Monday, December 26, 2016

အသီးအရြက္မစားသည့္ ကေလးမ်ား ပန္းနာေရာဂါျဖစ္ႏိုင္ေျခ ၅၃ ရာခိုင္ႏႈန္း ပိုမ်ား

အစာစားရာမွာ အသီးအရြက္ေတြ အမ်ားၾကီးထည့္စားရင္ အသီးအရြက္ေတြက ပန္းနာေရာဂါမျဖစ္ေအာင္ ဟန္႕တားေပးႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ အသီးအရြက္အစားနည္းတဲ့ ကေလးေတြဟာ ပန္းနာေရာျဖစ္ႏိုင္ေျခ ၅၃ ရာခိုင္ႏႈန္းပိုမ်ားႏိုင္တယ္လို႕ ေလ့လာခ်က္အသစ္မွာ ေဖာ္ျပထားပါတယ္။ ကေလး ဆယ္ေယာက္မွာ တစ္ေယာက္က အသီးအႏွံကို မၾကိဳက္ၾကတာေၾကာင့္ ကေလးေတြ အတြက္ မေကာင္းဘူးလို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ အာဟာရဓာတ္ၾကြယ္၀တဲ့ အစားအစာေတြက ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးတဲ့အတြက္ အသီးအႏွံစားတဲ့ကေလးေတြက ပန္းနာေရာဂါျဖစ္ႏိုင္ေျခ နည္းသြားတာပါ။ ပန္းနာေရာဂါျဖစ္ရင္ လူၾကီးေရာ၊ ကေလးပါ အသက္ရွဴရခက္လာတတ္ၾကပါတယ္။ ဒီေရာဂါကို အျမစ္ျပတ္ကုသႏိုင္တဲ့ ေဆးရယ္လို႔ မရွိေသးဘဲ ေရာဂါလကၡဏကို ထိန္းထားေပးႏိုင္တဲ့ ေဆးပဲ ရွိပါတယ္။ ျဗိတိန္မွာ လူေပါင္း ၅ဒသမ ၄သန္းဟာ ဒီေရာဂါျဖစ္ေနၾကျပီး အေမရိကမွာေတာ့ စုစုေပါင္း လူဦးေရရဲ႕ ရွစ္ရာခိုင္ႏႈန္း ဒီေရာဂါျဖစ္ေနတယ္လို႔ ယူဆရပါတယ္။


အစာစားရာမှာ အသီးအရွက်တွေ အများကြီးထည့်စားရင် အသီးအရွက်တွေက ပန်းနာရောဂါမဖြစ်အောင် ဟန့်တားပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အသီးအရွက်အစားနည်းတဲ့ ကလေးတွေဟာ ပန်းနာရောဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများနိုင်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။ ကလေး ဆယ်ယောက်မှာ တစ်ယောက်က အသီးအနှံကို မကြိုက်ကြတာကြောင့် ကလေးတွေ အတွက် မကောင်းဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် အသီးအနှံစားတဲ့ကလေးတွေက ပန်းနာရောဂါဖြစ်နိုင်ခြေ နည်းသွားတာပါ။ ပန်းနာရောဂါဖြစ်ရင် လူကြီးရော၊ ကလေးပါ အသက်ရှူရခက်လာတတ်ကြပါတယ်။ ဒီရောဂါကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးရယ်လို့ မရှိသေးဘဲ ရောဂါလက္ခဏကို ထိန်းထားပေးနိုင်တဲ့ ဆေးပဲ ရှိပါတယ်။ ဗြိတိန်မှာ လူပေါင်း ၅ဒသမ ၄သန်းဟာ ဒီရောဂါဖြစ်နေကြပြီး အမေရိကမှာတော့ စုစုပေါင်း လူဦးရေရဲ့ ရှစ်ရာခိုင်နှုန်း ဒီရောဂါဖြစ်နေတယ်လို့ ယူဆရပါတယ်။

(DM,17,11,16) ချယ်ရီ
(DM,17,11,16) ခ်ယ္ရီ

GoodHeatlh Journal မွကူးယူေဖာ္ျပသည္။

www.MyanmarKidWorld.com
#ကေလးမ်ားအတြက္က်န္းမာေရး