Wednesday, December 7, 2016

အရြယ္မတုိင္မီ ဆံျဖဴရျခင္း အေၾကာင္းအရင္း


   ကြ်ႏု္ပ္တုိ႔ မွားယြင္းစြာ လက္ခံထားၾကတဲ့ အခ်က္တစ္ခု ရိွပါတယ္။ အသက္ၾကီးရင္ ဆံပင္ျဖဴတယ္ဆုိတာေပါ့။ ကြ်ႏု္ပ္တုိ႔ အသက္ၾကီးလာေလ၊ ဆံျခည္ေတြ အျဖဴေရာင္၊ ေငြေရာင္ သုိ႔မဟုတ္ မီးခုိးေရာင္အျဖစ္ ေတြ႔ႏုိင္ေျခပိုမ်ားေလ ျဖစ္ပါတယ္။ ဒါေပမယ့္ အကုန္လံုးမဟုတ္ေပမယ့္ အမ်ဳိးသမီးေတြကို  ဆယ္ေက်ာ္သက္အရြယ္နဲ႕ ၂၀ ေက်ာ္အရြယ္မွာ စတင္ျပီး ဆံပင္ျဖဴတာမ်ိဳး ေတြ႕ရပါလိမ့္မယ္။။ မ်ဳိးရုိးဗီဇမွသည္ အစားအေသာက္နဲ႔ ဘဝေနထုိင္မႈပုံစံအထိ ဒီအရာအားလုံးေတြက အရြယ္မတုိင္မီ ဆံပင္ျဖဴ တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

၁။ မ်ဳိးရုိးဗီဇ

ကြ်ႏု္ပ္တုိ႔ ဘယ္ပုံအိုမင္းလာၾကတယ္ဆုိတာ မ်ဳိးရုိးဗီဇက အေျခခံအက်ဆုံး အခ်က္ျဖစ္ပါတယ္။ ဆံပင္ျဖဴတာနဲ႔ ပတ္သက္ရင္ ဆံပင္ေမႊညင္းေပါက္အတြင္းရိွ အမည္းေရာင္ျဒပ္ (melanin) စတင္ ဆုံးရႈံးမႈႏႈန္းဟာ သင့္မိဘနဲ႔ ဘုိးဘြားတုိ႔ ဆံပင္ျဖဴေပါက္တဲ့ အရြယ္နဲ႔ မ်ားစြာ သက္ဆုိင္ပါတယ္။ ဒါ အျမဲတမ္း ျဖစ္တဲ့ကိစၥမဟုတ္ေပမယ့္ မိဘေတြ ၂၅ ႏွစ္အရြယ္မွာ ဆံပင္ျဖဴခဲ့ၾကတယ္ဆုိရင္ မိမိလည္း ဆံပင္စျဖဴဖုိ႔ အလားအလာ ပိုမ်ားပါတယ္။

မ်ဳိးရုိးနဲ႔ လိင္ျဖစ္တည္မႈ

မိန္းကေလးေတြအတြက္ သတင္းေကာင္းက အမ်ဳိးသားေတြ အသက္ ၃၀ ဝန္းက်င္မွာ စျဖဴတဲ့အခ်ိန္မွာ အမ်ဳိးသမီးေတြက ပ်မ္းမ်ွအားျဖင့္ အသက္ ၃၅ ႏွစ္အရြယ္မွာ ဆံပင္ျဖဴေတြ စတင္ေတြ႔ရေလ့ရိွပါတယ္။ အာရွသားေတြ အသက္ ၃၀ ေႏွာင္းပုိင္းမွာ ဆံပင္စျဖဴၾကျပီး အာဖရိကန္အေမရိကန္ေတြဟာ အသက္ ၄၀ အထိ မျဖဴၾကေသးဘူးလုိ႔ ေလ့လာမႈအရသိရပါတယ္။

အာဟာရနဲ႔ က်န္းမာေရးျပသနာ

အာဟာရခ်ဳိ႕တည့္တာက အရြယ္မတုိင္မီ ဆံပင္ျဖဴတာ ျဖစ္ေစႏုိင္ပါတယ္။ ဗီတာမင္ B-12 ခ်ဳိ႕တည့္မႈအျပင္ ပရုိတိန္း၊ vitiligo ၊ anemia ၊ သုိင္းရိြဳက္နဲ႔ ပစ္က်ဴထရီကလင္း ခ်ဳိ႕တည့္မႈက ဆံပင္ေစာေစာျဖဴေစပါတယ္။ က်န္းမာေရးျပသနာတစ္ခုခုေၾကာင့္ မိမိကုိယ္ကုိယ္ ဆံပင္ျဖဴတာ အရမ္းေစာေနတယ္လုိ႔ ယူဆတယ္ဆုိရင္ ဆရာဝန္ဆီ ျပပါ။

ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ျဖတ္သင့္တဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။ ေဆးလိပ္ပုံမွန္ေသာက္သူတစ္ေယာက္ဟာ ေဆးလိပ္မေသာက္သူထက္ ဆံပင္ျဖဴေပါက္ႏုိင္ေျခ ၂.၅ ဆ ပုိမ်ားပါတယ္။

