Thursday, November 24, 2016

အိမ်မှာနေပြီး ကလေးထိန်းတဲ့ ဖခင်အရေအတွက်ဟာ အရင်ကထက် ပိုမိုများလာ




တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်တော့တဲ့ ဖခင်အရေအတွက်နှုန်းဟာ အရင်ကထက် ၇ရာခိုင်နှုန်း တက်လာကြောင်းလည်း သိရပါတယ်။


အမျိုးသမီးတွေဆိုရင် ကလေးမီးဖွားပြီးတာနဲ့ အပြင်အလုပ်ထွက်မလုပ်ရတော့ပဲ အိမ်မှာပဲ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်းရမယ်ဆိုတဲ့ ခေတ်က ကုန်သွားခဲ့ပြီဆိုတာ ပိုမိုထင်ရှားလာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်အရေအတွက်ဟာ အင်္ဂလန်မှာရော အခြားနိုင်ငံတွေမှာပါ စံချိန်တင်ရလောက်အောင် မြင့်တက်လာလို့ပါပဲ။

အမျိုးသားစာရင်းစစ်ရုံး ရဲ့ထုတ်ပြန်ချက်အရ  ၁၉၉၃ခုနှစ်မှာ အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ အမျိုးသားအရေအတွက်ဟာ ၁၁၁ဝဝဝဦးပဲ ရှိခဲ့ရာကနေ  ခုဆိုရင် နှစ်ဆနီးပါး မြင့်တက်လာခဲ့လို့ပါပဲ။ အိမ်မှာနေပြီး ကလေးစောင့်ရှောက်တဲ့ မိခင်အရေအတွက်နှုန်းကတော့ မနှစ်ကနဲ့ယှဉ်ရင် ၂ ဒဿမ ၀၄ သန်းရှိရာကနေ ၆သောင်းကျော် ကျဆင်းသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်တော့တဲ့ ဖခင်အရေအတွက်နှုန်းဟာ အရင်ကထက် ရရာခိုင်နှုန်း တက်လာကြောင်းလည်း သိရပါတယ်။

Ref:dailymail.co.uk
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com