Wednesday, December 7, 2016

ေက်ာင္းေနအရြယ္ကေလးမ်ားတြင္ ငါးမ်က္စိအျဖစ္မ်ား


 ေက်ာင္းေနအရြယ္ ကေလးငယ္မ်ားတြင္ အေရျပား ေရာဂါတစ္မ်ိဳးျဖစ္သည့္ ငါးမ်က္စိ (Molluscum)အျဖစ္မ်ားၿပီး ကူး စက္လြယ္သျဖင့္ သတိျပဳရန္လို ေၾကာင္း အေရျပားအထူးကုဆရာ ဝန္ႀကီး ေဒါက္တာေက်ာ္ေက်ာ္က ေျပာသည္။

‘‘Molluscum ကို အရပ္ အေခၚ ငါးမ်က္စိလုိ႔ေခၚတယ္။ ေျခေထာက္မွာျဖစ္တဲ့ ငါးမ်က္စိ က (Corn)မတူဘူး။ Molluscum က်ေတာ့ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ တာ။ ကေလးေတြမွာ အျဖစ္မ်ား တယ္။ အေရျပားကို တိုက္႐ိုက္ ထိေတြ႕ရာက ကူးစက္တယ္။ ပြန္း ပဲ့ရာ၊ ကုတ္ရာ၊ ဖဲ့ရာေတြကေန ကူးစက္ျပန္႔ပြားတာ ျမန္တယ္။ ကေလးအခ်င္းခ်င္း လက္ပြန္းတတီးကစားရာက ကူးစက္ၾကတယ္။ လူႀကီးေတြမွာက်ေတာ့ လိင္ဆက္ဆံရာကေန ကူးစက္တတ္တယ္’’ဟု ၎က ရွင္းျပသည္။

အဆိုပါ ငါးမ်က္စိသည္ အပ္ ေခါင္းသာသာ အရြယ္ကစၿပီး ပဲနီ ေလးေစ့အရြယ္အထိ ရွိတတ္ ေၾကာင္း၊ ကေလးမ်ားတြင္ ေရာဂါ စျဖစ္ခါစ၌ ငါးမ်က္စိတစ္လံုး၊ ႏွစ္လံုးသာရွိတတ္သျဖင့္ မိဘမ်ား က သတိမျပဳတတ္ေၾကာင္း၊ေနာက္ပိုင္း ကုတ္ဖဲ့ရာမွ ငါးမ်က္စိ မ်ား အပြားျမန္ၿပီး အေရျပားတြင္ရာႏွင့္ခ်ီ၍ ႁပြတ္သိပ္လာသည့္အခါမွ အေရျပားအထူးကုဆရာဝန္ ထံ ေရာက္လာတတ္ေၾကာင္း သိရသည္။

‘‘မ်က္ႏွာ၊ လည္ပင္း၊ လက္၊ ဗိုက္ေနရာေတြမွာ ျဖစ္ၾကတယ္။ ဒီေရာဂါက ကာကြယ္ေဆးမရွိ ဘူး။ ငါးမ်က္စိျဖစ္လာခဲ့ရင္ တစ္ လံုးခ်င္းကို ေဆးတုိ႔တာေတြ လုပ္ ရတယ္။ ေရာဂါမေပ်ာက္ခင္စပ္ ၾကားမွာ တျခားသူကို ကူးစက္မႈ ျပန္႔သြားတတ္တယ္။ ေနာက္ၿပီး အနာကို ကုတ္ဖဲ့ရာကတစ္ဆင့္ ဗက္တီးရီးယားပိုးဝင္ၿပီး ျပည္ တည္နာေတြျဖစ္တတ္တယ္’’ဟု ေဒါက္တာေက်ာ္ေက်ာ္က ဆို သည္။

ထုိ႔ေၾကာင့္ ေရာဂါျဖစ္ပြားပါ က အေရျပားဆရာဝန္ႏွင့္ အျမန္ ဆံုးကုသရန္ လိုအပ္ေၾကာင္း၊ ကေလးငယ္မ်ားတြင္ လက္သည္း၊ ေျခသည္းမွန္မွန္ညႇပ္ရန္ ႏွင့္ လက္သန္႔ရွင္းေရး၊ တစ္ကိုယ္ ေရသန္႔ရွင္းေရးကို မိဘမ်ားအေန ျဖင့္ ဂ႐ုျပဳရန္လိုေၾကာင္း၊ တစ္ ကိုယ္ေရသံုးပစၥည္းမ်ားျဖစ္သည့္ မ်က္ႏွာသုတ္ပဝါ၊ ေခါင္းဘီး၊ မုတ္ဆိတ္ရိတ္ဓား စသည့္ပစၥည္း မ်ားကို သီးသန္႔အသံုးျပဳရန္ႏွင့္ လူႀကီးမ်ားတြင္ လိင္မႈကိစၥ႐ႈပ္ေပြျခင္းကို ေရွာင္ၾကဥ္ရန္ လိုအပ္ ေၾကာင္း ေဒါက္တာေက်ာ္ေက်ာ္ က အႀကံျပဳသည္။

