Wednesday, November 23, 2016

ဂ်ပန္​ႏိုင္​ငံက​ေက်ာင္​း​ေတြမွာ သန္႔ရွင္းေရးဝန္​ထမ္​း​ဘာ​ေၾကာင္​့မထားရတာလဲ


  ဂ်ပန္္ႏိုင္ငံဟာ ပညာသင္ၾကားရာမွာ လက္ေတြ႔သင္ၾကားမႈကိုအဓိကထားပါတယ္။အေျခခံစိတ္ဓာတ္ေတြ၊
အမူအက်င့္ေတြကို ဘာသာရပ္တစ္ခုလိုမသင္ဘဲ လက္ေတြ႔လုပ္ေဆာင္ေစျခင္းျဖင့္ အက်င့္ျဖစ္ေအာင္၊
တစ္သားတည္းျဖစ္ေနေအာင္သင္ၾကားေပးတာပါ။ဒါ့ေၾကာင့္လည္းအေထြေထြသန္႔ရွင္းေရး ဝန္ထမ္းေတြ
မထား႐ွိတာပါ။

    ဂ်ပန္ႏိုင္ငံကေက်ာင္းေတြမွာအခန္းနဲ႔ အိမ္သာသန္႔႐ွင္းေရးကို ေက်ာင္းသူေက်ာင္းသားအာလံုးအတူ
    လုပ္ေဆာင္ရပါတယ္။ဒီကေနတစ္ဆင့္ ပူးေပါင္းေဆာင္ရြက္တတ္္ျခင္း၊ တာဝန္သိတတ္ျခင္း၊ စည္းကမ္း
    ႐ွိျခင္း စတဲ့ အျပဳအမူမ်ားကို သင္ၾကားေပးပါတယ္။ေနာက္ၿပီး ပတ္ဝန္က်င္သန္႔႐ွင္းမႈဟာအေရးႀကီးေၾကာင္း၊
    ဒီသန္႔႐ွင္းေရးဟာလည္း အားလံုးရဲ႕တာဝန္ျဖစ္ေၾကာင္း သိ႐ွိေစပါတယ္။
    ေန႔လည္စာကိုလည္းေက်ာင္းမွာပဲစားရၿပီး၊ကိုယ္စားမယ့္ဟာကို ကိုယ့္ဘာသာပဲစီစဥ္ရပါတယ္။ဝန္ထမ္း
    မထားထားပါဘူး။ကိုယ္စားတဲ့ေနရာသန္႔႐ွင္းေအာင္လည္း ကိုယ့္ဘာသာပဲလုပ္ေဆာင္ေစပါတယ္။ေနာက္ၿပီး
    စားျပီးသား စြန္႔ပစ္အမိႈက္ေတြထဲက ျပန္အသံုးျပဳ (recycle)လို႔ရမယ့္ဟာနဲ႔ အမိႈက္ကိုသပ္သပ္ခြဲထည့္ၿပီး
    ႐ွင္းလင္းေစပါတယ္။ဆရာဆရာမေတြကလည္း ေက်ာင္းသူေက်ာင္းသားေတြနဲ႔အတူေန႔လည္စာစားၿပီး ရင္းႏွီး
    မႈကိုပိုေစပါတယ္။ေက်ာင္းသူေက်ာင္းသားေတြကလည္း ဆရာဆရာမေတြစားဖို႔စီစဥ္ေပးတာ၊ စားထားတာကို
    ႐ွင္းလင္းေပးတာေတြနဲ႔ ေလးစားမႈကိုျပပါတယ္။

    ဒီလိုကိုယ္တိုင္လုပ္ေဆာင္ရတဲ့အခါ ေက်ာင္းသူေက်ာင္းသားေတြဟာ အေရးႀကီးတဲ့အေျခခံအမူအက်င့္
    ေတြကို လုပ္တတ္လာၿပီး၊ အသက္ႀကီးလာတဲ့အခါမွာ လည္းလူမႈအသိုင္းအဝိုင္းမွာ ဝင္ဆံ့လာေစဖို႔ျဖစ္ပါတယ္။ အဖြဲ႔လိုက္တာဝန္ေတြကို အလွည့္က်လုပ္ေဆာင္ေစၿပီး၊ အလုပ္တိုင္းကိုလုပ္တတ္ေအာင္ သူမ်ားလုပ္ထားတာ ကိုလည္းတန္ဖိုးထားတတ္ေအာင္ ေလးစားေအာင္ သင္ၾကားေပးတာပါ။

ပညာသင္ယူတယ္ဆိုတာပညာတတ္ဖို႔တစ္ခုတည္းအတြက္မဟုတ္ပါဘူး။ လူမႈေရးအေျခခံစိတ္ဓာတ္႐ွိၿပီး၊   လူဝင္ဆံ့တဲ့ တန္ဖိုး႐ွိလူသား တစ္ေယာက္ျဖစ္ဖို႔အတြက္လည္းပါပါတယ္။ဒါ့ေၾကာင့္ကေလးေတြရဲ႕ အခ်ိန္  အမ်ားဆံုးကုန္ဆံုးရတဲ့ေက်ာင္းေတြမွာ ဒါေတြသင္ၾကားေပးဖို႔လိုပါတယ္။မိဘေတြကလည္း သားသမီးေတြ
 ကို ကိုယ့္အားကိုကိုယ္ကိုးတတ္ေအာင္၊ တာဝန္ယူစိတ္႐ွိေအာင္ သူတို့တတ္နိုင္မယ့္အိမ္အလုပ္ေတြကို
 ေပးလုပ္သင့္ပါတယ္။

