Wednesday, December 28, 2016

ခရီးသွားတဲ့အခါ သင့်ကို စိတ်အနှောင့်အယှက် ပေးတဲ့ လူ (၇) မျိုး

  ၁ - သီးသန့်အတွဲ
သူတို့အတွဲက ချောင်တစ်ချောင်မှာ အမြဲတွတ်ထိုးနေတတ်ပါတယ်။ အုပ်စုလိုက်ခရီးထွက်ရင် သူတို့က သီးသန့်နေတတ်ပါတယ်။ အတူနေဖို့ ခေါ်ရင်လည်း ငြင်းတတ်ပါတယ်။

၂ - ဆဲလ်ဖီသမား
သွားနေတဲ့ ခရီးနဲ့ သူငယ်ချင်းတွေအစား ဆဲလ်ဖီတုတ်နဲ့ ကင်မရာကို ပိုဂရိုစိုက်သူတွေပါ။ ခရီးသွားဖို့ထက် ဓာတ်ပုံရိုက်ဖို့ကို စိတ်ဝင်စားသူတွေပါ။

၃ - ငြီးငြူသူ
"ဒီနေရာကလည်း ညစ်ပတ်လိုက်တာ"၊ "ဟိုနေရာက လူတွေက ဘယ်လိုမျိုးမှန်း မသိဘူး"၊ "အမ်မလေး ပင်ပန်းလိုက်တာ" စသဖြင့် တွေ့သမျှ ငြီးငြူနေသူပါ။

၎ - အိမ်လွမ်းသူ
ဒီခရီးကို စိတ်မပါဘဲ လိုက်လာရတယ်ဆိုတဲ့ ပုံမျိုး သူက ဖမ်းပါတယ်။ အိမ်လွမ်းတာ၊ ကျန်ခဲ့တဲ့ဘယ်သူ့ကို လွမ်းတယ်ဆိုတာမျိုး ပြောတတ်ပါတယ်။

၅ - အသောက်သမား
ဖြစ်သလို ဝတ်ပါတယ်။ သောက်ဖို့လောက်ပဲ ချောင်းနေပါတယ်။  ဒီလိုလူမျိုးတွေကို ကမ်းခြေခရီးတွေမှာ တွေ့ရတတ်ပါတယ်။

၆ - မပျက်စီးသေးသူ
 အသက် ၅၀ လောက်ရှိနေပါပြီ။ ခရီးထွက်လာတာကြောင့် လူငယ်လေးပုံ ဖမ်းနေပါတယ်။ ဒါပေမဲ့ သူ့အသက်အရွယ်က စကားပြောနေပါပြီ။

၇ - အသစ်လေး
ခရီးထွက် အတွေ့အကြုံမရှိသူ ဖြစ်ပါတယ်။ သူများတွေထက် တက်ကြွနေတတ်ပါတယ်။ တွေ့သမျှ အကုန်သယ်လာတာကြောင့် သူ့ခရီးဆောင်အိတ်က ပြည့်သိပ်နေတတ်ပါတယ်။




 duwun မှ ကူးယူဖော်ပြသည်။
www.myanmarုkidworld.com