Monday, November 7, 2016

သင့်အသားအရေအတွက် သိကောင်းစရာ Alphabet များ

 

Alphabet ပေါ် မုတည်ပြီး ထုတ်လုပ်တဲ့ cream တွေဟာ ယနေ့ခေတ် အလှအပရေးရာမှာ အရမ်းကိုရေပန်းစားလာပါတယ်။ လုပ်ငန်းခွင်ဝင်ရတဲ့ အမျိုးသမီးအများစုဟာ skincare ကို အဆင့်ဆင့်အသုံးပြုပြီး မိတ်ကပ်လိမ်းခြယ်ဖို့အတွက် အချိန်မပေးနိုင်ကြပါဘူး။ ဒါကြောင့် အလှကုန်ရွေးချယ်တဲ့နေရာမှာ စိတ်ချရပြီး လွယ်ကူသက်သာတဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေကြပါတယ်။  အထူးသဖြင့် တစ်မျိုးတည်းလိမ်းပြီး အသားအရေကို ပြီးပြည့်စုံစေတဲ့ skincare မျိုးကို ပိုသဘောကျကြပါတယ်။ လက်ရှိအချိန်ထိ ကျွန်မတို့ဟာ all in one မိတ်ကပ် ၊ moisturizer နဲ့ sunscreen တွေကို အသုံးပြုလာကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ BB cream ဟာ မိတ်ကပ်ရေစီးကြောင်းကို လုံးဝ ပြောင်းလဲစေပါတယ်။ BB cream မှ အစပြုပြီး CC ၊ DD ၊ EE creams အထိ ဈေးကွက်ထဲမှာထွက်ပေါ်လာပါတယ်။ ဒီတော့ အက္ခရာစဉ်တွေရဲ့ အဓိပ္ပာယ်ကို တစ်ခုချင်းစီ လေ့လာကြည့်လိုက်ရအောင်။



BB cream ဆိုတာအပြောင်အလက်မပါတဲ့ base makeup၊ foundation၊ moisturizer နဲ့ sunscreen အဖြစ် အမျိုးစုံ အသုံးဝင်တဲ့ cream တစ်မျိုးဖြစ်ပါတယ်။ BB cream ကို ၁၉၆၀ ပြည့်နှစ်တုန်းက ဂျာမန်အရေပြားဆရာဝန်ဟာ သူမရဲ့ လူနာတွေကိုအရေပြားနောက်ဆက်တွဲပြဿနာမှ တဆင့် ကာကွယ်ဖို့အတွက် BB cream ကိုတီထွင်ခဲ့တာ ဖြစ်ပါတယ်။ BB cream ကိုထုတ်လုပ်ထားတဲ့ formula ပေါ် မူတည်ပြီး ပုံမှန်အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ ဆိုရင် serum နဲ့ moisturizer ပေါ်မှာ ထပ်လိမ်းလို့ ရပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဆိုပါက BB cream တစ်မျိုးတည်း လိမ်းရုံနဲ့တင် လုံလောက်ပါတယ်။

CC cream ဆိုတာသင့်အသားအရေရဲ့ အရောင်မညီတာတွေကိုပြုပြင်ပေးပြီး brightening primer ၊ foundation ၊ moisturizer နဲ့ anti-aging cream အနေနဲ့ အသုံးပြုလို့ရတဲ့ cream တစ်မျိုးဖြစ်ပါတယ်။ CC cream ဟာ BB cream ကို ဆီလျော်အောင် ပြုပြင်ပြီး အဆင့်မြှင့်တင်ထားတဲ့ skincare ဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားမှု အနည်းငယ်သာရှိပြီး အဓိပ္ပာယ် သီးသန့် ခွဲထားတာမျိုးမရှိပါဘူး။ CC cream ဟာ အရောင်မညီတာတွေကို ပြုပြင်ပေးတယ်လို့ ဆိုပေမယ့် အဆီပြန်တဲ့ အသားအရေ နဲ့ ၀က်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်တဲ့ အစက်အပြောက် ရှိတဲ့ အသားအရေနဲ့ မယ်လနင်ဓာတ်များပြီး အသားအရေမှာ အရောင်များတဲ့ လူတွေ (အသားအရေညိုတဲ့လူ) အတွက်တော့ မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ CC cream အများစုမှာ BB cream လိုမျိုး Brightening ingredients တွေ မပါဝင်တဲ့ အတွက်ပါ။

