Tuesday, December 20, 2016

အခုဘဲစလုပ်ကြည့်ရအောင်



တစ်ခါသော် မင်းတုန်းမင်းကြီးက ယောအတွင်းဝန် ဦးဖိုးလှိုင်အား အမေးတော်ရှိသည် ။

“ဟဲ့…ဖိုးလှိုင် ‘မရှိတာထက် ၊ မသိတာခက်’ဆိုတာ ဟုတ်သလားကွဲ့”

“ဟုတ်ကြောင်းပါဘုရား”

“မသိတာထက် ခက်တာကော ရှိသေးသလားကွဲ့”

“ရှိပါသေးတယ်ဘုရား”

“ဘာများလဲကွဲ့”

“မလုပ်တာပါဘုရား”

“မလုပ်တာက ဘာကြောင့်ပိုခက်သလဲကွဲ့”

“မှန်ပါ…မရှိတာလည်း ရှိအောင်လုပ်ရင် ရှိပါတယ်ဘုရား၊ မသိတာလည်း သိအောင်လုပ်ရင် သိပါတယ်ဘုရား၊ မလုပ်တော့ ဘာမှ မဖြစ်နိုင်တော့တာမို့ အခက်ဆုံး ဖြစ်ပါတယ်ဘုရား “

မင်းတုန်းမင်းကြီးက “အင်း…တော်ပါပေသကွယ်။ ပညာရှိစကား ပီပါပေရဲ့” ဟု မိန့်ကြားတော်မူပြီးနောက် လက်စွပ်တစ်ကွင်းကို ပညာဆုအဖြစ် ချီးမြှင့်တော်မူလေသည် ။

တကယ်တော့နောင်လာနောက်သားတွေလဲမှတ်သားလေ့လာသင့်ပါတယ်။အလုပ်လုပ်ဖို့ပညာသင်ကြားဖို့ထက်ဆင်ခြေဆင်လက်တွေအတော်များနေတယ်။အချိန်မရှိဘူး။ငွေမရှိဘူး။မိဘမထောက်ပံ့နိုင်ဘူး။စသဖြင့်မရှိတာကိုအပြစ်တင်ကြမယ်။မသိတာတွေကိုသိအောင်မသင်ကြဘူး။နဲနဲလောက်သိရင်အားလုးံသိနားလည်သလိုလုပ်တယ်။မိမိကိုယ်ကိုလိမ်တယ်။သူတပါးကိုအပြစ်ဖို့တယ်။ကိုယ်မသိကိုယ်မတတ်တာကိုဝန်မခံဘူး။သူတပါးကြောင့်ဆိုတာကိုလွဲချဖို့လုပ်နေကြတယ်။

မသိတာများလာတော့လုပ်ရတွေခက်လာတယ်။ခက်လာလေလေမလုပ်ချင်လေလေဘဲ။ပျင်းတာရယ်။မသင်ချင်တာရယ်။မလေ့လာချင်တာတွေရောလာပြီးအလုပ်ကိစ္စတော်တော်များများကခက်လာတယ်။ခက်လာတော့မလုပ်ချင်တော့ဘူး။မလုပ်ချင်တော့မလုပ်တတ်ဘူး..။မလုပ်တော့ဘူး။မလုပ်ဘူးဖြစ်လာကြရော။

ဒီလိုနဲ့တိုင်းပြည်ရဲ့လူစွမ်းအားအရင်းအမြစ်တွေတဖြည်းဖြည်းကျဆုးံလာတယ်။ဒါကကိုယ်အတွက်ဘဲမကောင်းတာမဟုတ်ဘူး။မိသားစုအတွက်အပိုလူဖြစ်လာတယ်။နိုင်ငံတနိုင်ငံအတွက်ကြီးမားတဲ့ဆုးံရှုးံမှုတွေဖြစ်လာတယ်။ဒါကြောင့်အပေါက်သေးသေးလေးကသဘောင်္အကြီးကြီးတစီးလုးံကိုရေထဲဆွဲနှစ်ချနိုင်တယ်ဆိုတာသတိထားသင့်တယ်။မလုပ်ဘဲမနေပါနဲ့…ဘာဘဲဖြစ်ဖြစ်စလုပ်ကြည့်ပါ…မိုင်ပေါင်းများစွာခရီးကိုခြေတလှမ်းကစတာမို့..အခုဘဲစလုပ်ကြည့်ရအောင်…။

MaMaLay  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.om