ဂျပန််နိုင်ငံဟာ ပညာသင်ကြားရာမှာလက်တွေ့သင်ကြားမှုကိုအဓိကထားပါတယ်။အခြေခံစိတ်ဓာတ်တွေ၊
အမူအကျင့်တွေကို ဘာသာရပ်တစ်ခုလိုမသင်ဘဲ လက်တွေ့လုပ်ဆောင်စေခြင်းဖြင့် အကျင့်ဖြစ်အောင်၊
တစ်သားတည်းဖြစ်နေအောင်သင်ကြားပေးတာပါ။ဒါ့ကြောင့်လည်းအထွေထွေသန့်ရှင်းရေး ဝန်ထမ်းတွေ
မထားရှိတာပါ။

ဂျပန်နိုင်ငံကကျောင်းတွေမှာအခန်းနဲ့ အိမ်သာသန့်ရှင်းရေးကို ကျောင်းသူကျောင်းသားအာလုံးအတူ လုပ်ဆောင်ရပါတယ်။ဒီကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်တတ််ခြင်း၊ တာဝန်သိတတ်ခြင်း၊ စည်းကမ်း
 ရှိခြင်း စတဲ့ အပြုအမူများကို သင်ကြားပေးပါတယ်။နောက်ပြီး ပတ်ဝန်ကျင်သန့်ရှင်းမှုဟာ အရေးကြီးကြောင်း၊ ဒီသန့်ရှင်းရေးဟာလည်း အားလုံးရဲ့တာဝန်ဖြစ်ကြောင်း သိရှိစေပါတယ်။
 နေ့လည်စာကိုလည်းကျောင်းမှာပဲစားရပြီး၊ကိုယ်စားမယ့်ဟာကို ကိုယ့်ဘာသာပဲစီစဉ်ရပါတယ်။ဝန်ထမ်း
  မထားထားပါဘူး။ကိုယ်စားတဲ့နေရာသန့်ရှင်းအောင်လည်း ကိုယ့်ဘာသာပဲလုပ်ဆောင်စေပါတယ်။ နောက်ပြီး စားပြီးသား စွန့်ပစ်အမှိုက်တွေထဲက ပြန်အသုံးပြု (recycle)လို့ရမယ့်ဟာနဲ့ အမှိုက်ကိုသပ်သပ်ခွဲထည့်ပြီး ရှင်းလင်းစေပါတယ်။ဆရာဆရာမတွေကလည်း ကျောင်းသူကျောင်းသားတွေနဲ့အတူနေ့လည်စာစားပြီး ရင်းနှီး မှုကိုပိုစေပါတယ်။ကျောင်းသူကျောင်းသားတွေကလည်း ဆရာဆရာမတွေစားဖို့စီစဉ်ပေးတာ၊ စားထားတာကို ရှင်းလင်းပေးတာတွေနဲ့ လေးစားမှုကိုပြပါတယ်။

ဒီလိုကိုယ်တိုင်လုပ်ဆောင်ရတဲ့အခါ ကျောင်းသူကျောင်းသားတွေဟာ အရေးကြီးတဲ့အခြေခံအမူအကျင့် တွေကို လုပ်တတ်လာပြီး၊ အသက်ကြီးလာတဲ့အခါမှာလည်းလူမှုအသိုင်းအဝိုင်းမှာဝင်ဆံ့လာ စေဖို့ဖြစ်ပါတယ်။  အဖွဲ့လိုက်တာဝန်တွေကိုအလှည့်ကျလုပ်ဆောင်စေပြီး၊အလုပ်တိုင်းကိုလုပ်တတ်အောင် သူများလုပ်ထားတာ ကိုလည်းတန်ဖိုးထားတတ်အောင် လေးစားအောင် သင်ကြားပေးတာပါ။


ပညာသင်ယူတယ်ဆိုတာပညာတတ်ဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ လူမှုရေးအခြေခံစိတ်ဓာတ်ရှိပြီး၊ လူဝင်ဆံ့တဲ့ တန်ဖိုးရှိလူသား တစ်ယောက်ဖြစ်ဖို့အတွက်လည်းပါပါတယ်။ဒါ့ကြောင့်ကလေးတွေရဲ့ အချိန်အများဆုံးကုန်ဆုံးရတဲ့ကျောင်းတွေမှာ ဒါတွေသင်ကြားပေးဖို့လိုပါတယ်။မိဘတွေကလည်း သားသမီးတွေ  ကို ကိုယ့်အားကိုကိုယ်ကိုးတတ်အောင်၊ တာဝန်ယူစိတ်ရှိအောင် သူတို့တတ်နိုင်မယ့်အိမ်အလုပ်တွေကို ပေးလုပ်သင့်ပါတယ်။

www.shwemom.com မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com

#ကေလးပညာေရး  #ကေလးဗဟုသုတ