Wednesday, December 7, 2016

ဆယ္ေက်ာ္သက္ အမ်ဳိးသမီးအခ်ဳိ႕ ေလ၀င္ ေလထြက္မေကာင္းသည့္ အ၀တ္အစားမ်ားေၾကာင့္ ေပါင္ၿခံတြင္ ေပြးေပါက္လာ


 ဆယ္ေက်ာ္သက္ အမ်ဳိးသမီးအခ်ဳိ႕ ေလ၀င္ေလထြက္ မေကာင္းသည့္ အ၀တ္အစားမ်ား ၀တ္ဆင္ျခင္း၏ အက်ဳိးဆက္အျဖစ္ ေပါင္ၿခံကဲ့သို႔ေနရာမ်ား၌ အေရျပားမႈိေရာဂါတစ္မ်ဳိးျဖစ္သည့္ ေပြးေပါက္ျခင္းမ်ားျဖစ္လာေၾကာင္း အေရျပားအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာခိုင္ခိုင္ေဇာ္က ေျပာသည္။

ယခုေခတ္တြင္ ေနထုိင္မႈပုံစံေျပာင္းလဲၿပီး ရာသီဥတုႏွင့္ မကိုက္ညီသည့္ ဂ်င္းေဘာင္းဘီရွည္၊ အသားကပ္ေဘာင္းဘီမ်ားေၾကာင့္ ေလ၀င္ေလထြက္မရွိဘဲ ခႏၶာကုိယ္မွထြက္သည့္ေခြၽးႏွင့္ ပူေႏြးစိုစြတ္ၿပီး ယင္းကဲ့သို႔ျဖစ္လာရျခင္းျဖစ္ေၾကာင္း ၎ကဆုိသည္။

‘‘အခုေခတ္မိန္းကေလး(၁၆)၊ (၁၇)ႏွစ္အရြယ္ေလးေတြ ေပါင္ၾကားမွာ ေပြးေပါက္လာၾကတယ္။ ကိုရီးယားယဥ္ေက်းမႈေခတ္စားၿပီး ရာသီဥတုနဲ႔ မကိုက္ညီတဲ့ အ၀တ္အစားေတြ ၀တ္ၾကတာေၾကာင့္လို႔ ေျပာရင္ ႀကိဳက္ခ်င္မွ ႀကိဳက္မယ္။ အမွန္က ရာသီဥတုကပူ၊ ေခြၽးက ထြက္၊ ေလ၀င္ေလထြက္မေကာင္းေတာ့ မႈိပိုးကေပါက္လြယ္တယ္။ မႈိပိုးက ေရစိုမယ္။ ပူအုိက္မယ္၊ ေႏြးေထြးတဲ့ အေနအထားကို အႀကိဳက္ဆုံးပဲ’’ဟု ေဒါက္တာခုိင္ခိုင္ေဇာ္က ရွင္းျပသည္။

ေပြးေပါက္ျခင္းသည္ ၀မ္းဗုိက္ပိုင္း၊ ေက်ာပုိင္းႏွင့္ ရင္ဘတ္ပိုင္းမ်ားတြင္ ေပါက္ေလ့ရွိေသာ္လည္း ေပါင္ၿခံ၌ အမ်ားဆုံးေပါက္တတ္ေၾကာင္း၊ ေပြးေပါက္ျခင္းေၾကာင့္ အေရးျပားယားယံမႈလြန္စြာခံစားရၿပီး ကုတ္ျခစ္ရာမွတစ္ဆင့္ ပိုး၀င္ျခင္း၊ ဗက္တီးရီးယားပိုးေၾကာင့္ ျပည္တည္ျခင္းမ်ားျဖစ္တတ္ေၾကာင္း ၎ကဆုိသည္။

‘‘ေပြးက အေႏြးဓာတ္၊ ေရဓာတ္၊ အပူေငြ႕ရွိတဲ့ေနရာမွာျဖစ္ရင္ ၾကာရွည္စဲြတတ္တယ္။ ေတာ္ေတာ္နဲ႔ မေပ်ာက္တတ္ဘူး။ ဒါကုိ ေပ်ာက္ခ်င္ေဇာနဲ႔ ေတြ႕ရာေဆးေတြ လိမ္းၾကတဲ့အခါ အေရျပားက ရိသြားတာ၊ ၿပဲထြက္သြားတာ ေတြျဖစ္ၾကေရာ။ အရမ္းေၾကာက္ဖို႔ ေကာင္းတယ္’’ဟု ေဒါက္တာခိုင္ခိုင္ေဇာ္က ေျပာသည္။

