ်စဉ်သေဆုံးမှု အများအပြား ရှိသော်လည်း စစ်ဆေးမှုခံယူခြင်း ရလဒ်အဖြစ် ရောဂါကို စောစော စီးစီး စစ်ဆေးတွေ့ရှိမှုများကြောင့် ယင်းကင်ဆာကြောင့် သေဆုံးမှု နှုန်း လျော့နည်းလာသည်။

mammography ဟုခေါ်သော ဓာတ်ရောင်ခြည်ဖြင့် ပုံရိပ် ဖော်နည်းပညာကိုသုံး၍ ရင်သားကင်ဆာအတွက် စစ်ဆေးမှု ခံယူ ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယင်းနည်းလမ်းဖြင့် စစ်ဆေးမှု ခံယူပါက ရင်သားကင်ဆာ၏ ကနဦးလက္ခဏာများကို ခွဲခြားဖော် ထုတ်နိုင်မည်ဖြစ်သည်။

ပျမ်းမျှ အသက် (၄၀) မှ (၄၉)နှစ်အရွယ်အတွင်း အမျိုးသမီး များသည် ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်များခြင်း ကြောင့် အမေရိကန်ကာကွယ်ရေးဝန်ဆောင်မှုအဖွဲ့ (USPSTF)၏ ၂၀၀၉ ခုနှစ် လမ်းညွှန်ချက်က ဖော်ပြထားသည်။

သို့သော် ယင်းအရွယ်ထက် အသက်ကြီးသော အမျိုးသမီးများ ရင်သားကင်ဆာအတွက် စစ်ဆေးမှုခံယူခြင်းကို ရပ်ဆိုင်းပစ်သင့် သည်ဆိုသော လုံလောက်သည့် အထောက်အထားမရှိဟု သုတေသီများက ပြောသည်။

အသက် (၅၅) နှစ်နှင့်အထက် အမျိုးသမီးများလည်း ၂ နှစ်လျှင် တစ်ကြိမ် ရင်သားကင်ဆာစစ်ဆေးမှုကို ခံယူသင့်သည်ဟု သုတေသီများက လမ်းညွှန်သည်။

အသက်အရွယ်ကြီးလာချိန်တွင် ရင်သားကင်ဆာအတွက် ဆက်လက်စစ်ဆေးမှု ခံယူမည်၊ ရပ်တန့်မည်ဆိုခြင်းမှာ အမျိုးသမီး တစ်ဦး၏ ကိုယ်တိုင်ရွေးချယ်မှုအပေါ် မူတည်သည်ဟု သုတေသီ များက ပြောသည်။

ရင်သားကင်ဆာအတွက် ပုံမှန်စစ်ဆေးမှု ခံယူခြင်းဖြင့် စော စောစီးစီး စစ်ဆေးတွေ့ရှိလျှင် ကုသရလွယ်ကူသည်။

—Ref: MNT
7daydaily မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com