စိတ္ဖိစီးမႈ

ဒါက အျငင္းဖြယ္ရာ အခ်က္တစ္ခု ျဖစ္ပါတယ္။ စိတ္ဖိစီးမႈက ဆံပင္ျဖဴမႈျဖစ္ေစေၾကာင္း သက္ေသျပဖုိ႔ တုိက္ရုိက္ဆက္ႏြယ္မႈ မရိွေပမယ့္ ဆံပင္ျဖဴရျခင္းမွာ အခန္းက႑တစ္ခုအေနနဲ႕ ပါဝင္ေၾကာင္း သိပၸံပညာရွင္မ်ားစြာက လက္ခံၾကပါတယ္။ စိတ္ဖိစီးမႈေဟာ္မုန္းေတြက melanocytes ေခၚ ဆံပင္၊ အသားအေရအေရာင္ျဖစ္ေပၚေစမႈကို အေႏွာင့္အယွက္ျဖစ္ေစႏုိင္ပါတယ္။

ကျွနု်ပ်တို့ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်တစ်ခု ရှိပါတယ်။ အသက်ကြီးရင် ဆံပင်ဖြူတယ်ဆိုတာပေါ့။ ကျွနု်ပ်တို့ အသက်ကြီးလာလေ၊ ဆံခြည်တွေ အဖြူရောင်၊ ငွေရောင် သို့မဟုတ် မီးခိုးရောင်အဖြစ် တွေ့နိုင်ခြေပိုများလေ ဖြစ်ပါတယ်။ ဒါပေမယ့် အကုန်လုံးမဟုတ်ပေမယ့် အမျိုးသမီးတွေကို  ဆယ်ကျော်သက်အရွယ်နဲ့ ၂၀ ကျော်အရွယ်မှာ စတင်ပြီး ဆံပင်ဖြူတာမျိုး တွေ့ရပါလိမ့်မယ်။။ မျိုးရိုးဗီဇမှသည် အစားအသောက်နဲ့ ဘဝနေထိုင်မှုပုံစံအထိ ဒီအရာအားလုံးတွေက အရွယ်မတိုင်မီ ဆံပင်ဖြူ တာမျိုး ဖြစ်စေနိုင်ပါတယ်။

၁။ မျိုးရိုးဗီဇ

ကျွနု်ပ်တို့ ဘယ်ပုံအိုမင်းလာကြတယ်ဆိုတာ မျိုးရိုးဗီဇက အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ ဆံပင်ဖြူတာနဲ့ ပတ်သက်ရင် ဆံပင်မွှေညင်းပေါက်အတွင်းရှိ အမည်းရောင်ဒြပ် (melanin) စတင် ဆုံးရှုံးမှုနှုန်းဟာ သင့်မိဘနဲ့ ဘိုးဘွားတို့ ဆံပင်ဖြူပေါက်တဲ့ အရွယ်နဲ့ များစွာ သက်ဆိုင်ပါတယ်။ ဒါ အမြဲတမ်း ဖြစ်တဲ့ကိစ္စမဟုတ်ပေမယ့် မိဘတွေ ၂၅ နှစ်အရွယ်မှာ ဆံပင်ဖြူခဲ့ကြတယ်ဆိုရင် မိမိလည်း ဆံပင်စဖြူဖို့ အလားအလာ ပိုများပါတယ်။

မျိုးရိုးနဲ့ လိင်ဖြစ်တည်မှု

မိန်းကလေးတွေအတွက် သတင်းကောင်းက အမျိုးသားတွေ အသက် ၃၀ ဝန်းကျင်မှာ စဖြူတဲ့အချိန်မှာ အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် အသက် ၃၅ နှစ်အရွယ်မှာ ဆံပင်ဖြူတွေ စတင်တွေ့ရလေ့ရှိပါတယ်။ အာရှသားတွေ အသက် ၃၀ နှောင်းပိုင်းမှာ ဆံပင်စဖြူကြပြီး အာဖရိကန်အမေရိကန်တွေဟာ အသက် ၄၀ အထိ မဖြူကြသေးဘူးလို့ လေ့လာမှုအရသိရပါတယ်။

အာဟာရနဲ့ ကျန်းမာရေးပြသနာ

အာဟာရချို့တည့်တာက အရွယ်မတိုင်မီ ဆံပင်ဖြူတာ ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် B-12 ချို့တည့်မှုအပြင် ပရိုတိန်း၊ vitiligo ၊ anemia ၊ သိုင်းရွိုက်နဲ့ ပစ်ကျူထရီကလင်း ချို့တည့်မှုက ဆံပင်စောစောဖြူစေပါတယ်။ ကျန်းမာရေးပြသနာတစ်ခုခုကြောင့် မိမိကိုယ်ကိုယ် ဆံပင်ဖြူတာ အရမ်းစောနေတယ်လို့ ယူဆတယ်ဆိုရင် ဆရာဝန်ဆီ ပြပါ။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆေးလိပ်ပုံမှန်သောက်သူတစ်ယောက်ဟာ ဆေးလိပ်မသောက်သူထက် ဆံပင်ဖြူပေါက်နိုင်ခြေ ၂.၅ ဆ ပိုများပါတယ်။

စိတ်ဖိစီးမှု

ဒါက အငြင်းဖွယ်ရာ အချက်တစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ဆံပင်ဖြူမှုဖြစ်စေကြောင်း သက်သေပြဖို့ တိုက်ရိုက်ဆက်နွယ်မှု မရှိပေမယ့် ဆံပင်ဖြူရခြင်းမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ကြောင်း သိပ္ပံပညာရှင်များစွာက လက်ခံကြပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေက melanocytes ခေါ် ဆံပင်၊ အသားအရေအရောင်ဖြစ်ပေါ်စေမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

Ref: shefinds
trend myanmar  မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com