Thursday, December 22, 2016

အင္တီေအာက္ဆီးဒင့္ (Antioxidants) ႏွင့္ ကုသႏိုင္ေသာေရာဂါမ်ား

ေနာက္ဆံုး ေလ့လာေတြ႕ရွိခ်က္အရ အင္တီေအာက္ဆီးဒင့္ေတြကို ေရာဂါတခ်ုဳိ႕ ကုသရာမွ ထိေရာက္စြာ အသံုးခ်ႏိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။ အင္တီေအာက္ဆီးဒင့္ဆိုတာ (Antioxidandts) ဓာတ္တိုးဆန္႕က်င္ပစၥည္းျဖစ္ျပီး ဓာတ္တိုးပစၥည္း (Free Radicals) ေတြကို ဆန္႕က်င္တိုက္ထုတ္ေပးပါတယ္။ ဓာတ္တိုးပစၥည္းေတြက ခႏၶာကိုယ္တြင္းအဂၤါေတြနဲ႕ အေရျပားကို တိုက္ခိုက္ဖ်က္ဆီးတာေၾကာင့္ ခႏၶာကိုယ္တြင္းအဂၤါေတြမွာ ေရာဂါေတြ ျဖစ္လာတာ၊ အရြယ္မတိုင္ခင္ အေရျပားအိုမင္းကာ အေရးေၾကာင္းျဖစ္လာတာ စတဲ့ ဆိုးက်ဳိးေတြကို ခံစားရေစပါတယ္။ 

ႏွလံုးႏွင့္ ေသြးေၾကာေရာဂါမ်ား
အစားအသာက္ထဲမွာ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ ေကာက္ႏွံတစ္ခုလံုး ေကြကာ၊ အေစ့အဆန္၊ လက္ဖက္စိမ္း စတာေတြ ပါ၀င္ေအာင္ စားသံုးပါက ႏွလံုးနဲ႕ ေသြးေၾကာေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီအစားအစာေတြထဲမွာ အင္တီေအာက္ဆီးဒင့္ ဘယ္ေလာက္ပါ၀င္လဲဆိုေတာ့ အတိအက် မသိရွိႏိုင္ပါဘူး။ ၀ိုင္အနီမွာ ပါ၀င္တဲ့ အင္တီေအာက္ဆီးဒင့္ ရက္စ္ဗာရက္ထေရာကလည္း ႏွလံုးနဲ႕ ေသြးေၾကာေရာဂါေတြ ျဖစ္ပြားႏိုင္ေျခကို နည္းေစပါတယ္။

မ်ဳိးမေအာင္ျခင္း
မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ေလ့လာမူအရ လိုင္ကိုပင္း၊ ဗီတာမင္ အီး၊ ဗီတာမင္ စီ၊ ဇင့္၊ ဆီလီနီယမ္၊ ေဖာလိတ္ စတာေတြကို မ်ဳိးမေအာင္ႏိုင္တဲ့ အမ်ဳိးသားေတြ စားသံုးပါက ေအာင္ျမင္ႏိုင္ေျခ ႏွစ္ဆပိုမ်ားပါတယ္။ ဓာတ္တိုးပစၥည္းေတြက သုုတ္ေကာင္ေတြကို ပ်က္စီးေစတာေၾကာင့္ မ်ဳိးမေအာင္တာ ခံစားေနရသူေတြ အတြက္ ဓာတ္တိုးဆန္႕က်င္ပစၥည္းမ်ားစြာ ပါ၀င္တဲ့ အစာေတြက မ်ားစြာ ကူညီေပးႏိုင္ပါတယ္။

အျမင္အာရုံပ်က္စီးျခင္း
ေလ့လာမူေတြအရ ဓာတ္တိုးပစၥည္းျဖစ္တဲ့ Free-radiacal က မ်က္စိျမင္လႊာကို ဖ်က္ဆီးတာေၾကာင့္ ျမင္လႊာပ်က္စီးျပီး အျမင္မႈန္၀ါးတာေတြ ျဖစ္လာပါတယ္။ အင္တီေအာက္ဆီဒင့္ေတြက ဓာတ္တိုးပစၥည္းေတြ ျမင္လႊာကို မဖ်က္ဆီးႏိုင္ေအာင္ ဆန္႕က်င္တားဆီးေပးပါတယ္။ အင္တီေအာက္ဆီးဒင့္ျဖစ္တဲ့ လူတင္၊ ဇီဇမ္သင္ေတြက ျမင္လႊာပ်က္စီးမူ မျဖစ္ေအာင္ အဓိကတားဆီးေပးပါတယ္။

ပန္းနာရင္က်ပ္ျဖစ္ျခင္း
ဓာတ္မတည့္မူေတြေၾကာင့္ ပန္းနာရင္က်ပ္ ေရာဂါလကၡဏေတြ ခံစားရႏိုင္ပါတယ္။ အဆုပ္ကို အားေကာင္းေစတဲ့ အင္တီေအာက္ဆီးဒင့္ေတြ စားသံုးေပးပါက ပန္းနာရင္က်ပ္ထတာ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