 အေရျပားလိမ္းေဆးမ်ားကုိ အလြယ္တကူ၀ယ္ယူၿပီး မလိမ္းသင့္ေၾကာင္း၊ အခ်ဳိ႕ေဆးမ်ားတြင္ စတီးရြိဳက္မ်ားပါ၀င္ေသာေၾကာင့္ အေရျပားရိျခင္း၊ ၿပဲျခင္းမ်ားျဖစ္တတ္၍ တတ္ကြၽမ္းနားလည္သည့္ ဆရာ၀န္မ်ားႏွင့္ ျပသတုိင္ပင္သင့္ေၾကာင္း၊ အေရျပားမႈိစဲြျခင္းကုိလိမ္းေဆးအျပင္ လိုအပ္ပါက ေသာက္ေဆးႏွင့္တဲြဖက္ၿပီး ကုသေၾကာင္း ၎ကဆုိသည္။

 ဆယ်ကျော်သက် အမျိုးသမီးအချို့ လေဝင်လေထွက် မကောင်းသည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၏ အကျိုးဆက်အဖြစ် ပေါင်ခြံကဲ့သို့နေရာများ၌ အရေပြားမှိုရောဂါတစ်မျိုးဖြစ်သည့် ပွေးပေါက်ခြင်းများဖြစ်လာကြောင်း အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောသည်။

ယခုခေတ်တွင် နေထိုင်မှုပုံစံပြောင်းလဲပြီး ရာသီဥတုနှင့် မကိုက်ညီသည့် ဂျင်းဘောင်းဘီရှည်၊ အသားကပ်ဘောင်းဘီများကြောင့် လေဝင်လေထွက်မရှိဘဲ ခန္ဓာကိုယ်မှထွက်သည့်ချွေးနှင့် ပူနွေးစိုစွတ်ပြီး ယင်းကဲ့သို့ဖြစ်လာရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အခုခေတ်မိန်းကလေး(၁၆)၊ (၁၇)နှစ်အရွယ်လေးတွေ ပေါင်ကြားမှာ ပွေးပေါက်လာကြတယ်။ ကိုရီးယားယဉ်ကျေးမှုခေတ်စားပြီး ရာသီဥတုနဲ့ မကိုက်ညီတဲ့ အဝတ်အစားတွေ ဝတ်ကြတာကြောင့်လို့ ပြောရင် ကြိုက်ချင်မှ ကြိုက်မယ်။ အမှန်က ရာသီဥတုကပူ၊ ချွေးက ထွက်၊ လေဝင်လေထွက်မကောင်းတော့ မှိုပိုးကပေါက်လွယ်တယ်။ မှိုပိုးက ရေစိုမယ်။ ပူအိုက်မယ်၊ နွေးထွေးတဲ့ အနေအထားကို အကြိုက်ဆုံးပဲ’’ဟု ဒေါက်တာခိုင်ခိုင်ဇော်က ရှင်းပြသည်။

ပွေးပေါက်ခြင်းသည် ဝမ်းဗိုက်ပိုင်း၊ ကျောပိုင်းနှင့် ရင်ဘတ်ပိုင်းများတွင် ပေါက်လေ့ရှိသော်လည်း ပေါင်ခြံ၌ အများဆုံးပေါက်တတ်ကြောင်း၊ ပွေးပေါက်ခြင်းကြောင့် အရေးပြားယားယံမှုလွန်စွာခံစားရပြီး ကုတ်ခြစ်ရာမှတစ်ဆင့် ပိုးဝင်ခြင်း၊ ဗက်တီးရီးယားပိုးကြောင့် ပြည်တည်ခြင်းများဖြစ်တတ်ကြောင်း ၎င်းကဆိုသည်။

‘‘ပွေးက အနွေးဓာတ်၊ ရေဓာတ်၊ အပူငွေ့ရှိတဲ့နေရာမှာဖြစ်ရင် ကြာရှည်စွဲတတ်တယ်။ တော်တော်နဲ့ မပျောက်တတ်ဘူး။ ဒါကို ပျောက်ချင်ဇောနဲ့ တွေ့ရာဆေးတွေ လိမ်းကြတဲ့အခါ အရေပြားက ရိသွားတာ၊ ပြဲထွက်သွားတာ တွေဖြစ်ကြရော။ အရမ်းကြောက်ဖို့ ကောင်းတယ်’’ဟု ဒေါက်တာခိုင်ခိုင်ဇော်က ပြောသည်။

 အရေပြားလိမ်းဆေးများကို အလွယ်တကူဝယ်ယူပြီး မလိမ်းသင့်ကြောင်း၊ အချို့ဆေးများတွင် စတီးရွိုက်များပါဝင်သောကြောင့် အရေပြားရိခြင်း၊ ပြဲခြင်းများဖြစ်တတ်၍ တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် ပြသတိုင်ပင်သင့်ကြောင်း၊ အရေပြားမှိုစွဲခြင်းကိုလိမ်းဆေးအပြင် လိုအပ်ပါက သောက်ဆေးနှင့်တွဲဖက်ပြီး ကုသကြောင်း ၎င်းကဆိုသည်။

7daydaily  မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com