Wednesday, November 23, 2016

ေဒါသစိတ္ကို ထိန္းခ်ဳပ္နည္း



လူရယ္လို႔ ျဖစ္လာရင္ မိမိေန႔စဥ္ ျဖတ္သန္းသြားလာေနရတဲ့ လူမႈဘ၀ဟာ တစ္ရက္နဲ႔တစ္ရက္ မတူညီပဲ ရင္ဆိုင္ၾကဳံေတြ႕ရတာေတြ အမ်ားၾကီးရွိပါတယ္။ တခါတရံ ေပ်ာ္စရာေတြ ရွိေပမယ့္ တခါတရံ စိတ္တိုရတာေတြ ရွိပါတယ္။ အမ်ားအားျဖင့္ေတာ့ စိတ္တုိရတဲ့ ကိစၥကပိုမ်ားမယ္ ထင္ပါတယ္။ ဒီလို စိတ္တိုစရာေတြနဲ႔ ၾကဳံေတြ႕လာတဲ့အခါ လူက စိတ္ပင္ပန္းမႈေတြ တျဖည္းျဖည္းတိုးလာႏုိင္ပါတယ္။ အဲဒီကတဆင့္ က်န္းမာေရးကို ထိခုိက္လာႏုိင္ပါတယ္။ ဒါေၾကာင့္ မိမိရဲ႕ စိတ္က်န္းမာေရးကို မေပါ့မေလ်ာ့ပဲ လူအားလုံး အေလးထားဖို႔ လိုအပ္တာေၾကာင့္ ေဒါသစိတ္ကို ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာေျပာျပခ်င္ပါတယ္။

၁။ ၀မ္းနည္းမေနပဲ မိမိ၏ ခံစားခ်က္ကိုထုတ္ေဖာ္ျပသပါ

ဆုိးရြားတဲ့အေျခအေနတစ္ခုကို ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ဘာမွမလုပ္ပဲ ၀မ္းနည္းေနတာထက္ အမွားကိုအမွန္ျပင္ဖို႔ ေထာက္ျပတာက ပိုျပီးေကာင္းပါတယ္။

၂။ စိတ္တုိေနတဲ့အခ်ိန္ ေခါင္းအုံးကို ထုိးႏွက္ျခင္းမျပဳပါနဲ႔

စိတ္ဆိုးေနတဲ့အခါ ေခါင္းအုံး ဒါမွမဟုတ္ နံရံကို ထုိးႏွက္ျခင္းမျပဳလုပ္သင့္ပါဘူး။ အမ်ားစုက ဒီလိုထုိးရင္ ေဒါသေတြ ေျပျပီး စိတ္ေက်နပ္မႈရတယ္လို႔ ထင္ၾကပါတယ္။ အမွန္ေတာ့ ေဒါသမေျပတဲ့အျပင္ သင့္ရဲ႕ စိတ္ကိုပိုျပီး ႏႈိးဆြေစပါတယ္။ ဒါ့အျပင္ အေရးမပါတဲ့ အရာေတြအစ စိတ္တိုေနျခင္းဟာ သင့္ကို ေရာဂါတိုးေစျပီး အခန္႔မသင့္ရင္ ႏွလုံးေရာဂါ ျဖစ္ပြားႏုိင္ပါတယ္။

၃။ အသက္ျပင္းျပင္းရႈပါ

စိတ္ဆုိးေနတဲ့အခါ သင့္ရဲ႕ ခႏၶာကုိယ္မွာရွိတဲ့ ၾကြက္သားေတြဟာ ေတာင့္တင္းလာတတ္ပါတယ္။ ဒါေၾကာင့္ အရမ္းစိတ္ဆုိးေနတဲ့အခါ အသက္ျပင္းျပင္းရႈေပးျခင္းဟာ သင့္ရဲ႕ ေဒါသစိတ္ကို ေျပေလ်ာ့ေစပါတယ္။