ဓာတ္မတည့္ျခင္း
ကေလးအမ်ားစုက ခရမ္းခ်ဥ္သီးနဲ႕ ဓာတ္မတည့္တာ၊ ခရမ္းသီးနဲ႕ ဓာတ္မတည့္တာ၊ ေျမပဲ၊ ပဲစိမ္းလံုး၊ ပန္း၀တ္မႈန္ စတာေတြနဲ႔ ဓာတ္မတည့္တာေတြ ျဖစ္တတ္ပါတယ္။ အင္တီးေအာက္ဆီးဒင့္ျဖစ္တဲ့ အယ္လ္ဖာ ကယ္ရိုတင္း၊ ဘီတာကယ္ရိုတင္း၊ ဗီတာမင္ စီ၊ လိုင္ကိုပင္း စာတာေတြက ခႏၶာကိုယ္မွာ ခုခံအားစနစ္ကို ေကာင္းေစျပီး ဓာတ္မတည့္မူ ျဖစ္ႏုိင္ေျခကို နည္းေစပါတယ္။
အစာအိမ္ႏွင့္ အူလမ္းေၾကာင္း ျပသာနာမ်ားရွိျခင္း
အင္တီေအာက္ဆီးဒင့္နဲ႕ ကုသရာမွာ ဗီတာမင္ေအ၊ ဗီတာမင္ ဒီ၊ ဗီတာမင္ အီး၊ ဗီတာမင္ေက၊ ဂလူတာသိုင္အုန္း စတာေတြကို အသံုးျပဳျပီး ကုသပါက ေအာင္ျမင္မူေတြ ရွိတယ္လို႕ သုေတသန ေတြမွာ ေတြ႕ရပါတယ္။

ကင္ဆာေရာဂါျဖစ္ျခင္း
သစ္သီးနဲ႕ ဟင္းသီးဟင္းရြက္ေတြ မ်ားစြာ စားသံုးပါက ကင္ဆာျဖစ္ပြားႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။ ကင္ဆာေရာဂါကို ဓာတ္ေရာင္ျခည္နဲ႔ ကုသမူခံယူေတြ အေနနဲ႕လည္း ေဆးရဲ႕ေဘးထြက္ဆိုးက်ဳိးေတြကို ခံႏုိင္ရည္ရွိေအာင္နဲ႕ ကုသမူ ထိေရာက္အာင္ အင္တီေအာက္ဆီးဒင့္ကို မွီ၀ဲသင့္ပါတယ္။ ကင္ဆာေရာဂါအတြက္ ကီမိုေဆးသြင္း ကုသေနရာမွာ ကင္ဆာဆဲလ္ေတြကို ဓာတ္တိုးပစၥည္းေတြ အသံုးျပဳျပီး ဖ်က္ဆီးပစ္ပါတယ္။ အင္တီေအာက္ဆီးဒင့္ေတြ စားသံုးတဲ့အခါ ေဆး၀ါးကုသမူကို အေႏွာင့္အယွက္ျဖစ္တာမ်ဳိး လည္း ၾကံဳႏိုင္ပါတယ္။ ဆရာ၀န္နဲ႕ တိုင္ပင္ျပီးမွသာ မွီ၀ဲသေသာက္သံုးဖို႕ လိုပါတယ္။

ေသြးေလးဖက္နာေရာဂါရွိျခင္း
လတ္တေလာေလ့လာမူေတြအရ လက္ဖက္စိမ္းရည္ ေသာက္သံုးတာက အသက္ၾကီးလာေပမယ့္ အရိုးေတြ သန္မာေစတယ္လို႕ ေတြ႕ရွိခဲ့ပါတယ္။ လက္ဖက္စိမ္းက ေရာင္ရမ္းမူနဲ႕ နာက်င္မူေတြကို သက္သာေစလုိ႕ ေသြးေလးဖက္နာရွိသူေတြအေနနဲ႕ ေသာက္သံုးဖို႕ သင့္ေတာ္ပါတယ္။   
 


နောက်ဆုံး လေ့လာတွေ့ရှိချက်အရ အင်တီအောက်ဆီးဒင့်တွေကို ရောဂါတချုုိ့ ကုသရာမှ ထိရောက်စွာ အသုံးချနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ အင်တီအောက်ဆီးဒင့်ဆိုတာ (Antioxidandts) ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဓာတ်တိုးပစ္စည်း (Free Radicals) တွေကို ဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်တွင်းအင်္ဂါတွေနဲ့ အရေပြားကို တိုက်ခိုက်ဖျက်ဆီးတာကြောင့် ခန္ဓာကိုယ်တွင်းအင်္ဂါတွေမှာ ရောဂါတွေ ဖြစ်လာတာ၊ အရွယ်မတိုင်ခင် အရေပြားအိုမင်းကာ အရေးကြောင်းဖြစ်လာတာ စတဲ့ ဆိုးကျိုးတွေကို ခံစားရစေပါတယ်။

