Tuesday, November 1, 2016

ခွဲစိတ်ကုသနေစဉ် အီးပေါက်ရာက စတဲ့ မီးကြောင့် အမျိုးသမီးတစ်ဦး မီးလောင်ခံရ


   ခွဲစိတ်ကုသနေစဉ်အတွင်း လူနာပေါက်လိုက်တဲ့အီးကြောင့် မီးလောင်မှုအပြင်းအထန် ဖြစ် ပွားစေခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိ အဲဒီလူနာဟာ တိုကျိုဆေးတက္ကသိုလ်ဆေးရုံမှာ သားအိမ်ခေါင်း လေဆာခွဲစိတ်ကုသမှု တစ်ခုခံယူနေတာလို့ ဂျပန်မီဒီယာက ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ ပြတ်ရှဒဏ်ရာတစ်ခု ကုသစေခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် သူမခါး၊ ခြေထောက် အပါအဝင် သူမခန္ဓာကိုယ်အများစု ပြင်းထန်တဲ့မီးလောင်မှု ဖြစ်စေခဲ့ပါတယ်။ ယင်းမတော်တဆဖြစ်ပွားမှုက ဧပြီလတုန်းက ဆေးရုံရဲ့ Shinjuku အဆောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် မီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးနောက်ပိုင်းမှသာ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်များကော်မရှင်တစ်ခုက အမှုစုံစမ်းစစ်ဆေးပြီး သတင်းထုတ်ပြန်ချက် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ကုသနေစဉ် ခွဲစိတ်ခန်းအတွင်း မီးလောင်တတ်တဲ့ ပစ္စည်းတွေ မရှိကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ အသုံးပြုကိရိယာတွေမှာလည်း အပြစ်ပြောစရာ ဘာတစ်ခုမှ မရှိဘူးလို့ သတင်းထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။

ခွဲစိတ်နေချိန်အတွင်း လူနာ လေလည်လိုက်တာကြောင့် အူတွင်းဓာတ်ငွေ့ဟာ ခွဲစိတ်ခန်းအတွင်း ယိုစိမ့်ခဲ့ရာက လေဆာဓာတ်ရောင်ခြည် မီးတောက်ပြီး မီးကူးကာ နောက်ဆုံး ခွဲစိတ်ခန်းသုံးခန်း ဆီးအထိမီးကူးပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Ref: Metro
trend myanmar  မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com