၄။ ယမ္းပုံမီးက်ျဖစ္တဲ့အထိစိတ္ကိုအလိုမလိုက္ပါနဲ႔

စိတ္တုိေနတဲ့လူတစ္ေယာက္ဟာ သူမ်ားထက္ကို တပန္းရႈံးပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ သင္ စိတ္အရမ္းဆိုးေနတဲ့အခါ သင္ အျပစ္လုပ္ထားတာ မရွိရင္ေတာင္မွ အမ်ားအျမင္မွာ သင့္ကိုအျပစ္လုပ္ထားတဲ့လူလို႔ပဲ ျမင္ပါလိမ့္မယ္။ သင့္ရဲ႕ ေဒါသကုိ ေကာင္းေကာင္းထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ဆိုရင္ သင့္ကို ေဒါသထြက္ေစတဲ့ အေျခအေနတစ္ခုကို ျမင္ေယာင္ျပီးခဏခဏေတြးၾကည့္ပါ။ တစ္ၾကိမ္ နဲ႔ တစ္ၾကိမ္ သင့္ရဲ႕စိတ္က တုံ႔ျပန္ပုံမတူတာကိုသင္ သတိထားမိမွာပါ။

၅။ လမ္းေလွ်ာက္ထြက္ပါ

သင္ အရမ္းစိတ္ဆုိးလာတဲ့အခါ တစ္ေနရာရာကို လမ္းေလွ်ာက္ထြက္လိုက္ပါ။ ဆယ္မိနစ္ခန္႔ လမ္းေလွ်ာက္ထြက္ျခင္းဟာ ေလေကာင္းေလသန္႔ကို ရရွိတဲ့အျပင္ သင့္ကို စိတ္သက္သာရာရေစပါတယ္။ တကယ္လို႔ လမ္းေတြပိတ္ေနတယ္ဆိုရင္ သီခ်င္းဖြင့္ျပီးေအာ္ဆိုလိုက္ပါ။

၆။ လူတိုင္းအတင္းအဖ်င္းေျပာတတ္ၾကတာကိုမေမ့ပါနဲ႔

တစ္စုံတစ္ေယာက္ဟာ တစ္ေနရာရာမွာ သင့္အေၾကာင္းကို အတင္းေျပာတာက ျဖစ္တတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာ လူ႕သဘာ၀တစ္ခုျဖစ္ျပီး လူေတြရဲ႕ အတင္းအဖ်င္းစကားကို သင့္ရဲ႕ ဘ၀မွာ အလႊမ္းမိုးမခံပါနဲ႔။

၇။ ေဒါသစိတ္ကိုရင္ဖြင့္ေျပာျပပါ

သင့္ရဲ႕ စိတ္ခံစားခ်က္ကို ရင္ဖြင့္ဖို႔အတြက္ နည္းလမ္းအမ်ားၾကီးရွိပါတယ္။ ဥပမာ - အရင္းႏွီးဆုံး သူငယ္ခ်င္းတစ္ေယာက္ကို ဖြင့္ဟေျပာဆုိတာဟာ သင့္ရဲ႕ စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစပါတယ္။ ဒါမွမဟုတ္ ဘက္မလိုက္တတ္တဲ့ လူတစ္ေယာက္ကို သင္ ရင္ဆုိင္ေနရတဲ့ ျပႆနာအေၾကာင္းေဆြးေႏြးတာဟာ မတူညီတဲ့ အျမင္ကို ရရွိေစပါတယ္။ ေနာက္ဆုံး ေျပာစရာလူမရွိရင္ သင့္ရဲ႕ ခံစားခ်က္ကိုသင့္ကိုယ္သင္ အက်ယ္ၾကီးေျပာျပပါ။ တစ္ခုရွိတာက တစ္ေယာက္တည္းရွိေနတဲ့ အခ်ိန္ျဖစ္ဖို႔ေတာ့ လိုပါတယ္။ မဟုတ္ရင္ သင့္ကို ရူးေနတယ္လုိ႔ ပတ္ဝန္းက်င္က ထင္ႏုိင္ပါတယ္။