နှလုံးနှင့် သွေးကြောရောဂါများ
အစားအသာက်ထဲမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံး ကွေကာ၊ အစေ့အဆန်၊ လက်ဖက်စိမ်း စတာတွေ ပါဝင်အောင် စားသုံးပါက နှလုံးနဲ့ သွေးကြောရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအစားအစာတွေထဲမှာ အင်တီအောက်ဆီးဒင့် ဘယ်လောက်ပါဝင်လဲဆိုတော့ အတိအကျ မသိရှိနိုင်ပါဘူး။ ၀ိုင်အနီမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ရက်စ်ဗာရက်ထရောကလည်း နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေကို နည်းစေပါတယ်။

မျိုးမအောင်ခြင်း
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမူအရ လိုင်ကိုပင်း၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ဇင့်၊ ဆီလီနီယမ်၊ ဖောလိတ် စတာတွေကို မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေ စားသုံးပါက အောင်မြင်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဓာတ်တိုးပစ္စည်းတွေက သုုတ်ကောင်တွေကို ပျက်စီးစေတာကြောင့် မျိုးမအောင်တာ ခံစားနေရသူတွေ အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်တဲ့ အစာတွေက များစွာ ကူညီပေးနိုင်ပါတယ်။

အမြင်အာရုံပျက်စီးခြင်း
လေ့လာမူတွေအရ ဓာတ်တိုးပစ္စည်းဖြစ်တဲ့ Free-radiacal က မျက်စိမြင်လွှာကို ဖျက်ဆီးတာကြောင့် မြင်လွှာပျက်စီးပြီး အမြင်မှုန်ဝါးတာတွေ ဖြစ်လာပါတယ်။ အင်တီအောက်ဆီဒင့်တွေက ဓာတ်တိုးပစ္စည်းတွေ မြင်လွှာကို မဖျက်ဆီးနိုင်အောင် ဆန့်ကျင်တားဆီးပေးပါတယ်။ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လူတင်၊ ဇီဇမ်သင်တွေက မြင်လွှာပျက်စီးမူ မဖြစ်အောင် အဓိကတားဆီးပေးပါတယ်။

ပန်းနာရင်ကျပ်ဖြစ်ခြင်း
ဓာတ်မတည့်မူတွေကြောင့် ပန်းနာရင်ကျပ် ရောဂါလက္ခဏတွေ ခံစားရနိုင်ပါတယ်။ အဆုပ်ကို အားကောင်းစေတဲ့ အင်တီအောက်ဆီးဒင့်တွေ စားသုံးပေးပါက ပန်းနာရင်ကျပ်ထတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်း
ကလေးအများစုက ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တာ၊ ခရမ်းသီးနဲ့ ဓာတ်မတည့်တာ၊ မြေပဲ၊ ပဲစိမ်းလုံး၊ ပန်းဝတ်မှုန် စတာတွေနဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ အင်တီးအောက်ဆီးဒင့်ဖြစ်တဲ့ အယ်လ်ဖာ ကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် စီ၊ လိုင်ကိုပင်း စာတာတွေက ခန္ဓာကိုယ်မှာ ခုခံအားစနစ်ကို ကောင်းစေပြီး ဓာတ်မတည့်မူ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်း ပြသာနာများရှိခြင်း
အင်တီအောက်ဆီးဒင့်နဲ့ ကုသရာမှာ ဗီတာမင်အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး၊ ဗီတာမင်ကေ၊ ဂလူတာသိုင်အုန်း စတာတွေကို အသုံးပြုပြီး ကုသပါက အောင်မြင်မူတွေ ရှိတယ်လို့ သုတေသန တွေမှာ တွေ့ရပါတယ်။

ကင်ဆာရောဂါဖြစ်ခြင်း
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များစွာ စားသုံးပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်နဲ့ ကုသမူခံယူတွေ အနေနဲ့လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိအောင်နဲ့ ကုသမူ ထိရောက်အာင် အင်တီအောက်ဆီးဒင့်ကို မှီဝဲသင့်ပါတယ်။ ကင်ဆာရောဂါအတွက် ကီမိုဆေးသွင်း ကုသနေရာမှာ ကင်ဆာဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေ အသုံးပြုပြီး ဖျက်ဆီးပစ်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ စားသုံးတဲ့အခါ ဆေးဝါးကုသမူကို အနှောင့်အယှက်ဖြစ်တာမျိုး လည်း ကြုံနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ မှီဝဲသသောက်သုံးဖို့ လိုပါတယ်။

သွေးလေးဖက်နာရောဂါရှိခြင်း
လတ်တလောလေ့လာမူတွေအရ လက်ဖက်စိမ်းရည် သောက်သုံးတာက အသက်ကြီးလာပေမယ့် အရိုးတွေ သန်မာစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လက်ဖက်စိမ်းက ရောင်ရမ်းမူနဲ့ နာကျင်မူတွေကို သက်သာစေလို့ သွေးလေးဖက်နာရှိသူတွေအနေနဲ့ သောက်သုံးဖို့ သင့်တော်ပါတယ်။   
 
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
ကျန်းမာရေး အမေးအဖြေ
ဇာျခည္၀င္း (ေဆး၀ါးတကၠသိုလ္)
က်န္းမာေရး အေမးအေျဖ

GoodHealth Journal မွကူးယူေဖာ္ျပသည္။