Thursday, December 22, 2016

က်န္းမာေရး အေမးအေျဖ


ကေလးေတြမွာ ကိုယ္အပူခ်ိန္ၾကီးရင္ မိဘအေနနဲ႕ အရမ္းပဲ စိုးရိမ္ျပီး ေျခမကိုင္မိ၊ လက္မကိုင္မိ ျဖစ္ပါတယ္။ ကိုယ္ပူတာ မက်ဘဲ ျဖစ္ေနရင္ ပိုဆိုးပါတယ္။ အၾကံညဏ္ေပး ရွင္းျပေပးပါ ဆရာ။
ေကသြယ္မိုး (ေရႊျပည္သာျမိဳ႕နယ္)ဆရာတို႕စိုးရိမ္တာက ကိုယ္အပူခ်ိန္ၾကီးတာကို စိုးရိမ္တာ မဟုတ္ပါဘူး။ ကိုယ္ပူတယ္ဆိုတာက ေရာဂါလကၡဏ တစ္ခုပဲ ျဖစ္ပါတယ္။ ေရာဂါရဲ႕ မူလအေျခခံဇာစ္ျမစ္မဟုတ္ပါဘူး။ ဆိုလိုတာက ကိုယ္ပူႏိုင္တဲ့ အေၾကာင္းအရာေတြ မ်ဳိးစံု ရွိပါတယ္။ လြယ္လြယ္ေျပာရရင္ေတာ့ ဗိုင္းရပ္စ္ေၾကာင့္ပဲျဖစ္ျဖစ္၊ ဘက္တီးရီးယားပိုးေၾကာင့္ပဲျဖစ္ျဖစ္၊ တျခားေရာဂါးပိုးေတြေၾကာင့္ပဲျဖစ္ျဖစ္ ဖ်ားႏိုင္ပါတယ္။ တခ်ဳိ႕ေရာဂါေတြနဲ႕ ကင္ဆာေရာဂါေတြေၾကာင့္လည္း ကိုယ္ပူခ်ိန္တက္တဲ့ လကၡဏေတြ ရွိႏိုင္ပါတယ္။ ဆိုလိုတာက ကိုယ္ပူတာက ေရာဂါရဲ႕ လကၡဏတစ္ခုပဲ ျဖစ္ပါတယ္။ ေရာဂါရဲ႕ ဇာစ္ျမစ္မဟုတ္ပါဘူးဆုိတာ မိဘေတြအေနနဲ႕ သိထားေစခ်င္ပါတယ္။
 ပါေမာကၡေဒါက္တာေက်ာ္ဇင္ေ၀
(ကေလးအထူးကု ဆရာ၀န္ၾကီး)

ကလေးတွေမှာ ကိုယ်အပူချိန်ကြီးရင် မိဘအနေနဲ့ အရမ်းပဲ စိုးရိမ်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပါတယ်။ ကိုယ်ပူတာ မကျဘဲ ဖြစ်နေရင် ပိုဆိုးပါတယ်။ အကြံညဏ်ပေး ရှင်းပြပေးပါ ဆရာ။
ကေသွယ်မိုး (ရွှေပြည်သာမြို့နယ်)
ဆရာတို့စိုးရိမ်တာက ကိုယ်အပူချိန်ကြီးတာကို စိုးရိမ်တာ မဟုတ်ပါဘူး။ ကိုယ်ပူတယ်ဆိုတာက ရောဂါလက္ခဏ တစ်ခုပဲ ဖြစ်ပါတယ်။ ရောဂါရဲ့ မူလအခြေခံဇာစ်မြစ်မဟုတ်ပါဘူး။ ဆိုလိုတာက ကိုယ်ပူနိုင်တဲ့ အကြောင်းအရာတွေ မျိုးစုံ ရှိပါတယ်။ လွယ်လွယ်ပြောရရင်တော့ ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်ဖြစ်၊ ဘက်တီးရီးယားပိုးကြောင့်ပဲဖြစ်ဖြစ်၊ တခြားရောဂါးပိုးတွေကြောင့်ပဲဖြစ်ဖြစ် ဖျားနိုင်ပါတယ်။ တချို့ရောဂါတွေနဲ့ ကင်ဆာရောဂါတွေကြောင့်လည်း ကိုယ်ပူချိန်တက်တဲ့ လက္ခဏတွေ ရှိနိုင်ပါတယ်။ ဆိုလိုတာက ကိုယ်ပူတာက ရောဂါရဲ့ လက္ခဏတစ်ခုပဲ ဖြစ်ပါတယ်။ ရောဂါရဲ့ ဇာစ်မြစ်မဟုတ်ပါဘူးဆိုတာ မိဘတွေအနေနဲ့ သိထားစေချင်ပါတယ်။
ပါမောက္ခဒေါက်တာကျော်ဇင်ဝေ
(ကလေးအထူးကု ဆရာဝန်ကြီး)

GoodHealth Journal မွကူးယူေဖာ္ျပသည္။

www.ibestmagazine.com
#ကေလးက်န္းမာေရး