DD cream ကို နဂိုမူလစတင်တီထွင်ခဲ့စဉ်က ခန္ဓာကိုယ်အတွက် treatment တစ်ခုအနေနဲ့ ရည်ရွယ်ပြီး ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားနဲ့ ခြေထောက် အတွက် နေ့စဉ် ကာကွယ်တဲ့ skincare အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ များသောအားဖြင့် DD cream ဟာ CC cream ထက် ပိုပြီးထိတွေ့မှု နူးညံ့ပါတယ်။ DD cream ဟာ BB cream ရဲ့ anti-aging ၊ တင်းရင်းကျစ်လျစ်မှု၊ အဆီပြန်မှု ကင်းစင်ပြီးအားဖြစ်စေတဲ့ ဂုဏ်သတ္တိနဲ့ CC cream ရဲ့ အရောင်ပြုပြင်ပေးတဲ့ ဂုဏ်သတ္တိတွေကို နှစ်မျိုးပေါင်းစပ်ထားတဲ့ cream ဖြစ်ပါတယ်။ DD cream ဟာအမာရွတ်တွေ၊ အကြောပြတ်တာတွေကိုမှေးမှိန်စေပြီးအမည်းကွက်တွေကိုလျှော့ချပေးတဲ့အပြင် အသားအရေရဲ့ အစိုဓာတ်ကိုထိန်းသိန်းပေးပါတယ်။ ဒါကြောင့် DD cream ဟာအသက် ၃၀ နှင့် အထက် အမျိုးသမီးတွေအတွက် ပြီးပြည့်စုံတဲ့ အလှကုန်ဖြစ်ပါတယ်။

EE cream ကို ဘာအတွက် ရည်ရွယ်ပြီးထုတ်လုပ်လဲဆိုတာကို အခုထိမဖော်ပြသေးပါဘူး။ အလှကုန် ကုမ္ပဏီအများစုကတော့ EE cream ဆိုပြီး မိတ်ဆက်ကြပေမယ့် တချို့သော alphabet cream တွေမှာလည်း သီးသန့်အဓိပ္ပာယ် ခွဲခြားထားတာတွေ  မရှိသေးတဲ့အတွက် EE cream ရဲ့ အသေးစိတ်ကို အတိအကျ ဖော်ပြဖို့အတွက် ခက်ခဲပါတယ်။ ဒါပေမယ့် EE cream ဟာ ထိုင်းမှိုင်းပြီး မကျန်းမာတဲ့ အသားအရေပိုင်ရှင် နဲ့ အသားအရေမညီတဲ့ လူတွေအတွက် အရမ်းကိုအဆင်ပြေတဲ့ cream ဖြစ်ပါတယ်။ EE cream ကို အသုံးပြုတဲ့အခါ မျက်နှာပေါ်မှာ တိုက်ရိုက်လိမ်းခြယ်ရုံပါပဲ။ EE cream ဟာ အရေပြားကို ကြည်လင်ပြီးကျန်းမာတဲ့ အသားအရေအဖြစ် ပြောင်းလဲပေးပြီး အမည်းစက်၊ နေလောင်ကွက်၊ ၀က်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်၊ အသားအရေနီမြန်းခြင်းနဲ့ ချွေးပေါက်ကျယ်တာတွေကို လျော့နည်းစေပြီး အသားအရေကို ညီအောင် ညှိပေးပါတယ်။ ဒါ့အပြင် EE cream မှာ SPF 30 နဲ့ antioxidants တွေပါဝင်တာကြောင့် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးမှု နဲ့ ပတ်ဝန်းကျင်ကြောင့် အသားအရေအရောင်မညီတာကိုခုခံကာကွယ်ပေးပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com