Wednesday, November 23, 2016

ကင္ဆာေရာဂါ ျဖစ္ပြားေစႏုိင္ေသာ အက်င့္ဆုိးမ်ား



လက္ရွိမွာ ကင္ဆာေရာဂါဟာ လူသားေတြရဲ႕ အသက္အႏၱရာယ္ကို ျခိမ္းေျခာက္ေနတဲ့ နံပါတ္တစ္ ေရာဂါ ျဖစ္ပါတယ္။ ဒါ့အျပင္ ကင္ဆာေရာဂါဟာ အျဖစ္မ်ားျပီး လူေတြရဲ႕ က်န္းမာေရးကုိ အႏၱရာယ္ေပးတဲ့ ေရာဂါ ျဖစ္ပါတယ္။ မ်ိဳးရုိးဗီဇေၾကာင့္ ျဖစ္တာအျပင္ ကင္ဆာေရာဂါဟာ ပတ္၀န္းက်င္ရွိ အေၾကာင္းရင္းမ်ားနဲ႔ ဆက္စပ္ျပီး ျဖစ္ေပၚႏုိင္တယ္လို႔ သုေတသီမ်ားကဆိုပါတယ္။ ကင္ဆာေရာဂါ ျဖစ္ပြားရျခင္းရဲ႕ ၃ ပုံ ၁ ပုံခန္႔မွာ မိမိရဲ႕ လူေနမႈဘ၀မွာ က်င့္သုံးေနတဲ့ အက်င့္ဆိုးမ်ားေၾကာင့္ ျဖစ္ပါတယ္။ လူေနမႈအဆင့္အတန္း ျမင့္မားလာတဲ့အမွ် လူေတြဟာ အရင္တုန္းကမစားဖူးတဲ့ အရာ ၊ မလုပ္ဖူးတဲ့ အက်င့္ဆိုးေတြကို ျပဳလုပ္လာၾကပါတယ္။ အဲဒီအက်င့္ဆိုးေတြမွတဆင့္ သင့္ရဲ႕ ကိုယ္ခႏၶာမွာ ကင္ဆာေရာဂါအမ်ိဳးမ်ိဳး ျဖစ္ေပၚလာေစပါတယ္။

ေဆးလိပ္ေသာက္သုံးျခင္း
လူတစ္ေယာက္ ေဆးလိပ္ေသာက္သုံးျခင္းဟာ သူတစ္ေယာက္တည္းရဲ႕ က်န္းမာေရးကိုထိခုိက္မႈရွိရုံတင္မကပဲ passive smoking သင့္ရဲ႕ ေဆးလိပ္ေငြ႕ဟာ ေဘးပတ္၀န္းက်င္မွာ ရွိတဲ့ လူအမ်ားရဲ႕ ခႏၶာကိုယ္ကုိပါ တုိက္ရိုက္ ထိခိုက္ႏုိင္ပါတယ္။ အထူးသျဖင့္ အနီးအနားမွာကေလးငယ္ေတြရွိရင္ ပုိျပီး အႏၱရာယ္မ်ားပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္သုံးျခင္းဟာ အဆုတ္ကင္ဆာေရာဂါကို ျဖစ္ပြားေစပါတယ္။

မနက္စာမစားသုံးျခင္း
 ဒီေန႔ေခတ္ လူအမ်ားစုဟာ အလုပ္မ်ားတဲ့အခါ မနက္စာစားဖို႔ ေမ့ေလ်ာ့ေနတတ္ပါတယ္။ ဒီလိုမနက္စာမစားသုံးျခင္းဟာ သည္းေျခေက်ာက္တည္ႏုိင္ျပီး သည္းေျခအိတ္ ကင္ဆာ ျဖစ္ေပၚဖို႔အတြက္ အခြင့္အလမ္း အရမ္းကိုမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၈ နာရီၾကာ အိပ္စက္ျခင္းဟာ သင့္ရဲ႕ သည္းေျခရည္ကို အမ်ားၾကီးထိန္းသိမ္းေပးထားပါတယ္။ တကယ္လို႔ မနက္စာမစားဘူးဆိုရင္ သည္းေျခရည္ဟာ သည္းေျခေက်ာက္အျဖစ္ ေျပာင္းလဲသြားႏုိင္ပါတယ္။ ဒါေၾကာင့္ အလုပ္လုပ္ေနၾကတဲ့ လူအားလုံး ေန႔စဥ္ နာရီ၀က္ခန္႔ ေစာထျပီး မနက္စာကိုစားသုံးသင့္တယ္လို႔ အၾကံေပးခ်င္ပါတယ္။