စိတ္က်န္းမာေရးဆိုတာ အရမ္းကိုအေရးၾကီးပါတယ္။ အထူးသျဖင့္ ေဒါသအရမ္းၾကီးတဲ့လူေတြဆုိရင္ ပိုျပီးသတိထားသင့္ပါတယ္။ စိတ္ဆိုးတဲ့အခါ လူက စိတ္လုိက္မာန္ပါ ျပဳမူတတ္ပါတယ္။ အဲဒီကတဆင့္ ဖိႏွိပ္မႈေတြ ၊ စိတ္ဖိစီးမႈေတြ မ်ားလာတဲ့အခါ စိတ္ပိုင္းဆိုင္ရာမွာ ထိခိုက္မႈ ရွိႏုိင္ပါတယ္။ တကယ္လို႔ အထက္ပါ နည္းလမ္းေတြနဲ႔ သင့္ရဲ႕ ေဒါသစိတ္ကိုထိန္းခ်ဳပ္လို႔ မႏုိင္ဘူးဆိုရင္ စိတ္ေရာဂါကုဆရာ၀န္နဲ႔ ျပသသင့္ပါတယ္။ စိတ္မမွန္မွ စိတ္ေရာဂါကုဆရာ၀န္နဲ႔ ျပရတာမဟုတ္ပါဘူး။ စိတ္ထိခိုက္စရာမ်ားတဲ့ သူေတြနဲ႔ ေဒါသၾကီးသူေတြလည္း မိမိရဲ႕ စိတ္က်န္းမာေရးကိုပုံမွန္စစ္ေဆးသင့္ပါတယ္။ အားလုံးပဲစိတ္က်န္းမာကိုယ္က်န္းမာၾကပါေစ။



လူရယ်လို့ ဖြစ်လာရင် မိမိနေ့စဉ် ဖြတ်သန်းသွားလာနေရတဲ့ လူမှုဘဝဟာ တစ်ရက်နဲ့တစ်ရက် မတူညီပဲ ရင်ဆိုင်ကြုံတွေ့ရတာတွေ အများကြီးရှိပါတယ်။ တခါတရံ ပျော်စရာတွေ ရှိပေမယ့် တခါတရံ စိတ်တိုရတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်တိုရတဲ့ ကိစ္စကပိုများမယ် ထင်ပါတယ်။ ဒီလို စိတ်တိုစရာတွေနဲ့ ကြုံတွေ့လာတဲ့အခါ လူက စိတ်ပင်ပန်းမှုတွေ တဖြည်းဖြည်းတိုးလာနိုင်ပါတယ်။ အဲဒီကတဆင့် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်ကျန်းမာရေးကို မပေါ့မလျော့ပဲ လူအားလုံး အလေးထားဖို့ လိုအပ်တာကြောင့် ဒေါသစိတ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာပြောပြချင်ပါတယ်။

၁။ ဝမ်းနည်းမနေပဲ မိမိ၏ ခံစားချက်ကိုထုတ်ဖော်ပြသပါ

ဆိုးရွားတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဘာမှမလုပ်ပဲ ဝမ်းနည်းနေတာထက် အမှားကိုအမှန်ပြင်ဖို့ ထောက်ပြတာက ပိုပြီးကောင်းပါတယ်။

၂။ စိတ်တိုနေတဲ့အချိန် ခေါင်းအုံးကို ထိုးနှက်ခြင်းမပြုပါနဲ့

စိတ်ဆိုးနေတဲ့အခါ ခေါင်းအုံး ဒါမှမဟုတ် နံရံကို ထိုးနှက်ခြင်းမပြုလုပ်သင့်ပါဘူး။ အများစုက ဒီလိုထိုးရင် ဒေါသတွေ ပြေပြီး စိတ်ကျေနပ်မှုရတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ ဒေါသမပြေတဲ့အပြင် သင့်ရဲ့ စိတ်ကိုပိုပြီး နှိုးဆွစေပါတယ်။ ဒါ့အပြင် အရေးမပါတဲ့ အရာတွေအစ စိတ်တိုနေခြင်းဟာ သင့်ကို ရောဂါတိုးစေပြီး အခန့်မသင့်ရင် နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။

၃။ အသက်ပြင်းပြင်းရှုပါ

စိတ်ဆိုးနေတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ တောင့်တင်းလာတတ်ပါတယ်။ ဒါကြောင့် အရမ်းစိတ်ဆိုးနေတဲ့အခါ အသက်ပြင်းပြင်းရှုပေးခြင်းဟာ သင့်ရဲ့ ဒေါသစိတ်ကို ပြေလျော့စေပါတယ်။