 ကျောင်းနေအရွယ် ကလေးငယ်များတွင် အရေပြား ရောဂါတစ်မျိုးဖြစ်သည့် ငါးမျက်စိ (Molluscum)အဖြစ်များပြီး ကူး စက်လွယ်သဖြင့် သတိပြုရန်လို ကြောင်း အရေပြားအထူးကုဆရာ ဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။

‘‘Molluscum ကို အရပ် အခေါ် ငါးမျက်စိလို့ခေါ်တယ်။ ခြေထောက်မှာဖြစ်တဲ့ ငါးမျက်စိ က (Corn)မတူဘူး။ Molluscum ကျတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ် တာ။ ကလေးတွေမှာ အဖြစ်များ တယ်။ အရေပြားကို တိုက်ရိုက် ထိတွေ့ရာက ကူးစက်တယ်။ ပွန်း ပဲ့ရာ၊ ကုတ်ရာ၊ ဖဲ့ရာတွေကနေ ကူးစက်ပြန့်ပွားတာ မြန်တယ်။ ကလေးအချင်းချင်း လက်ပွန်းတတီးကစားရာက ကူးစက်ကြတယ်။ လူကြီးတွေမှာကျတော့ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တယ်’’ဟု ၎င်းက ရှင်းပြသည်။


အဆိုပါ ငါးမျက်စိသည် အပ် ခေါင်းသာသာ အရွယ်ကစပြီး ပဲနီ လေးစေ့အရွယ်အထိ ရှိတတ် ကြောင်း၊ ကလေးများတွင် ရောဂါ စဖြစ်ခါစ၌ ငါးမျက်စိတစ်လုံး၊ နှစ်လုံးသာရှိတတ်သဖြင့် မိဘများ က သတိမပြုတတ်ကြောင်း၊နောက်ပိုင်း ကုတ်ဖဲ့ရာမှ ငါးမျက်စိ များ အပွားမြန်ပြီး အရေပြားတွင်ရာနှင့်ချီ၍ ပြွတ်သိပ်လာသည့်အခါမှ အရေပြားအထူးကုဆရာဝန် ထံ ရောက်လာတတ်ကြောင်း သိရသည်။

‘‘မျက်နှာ၊ လည်ပင်း၊ လက်၊ ဗိုက်နေရာတွေမှာ ဖြစ်ကြတယ်။ ဒီရောဂါက ကာကွယ်ဆေးမရှိ ဘူး။ ငါးမျက်စိဖြစ်လာခဲ့ရင် တစ် လုံးချင်းကို ဆေးတို့တာတွေ လုပ် ရတယ်။ ရောဂါမပျောက်ခင်စပ် ကြားမှာ တခြားသူကို ကူးစက်မှု ပြန့်သွားတတ်တယ်။ နောက်ပြီး အနာကို ကုတ်ဖဲ့ရာကတစ်ဆင့် ဗက်တီးရီးယားပိုးဝင်ပြီး ပြည် တည်နာတွေဖြစ်တတ်တယ်’’ဟု ဒေါက်တာကျော်ကျော်က ဆို သည်။

ထို့ကြောင့် ရောဂါဖြစ်ပွားပါ က အရေပြားဆရာဝန်နှင့် အမြန် ဆုံးကုသရန် လိုအပ်ကြောင်း၊ ကလေးငယ်များတွင် လက်သည်း၊ ခြေသည်းမှန်မှန်ညှပ်ရန် နှင့် လက်သန့်ရှင်းရေး၊ တစ်ကိုယ် ရေသန့်ရှင်းရေးကို မိဘများအနေ ဖြင့် ဂရုပြုရန်လိုကြောင်း၊ တစ် ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် မျက်နှာသုတ်ပဝါ၊ ခေါင်းဘီး၊ မုတ်ဆိတ်ရိတ်ဓား စသည့်ပစ္စည်း များကို သီးသန့်အသုံးပြုရန်နှင့် လူကြီးများတွင် လိင်မှုကိစ္စရှုပ်ပွေခြင်းကို ရှောင်ကြဉ်ရန် လိုအပ် ကြောင်း ဒေါက်တာကျော်ကျော် က အကြံပြုသည်။

7daydaily မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com