လိင္ဆက္ဆံသူအေရအတြက္မ်ားျခင္း
ဒီေနာက္ပုိင္းမွာ အမ်ဳိးသမီးငယ္ေတြဟာ သားအိမ္ေခါင္းကင္ဆာေရာဂါ အျဖစ္မ်ားလာၾကပါတယ္။ သားအိမ္ေခါင္ကင္ဆာ ျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုကေတာ့ လိင္ဆက္ဆံရာမွတဆင့္ ေရာဂါပိုးေတြ ကူးစက္လာတာေၾကာင့္ ျဖစ္ပါတယ္။ ေရာဂါပိုး ၀င္ေရာက္မႈ မ်ားေလေလ၊ သားအိမ္ေခါင္းကင္ဆာေရာဂါ ျဖစ္ပြားဖို႔အတြက္ အခြင့္အလမ္းမ်ားေလေလ ျဖစ္ပါတယ္။ လိင္ဆက္ဆံတဲ့သူအေရအတြက္ မ်ားတဲ့ အမ်ဳိးသမီးတစ္ေယာက္ဟာ ၾကင္ဖက္တစ္ဦးတည္းနဲ႔ လိင္ဆက္ဆံသူအမ်ိဳးသမီးနဲ႔ ယွဥ္ရင္ သားအိမ္ေခါင္းကင္ဆာ ျဖစ္ပြားဖို႔ အလားအလာ ၃ ဆ ပိုမ်ားပါတယ္။

အရည္အေသြးနိမ္ေ့သာ အိမ္သာသုံးစကၠဴ ကို အသုံးျပဳျခင္း
လူအမ်ားစုဟာ အ၀တ္အစား နဲ႔ မိတ္ကပ္ပစၥည္းေတြ အသုံးျပဳတဲ့အခါ အရည္အေသြးျမင့္တာကို သုံးစြဲၾကေပမယ့္ အိမ္သာသုံးစကၠဴကိုေတာ့ အရည္အေသြး ၾကည့္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အမ်ားအားျဖင့္ေတာ့ ေစ်းသက္သာတာကိုပဲ အသုံးျပဳတာကို ေတြ႕ရပါတယ္။ တကယ္ေတာ့ အရည္အေသြးနိမ့္ အိမ္သားသုံးစကၠဴရဲ႕ အေရာင္ဟာ ကိုယ္လိမ္းေပါင္ဒါထည့္ျပီး ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒီစကၠဴဟာ အသားအေရနဲ႔ ေရရွည္ထိေတြ႕ရင္ သားအိမ္ကင္ဆာေရာဂါကို ျဖစ္ပြားေစႏုိင္ပါတယ္။

ခႏၶာကိုယ္ရွိအဆီပုိမ်ား
သင့္ရဲ႕ ခႏၶာကိုယ္မွာရွိတဲ့ အဆီပိုေတြကို အျမဲတမ္းဂရုစိုက္ဖို႔ လုိပါတယ္။ အ၀လြန္ရင္ ကင္ဆာေရာဂါေတြ ျဖစ္တဲ့ အူမၾကီးကင္ဆာ၊ ရင္သားကင္ဆာ၊ သားအိမ္ကင္ဆာ ၊ ပရုိစတိတ္ဂလင္းကင္ဆာေတြ ျဖစ္ပြားႏုိင္ပါတယ္။ ဒါေၾကာင့္ သင္ စားမယ့္ အစားအစာကိုဂရုစိုက္စားေသာက္ျပီးကိုယ္လက္ေလ့က်င့္ခန္းကိုျပဳလုပ္ေပးပါ။ ကိုယ္အေလးခ်ိန္ကိုထိန္းသိမ္းပါ။ အဆီပုိေတြကိုေလွ်ာ့ခ်ပါ။

ကင္ဆာေရာဂါ မျဖစ္ပြားေအာင္ ၾကိဳတင္ကာကြယ္ဖို႔အတြက္ အေရးၾကီးဆုံးကေတာ့ စားေသာက္မႈပုံစံနဲ႔ အက်င့္ဆုိးေတြကို ျပင္ဆင္တာပဲ ျဖစ္ပါတယ္။ စားေသာက္မႈပုံစံမွာ အာဟာရျပည့္၀ျပီး အမ်ိဳးအစားမတူတဲ့ အစားအစာေတြကို စားသုံးေပးရပါမယ္။ ေနာက္တစ္ခုကေတာ့ အက်င့္ဆိုးေတြကို ျပင္လို႔ရရင္ အျမန္ဆုံး ျပင္တာအေကာင္းဆုံးပါပဲ။



လက်ရှိမှာ ကင်ဆာရောဂါဟာ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ နံပါတ်တစ် ရောဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဟာ အဖြစ်များပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးတဲ့ ရောဂါ ဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တာအပြင် ကင်ဆာရောဂါဟာ ပတ်ဝန်းကျင်ရှိ အကြောင်းရင်းများနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နိုင်တယ်လို့ သုတေသီများကဆိုပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားရခြင်းရဲ့ ၃ ပုံ ၁ ပုံခန့်မှာ မိမိရဲ့ လူနေမှုဘဝမှာ ကျင့်သုံးနေတဲ့ အကျင့်ဆိုးများကြောင့် ဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားလာတဲ့အမျှ လူတွေဟာ အရင်တုန်းကမစားဖူးတဲ့ အရာ ၊ မလုပ်ဖူးတဲ့ အကျင့်ဆိုးတွေကို ပြုလုပ်လာကြပါတယ်။ အဲဒီအကျင့်ဆိုးတွေမှတဆင့် သင့်ရဲ့ ကိုယ်ခန္ဓာမှာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပေါ်လာစေပါတယ်။