၄။ ယမ်းပုံမီးကျဖြစ်တဲ့အထိစိတ်ကိုအလိုမလိုက်ပါနဲ့

စိတ်တိုနေတဲ့လူတစ်ယောက်ဟာ သူများထက်ကို တပန်းရှုံးပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သင် စိတ်အရမ်းဆိုးနေတဲ့အခါ သင် အပြစ်လုပ်ထားတာ မရှိရင်တောင်မှ အများအမြင်မှာ သင့်ကိုအပြစ်လုပ်ထားတဲ့လူလို့ပဲ မြင်ပါလိမ့်မယ်။ သင့်ရဲ့ ဒေါသကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် သင့်ကို ဒေါသထွက်စေတဲ့ အခြေအနေတစ်ခုကို မြင်ယောင်ပြီးခဏခဏတွေးကြည့်ပါ။ တစ်ကြိမ် နဲ့ တစ်ကြိမ် သင့်ရဲ့စိတ်က တုံ့ပြန်ပုံမတူတာကိုသင် သတိထားမိမှာပါ။

၅။ လမ်းလျှောက်ထွက်ပါ

သင် အရမ်းစိတ်ဆိုးလာတဲ့အခါ တစ်နေရာရာကို လမ်းလျှောက်ထွက်လိုက်ပါ။ ဆယ်မိနစ်ခန့် လမ်းလျှောက်ထွက်ခြင်းဟာ လေကောင်းလေသန့်ကို ရရှိတဲ့အပြင် သင့်ကို စိတ်သက်သာရာရစေပါတယ်။ တကယ်လို့ လမ်းတွေပိတ်နေတယ်ဆိုရင် သီချင်းဖွင့်ပြီးအော်ဆိုလိုက်ပါ။

၆။ လူတိုင်းအတင်းအဖျင်းပြောတတ်ကြတာကိုမမေ့ပါနဲ့

တစ်စုံတစ်ယောက်ဟာ တစ်နေရာရာမှာ သင့်အကြောင်းကို အတင်းပြောတာက ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လူ့သဘာဝတစ်ခုဖြစ်ပြီး လူတွေရဲ့ အတင်းအဖျင်းစကားကို သင့်ရဲ့ ဘဝမှာ အလွှမ်းမိုးမခံပါနဲ့။

၇။ ဒေါသစိတ်ကိုရင်ဖွင့်ပြောပြပါ

သင့်ရဲ့ စိတ်ခံစားချက်ကို ရင်ဖွင့်ဖို့အတွက် နည်းလမ်းအများကြီးရှိပါတယ်။ ဥပမာ - အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို ဖွင့်ဟပြောဆိုတာဟာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။ ဒါမှမဟုတ် ဘက်မလိုက်တတ်တဲ့ လူတစ်ယောက်ကို သင် ရင်ဆိုင်နေရတဲ့ ပြဿနာအကြောင်းဆွေးနွေးတာဟာ မတူညီတဲ့ အမြင်ကို ရရှိစေပါတယ်။ နောက်ဆုံး ပြောစရာလူမရှိရင် သင့်ရဲ့ ခံစားချက်ကိုသင့်ကိုယ်သင် အကျယ်ကြီးပြောပြပါ။ တစ်ခုရှိတာက တစ်ယောက်တည်းရှိနေတဲ့ အချိန်ဖြစ်ဖို့တော့ လိုပါတယ်။ မဟုတ်ရင် သင့်ကို ရူးနေတယ်လို့ ပတ်ဝန်းကျင်က ထင်နိုင်ပါတယ်။

စိတ်ကျန်းမာရေးဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ အထူးသဖြင့် ဒေါသအရမ်းကြီးတဲ့လူတွေဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ စိတ်ဆိုးတဲ့အခါ လူက စိတ်လိုက်မာန်ပါ ပြုမူတတ်ပါတယ်။ အဲဒီကတဆင့် ဖိနှိပ်မှုတွေ ၊ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ တကယ်လို့ အထက်ပါ နည်းလမ်းတွေနဲ့ သင့်ရဲ့ ဒေါသစိတ်ကိုထိန်းချုပ်လို့ မနိုင်ဘူးဆိုရင် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ စိတ်မမှန်မှ စိတ်ရောဂါကုဆရာဝန်နဲ့ ပြရတာမဟုတ်ပါဘူး။ စိတ်ထိခိုက်စရာများတဲ့ သူတွေနဲ့ ဒေါသကြီးသူတွေလည်း မိမိရဲ့ စိတ်ကျန်းမာရေးကိုပုံမှန်စစ်ဆေးသင့်ပါတယ်။ အားလုံးပဲစိတ်ကျန်းမာကိုယ်ကျန်းမာကြပါစေ။


yangonlife မွ ကူးယူေဖာ္ျပသည္။
www.myanmarkidworld.com