ဆေးလိပ်သောက်သုံးခြင်း
လူတစ်ယောက် ဆေးလိပ်သောက်သုံးခြင်းဟာ သူတစ်ယောက်တည်းရဲ့ ကျန်းမာရေးကိုထိခိုက်မှုရှိရုံတင်မကပဲ passive smoking သင့်ရဲ့ ဆေးလိပ်ငွေ့ဟာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ လူအများရဲ့ ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် အနီးအနားမှာကလေးငယ်တွေရှိရင် ပိုပြီး အန္တရာယ်များပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးခြင်းဟာ အဆုတ်ကင်ဆာရောဂါကို ဖြစ်ပွားစေပါတယ်။

မနက်စာမစားသုံးခြင်း
 ဒီနေ့ခေတ် လူအများစုဟာ အလုပ်များတဲ့အခါ မနက်စာစားဖို့ မေ့လျော့နေတတ်ပါတယ်။ ဒီလိုမနက်စာမစားသုံးခြင်းဟာ သည်းခြေကျောက်တည်နိုင်ပြီး သည်းခြေအိတ် ကင်ဆာ ဖြစ်ပေါ်ဖို့အတွက် အခွင့်အလမ်း အရမ်းကိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ၈ နာရီကြာ အိပ်စက်ခြင်းဟာ သင့်ရဲ့ သည်းခြေရည်ကို အများကြီးထိန်းသိမ်းပေးထားပါတယ်။ တကယ်လို့ မနက်စာမစားဘူးဆိုရင် သည်းခြေရည်ဟာ သည်းခြေကျောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေကြတဲ့ လူအားလုံး နေ့စဉ် နာရီဝက်ခန့် စောထပြီး မနက်စာကိုစားသုံးသင့်တယ်လို့ အကြံပေးချင်ပါတယ်။

လိင်ဆက်ဆံသူအရေအတွက်များခြင်း
ဒီနောက်ပိုင်းမှာ အမျိုးသမီးငယ်တွေဟာ သားအိမ်ခေါင်းကင်ဆာရောဂါ အဖြစ်များလာကြပါတယ်။ သားအိမ်ခေါင်ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ လိင်ဆက်ဆံရာမှတဆင့် ရောဂါပိုးတွေ ကူးစက်လာတာကြောင့် ဖြစ်ပါတယ်။ ရောဂါပိုး ဝင်ရောက်မှု များလေလေ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားဖို့အတွက် အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့သူအရေအတွက် များတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကြင်ဖက်တစ်ဦးတည်းနဲ့ လိင်ဆက်ဆံသူအမျိုးသမီးနဲ့ ယှဉ်ရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားဖို့ အလားအလာ ၃ ဆ ပိုများပါတယ်။

အရည်အသွေးနိမ်ေ့သာ အိမ်သာသုံးစက္ကူ ကို အသုံးပြုခြင်း
လူအများစုဟာ အဝတ်အစား နဲ့ မိတ်ကပ်ပစ္စည်းတွေ အသုံးပြုတဲ့အခါ အရည်အသွေးမြင့်တာကို သုံးစွဲကြပေမယ့် အိမ်သာသုံးစက္ကူကိုတော့ အရည်အသွေး ကြည့်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ အများအားဖြင့်တော့ စျေးသက်သာတာကိုပဲ အသုံးပြုတာကို တွေ့ရပါတယ်။ တကယ်တော့ အရည်အသွေးနိမ့် အိမ်သားသုံးစက္ကူရဲ့ အရောင်ဟာ ကိုယ်လိမ်းပေါင်ဒါထည့်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီစက္ကူဟာ အသားအရေနဲ့ ရေရှည်ထိတွေ့ရင် သားအိမ်ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

ခန္ဓာကိုယ်ရှိအဆီပိုများ
သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို အမြဲတမ်းဂရုစိုက်ဖို့ လိုပါတယ်။ အဝလွန်ရင် ကင်ဆာရောဂါတွေ ဖြစ်တဲ့ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ၊ ပရိုစတိတ်ဂလင်းကင်ဆာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သင် စားမယ့် အစားအစာကိုဂရုစိုက်စားသောက်ပြီးကိုယ်လက်လေ့ကျင့်ခန်းကိုပြုလုပ်ပေးပါ။ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။ အဆီပိုတွေကိုလျှော့ချပါ။

ကင်ဆာရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့အတွက် အရေးကြီးဆုံးကတော့ စားသောက်မှုပုံစံနဲ့ အကျင့်ဆိုးတွေကို ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ စားသောက်မှုပုံစံမှာ အာဟာရပြည့်ဝပြီး အမျိုးအစားမတူတဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။ နောက်တစ်ခုကတော့ အကျင့်ဆိုးတွေကို ပြင်လို့ရရင် အမြန်ဆုံး ပြင်တာအကောင်းဆုံးပါပဲ။

yangonlife မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com

#က်န္းမာေရး #လူမႈဘ၀